Tuesday, March 4, 2008

နှင်းစက်ရေ

နှင်းစက်ရေ

နှင်းစက်ရေ.......
ချွင်းချက်မထားပဲ
မင်းထွက်သွားတဲ့အခါ
နေသာမှာကိုမလိုတမာ
အတ္တစိတ်တွေများနဲ့
မှားခဲ့တဲ့အခါမှာ
တမ်းတစရာဟာလေ
လွမ်းစရာ့ကဗျာပါကွယ်.........

ရည်လို့သာမျှော်တွေး
အလွမ်းငေးမောခြင်းနဲ့
တမ်းတတွေးတောခြင်းတွေ
မင်းတမင်ပစ်ထား
ထွက်သွားသလား
အောက်မေ့သတိရ
တမ်းတရအောင်
ဒီလူ့ရင်ကို....ခွဲ
အသည်းနှုတ်ယူ
လွမ်းသောကတွေပူစေ.....ရယ်လို့

နှုတ်မဆက်ပဲ
ပြုတ်ထွက်သွားတဲ့လက်တွဲ
အမြဲငေးမော
တွေးတောနေရ
ဘ၀ဟာခဏဆိုပေမယ့်
တခါတခါ..သိပ်ကြာပေါ့
အက်ဆစ်တစက်ပါပဲ
ရင်ထဲမှာတမြည့်မြည့်
လှိုက်စား............
သောကနဲ့ဗျာပါဒကြားမှာ
ငါဟာေ၀၀ါး............

တရားသဘောနဲ့
မှားသောမှားသော
လို့မှတ်ယင်း
တရားမနိုင်ယိမ်းယိုင်လာတဲ့အခါ
မင်းပုံရိပ်ပဲပေါ်လာ
ပျော်စရာတွေ့လဲ
ရင်မှာမချိ.......
အတူတူပျော်မိတဲ့ရက်တွေ
သက်သေနဲ့ရတက်ပွေအပူပွား
လူမှားတာပဲဖြစ်ပါစေလို့
မပြည့်ခဲ့လေတဲ့ဆုတောင်း
အလွမ်းကြောင်း.....ဟာရှည်ပြီထင့်

တွေးမောမျောနစ်
အလွမ်းစစ်တို့
ကျွမ်းရစ်ရအောင်
ဒီကောင့်ရင်ထဲ
အမြဲနင်ရှိ...ဒါပေမယ့်လေ
ခွဲခဲ့ပြီတည့်.......။ ။

No comments: