Tuesday, March 4, 2008

နှင်းစက်တို့ရဲ့တည်မြဲခြင်း

နှင်းစက်တို့ရဲ့တည်မြဲခြင်း

အတ္တအတွေးတခုတည်းနဲ့သခ်ါရတရားကိုဆန့်ကျင်ခဲ့ပေမယ့်
ခုတော့ဘယ်မှာလဲနှင်းစက်
တကယ်ဆိုယင်.....မတည်မြဲနိုင်တဲ့နှင်းပါအစွန်းရောက်အတ္တကြောင့်
တည်မြဲမယ်လို့ထင်ခဲ့တဲ့နှင်းစက် ခုတော့ဘယ်မှာလဲကွယ်
. . .

ဟင်..............
ဖျော့တော့လှတဲ့အပြုံးတခု
မျက်နှာနုနုမှာမြင်ခဲ့
ရင်မှာနွဲ့ခဲ့သူတယောက်
တကောက်ကောက်လိုက်နေတဲ့အရိပ်များစွာ
အတိတ်ခြေရာရင်မှာဖြစ်တည်
ချစ်တာတွေကိုသိနေပြီ။

တကယ်တော့.........
ခပ်ပေါ့ပေါ့ပဲတွေးနေ
လောကရေလို့ဟစ်အော်
ခေါ်လို့မကြားတော့တဲ့အချစ်
ပေါ့ပျက်ပျက်ဖြစ်သွားပြီလို့ထင်!

ဒါလဲမဟုတ်..............
ငုတ်တုတ်ထငြင်း
ရှင်သန်ခြင်းကင်းတဲ့အသည်းနှလုံး
အမြဲတမ်းပြုံးနေနိုင်မှာလား
တခါတရံပြန်လှန်ဆန်းစစ်
သိပ်မချစ်တတ်တော့သလိုဆိုပေမယ့်
ချစ်တတ်နေသေးတာရင်မှာသိ
နင်မသိရင်တော့ငိုချင်
ပြိုလုပြိုခင်သည်းနှလုံး
ဆုံးရှုံးရမှာကိုကြောက်ရဲ့...........

ခိုင်မြဲခြင်းသဘောတရားကို
အပြောသမားအဖြစ်စွဲကိုင်
သင်္ခါ ရ ရဲ့မဏ္ဍိုင်ကိုဆွဲလှုပ်
သရုပ်မပြီပြင်ပေမယ့်
သင်္ခါရကိုခဏမေ့
ထာဝရလို့တွေးရင်း
တဘဝစာချစ်ခြင်းတွေ
ခိုင်မြဲခြင်းလို့မှတ်ယူ
ပညတ်တူတူထားခဲ့
မှားခဲ့ပေမယ့်ကျေနပ်
နေတတ်ချင်သည်
လောကဆီ............

မျှော်လင့်ခြင်းနဲ့ပေါင်းစပ်တဲ့
ရှင်သန်ခြင်းရဲ့အဓိပါယ်တချို့တဝက်ကိုက
သင်္ခါရကိုမေ့ထား
တရားမရပေမယ့်
တအားတော့လှတယ်ကွယ်လို့
ခဏခဏမှတ်ချက်ချ...............

မျှော်လင့်ခြင်းကင်းမဲ့တဲ့
ရှင်သန်မှုမျိုးကို
ဘယ်တုန်းကမှမလိုချင်ခဲ့
မျှော်လင့်ချက်နဲ့အသက်ရှင်
သက်ဝင်လှုပ်ရှားတဲ့ဘဝ
ခဏတော့အားငယ်
မကွယ်ဝှက်တမ်းဝန်ခံရယင်
ပိုင်ဆိုင်ချင်ခဲ့..........

ဒါပေမယ့်လေ.......
နင့်ကိုသိပ်ချစ်တဲ့
ငါ့ရဲ့ရင်မှာ
တစ်သက်စာတစ်ဘဝ
Nov-Dec ရဲ့ နှင်းစက်နဲ့ည
ငါတို့တွေမြတ်နိုးနှစ်ခြိုက်ခဲ့တဲ့
နှင်းစက်ရဲ့ညတွေ
ထာဝရခိုင်မြဲ
တည်မြဲခြင်းဆိုတဲ့သဘောတရား
ကာရံစာသားမပါတောင်မှ
ငေါင်တောင်တောင်မဖြစ်
အတ္တအတွေးတခုအဖြစ်နဲ့
ထာဝရတည်ဖြစ်နေပါတယ်။ ။

No comments: