Tuesday, March 4, 2008

တွယ်ရာမဲ့၏တမ်းတခြင်း

တွယ်ရာမဲ့၏တမ်းတခြင်း

တကယ်တော့ကွယ်


လွမ်းတယ်ရယ်လို့


မပြောလဲသိ



မချိတင်ကဲ


ရယ်ပွဲဖွဲ့တဲ့နေ့တွေ


မောင်မေ့ပြီလား


တွေးမိလေတိုင်း


မျက်ရည်ဝိုင်းဆဲ


မောင်ငိုမြဲလေ



ဘယ်လိုပုံဘယ်လိုတွေ့


တသက်မမေ့ကြေးလေ


မောင့်ရင်မှာအခါခါထပ်


ပညတ်ထားခဲ့ပြီပဲ


မပြီပြင်လှသေးတဲ့


ဆောင်းရဲ့နတ်ဆိုး


နော့(ဗ)နတ်ဆိုးလို့


အမည်ရတဲ့နတ်ဟာ


မဆုံစည်းသင့်သူနှစ်ဦးကို


တွေ့ဆုံပေးခဲ့ပြီး


သူ့ဇတ်သူမနိုင်တဲ့အခါ


ဇန္န၀ါရီနတ်နဲ့တိုင်ပင်ပြီး


တို့ကိုခွဲပစ်


ရက်စက်ရစ်ခဲ့...............



ဘယ်သူ့ကိုမှ


လိမ်ညာမချစ်ဖူးတဲ့


မောင့်နှလုံးသားဟာ


ဘယ်သူတွေရဲ့ကျိန်စာ


အခါခါမိနေသလဲ


မောင်စဉ်းစားဆဲပါ


အလွမ်းဆိုတဲ့


ကန္တာရတောမှာ


မောင်တယောက်တည်း


မပျော်ပိုက်လည်း


နေရဲတတ်ခဲ့


နုနွဲ့တဲ့နှလုံးသား


အပြုံးများနဲ့အားသစ်မဝေ


အရှုံးသမားရဲ့သောကတွေလေ


မင်းထံပါးမှာထားခဲ့ဖြစ်...................



တသက်မမေ့


အခက်တွေ့ချင်တွေ့ပစေ


သည်လိုနေလည်း


အသည်းရယ်သံ


ကြံဖန်လှောင်ပိတ်


ကြိတ်မှိတ်ခံစား


လောင်မြိုက်သွားယင်း


အသက်မဲ့တဲ့


ဇီဝိန်ချုပ်အရုပ်


ခပ်လှုပ်လှုပ်ဖြစ်နေယင်လည်း


ကောင်းသားပဲလို့တွေးမိ


မချိတဲ့ရင်ဘယ်သူမြင်မလဲ


သိချင်သိပါစေတော့


မမေ့တော့ပါကွယ်.............



တမ်းတတယ်ကွယ်


မေ့ဖို့ကြိုးစား


သနားခဲ့လျှင်


အိပ်မက်နားမှ


ခဏဖယ်ခွာ


ရှောင်ပေးပါလျှင်


တို့ရင်ကျေနပ်


နေတတ်မယ်ထင်


မောင့်သခင်ရယ်...........



မေ့ရန်ကြံစဉ်


မေ့တော့မလား


အိပ်မက်များစွာ


ခါခါသူမေး


မောင့်အတွေးထဲ

ရှိနေဆဲထင်


စွဲဝင်ထင်မှတ်


မြင်နေတတ်ခဲ့


မောင်မေ့မယ့်ရက်မှာလေ


အသည်းယဲ့ယဲ့ပဲ


ကျန်တယ်ခင်.................



မောင့်ရင်မှာမေ့နိုင်နိုးနဲ့


စောင့်မျှော်ကိုးစား


နေ့တိုင်းများစွာ


နွေကန္တာဖြစ်မေ့မပစ်နိုင်


ရင်မှာပိုင်စိုး


ရင်ကိုတိုးဖြတ်


ရိုက်ခတ်ရယ်သံ


အပြန်ပြန်ကြား


မေ့ပြီလား


မေ့ပြီလား........??????



အိပ်မက်ထဲကရယ်သံ


အဖန်ဖန်ကြားဆဲ


စဉ်မြဲမပြတ်


စွဲလန်းတပ်မက်


အလွမ်းကဗျာစုတချို့


ရင်ကိုတိုက်စား


ဖြတ်သန်းသွားခဲ့


အခြားအခြားသော


နေ့များမှာလည်း


ရင်ခွင်ဟာခိုကိုးရာမဲ့


တကယ်ပါအထီးကျန်


အကျည်းတန်တဲ့


ကာရံမဲ့တဲ့ကဗျာတွေကို


အဖော်ပြုယင်း


ရင်သည်နုနုကြွေလုကြွေခင်


လေရယ်တိုးတိုက်


နှင်းစက်မိုက်တို့


ရိုက်ခတ်ဖဲ့ခြွေ


တွယ်ရာမဲ့ရဲ့


တမ်းတခြင်းလေ


ချစ်ငယ်ရေ............။ ။

No comments: