Tuesday, March 25, 2008

လွမ်းနှင့်တော့မြကေခိုင်(၁၂)

ထိုစဉ်ကသစ္စာမရှိသောကိုကို့အတွက်ခွင့်လွှတ်ပါလို့ဘယ်လိုမှမပြောလိုပါသမီး.......
ရင်ကအချစ်ကိုအရှုံးပေးလိုက်ခြင်းသည်ခဏတာစိတ်ချမ်းသာမှုအပေါ်တွင်သာယာရုံသာ
ထိုစဉ်ကသမီးတို့အသိုက်ဝန်းကြားတွင်ကိုကိုလူဆိုးဖြစ်ခဲ့ချေ၏.....အချစ်သဘောက
ိုမလွန်ဆန်သာခဲ့ပါသမီး.....တစ်သက်လုံးစိတ်ညစ်မခံလိုပါ.....သမီး၏အချစ်သည်ကိုကို့
အတွက်ပူလောင်စေခဲ့သည်.....ချုပ်ချယ်မှုကိုမနှစ်သက်သောကိုကို့အတွက်ပင်ပန်းလှ
ချေ၏.....ထို့အတွက်သာကိုကိုတစ်ဖက်လှည့်နှင့်ပြန်မည်ဟုရည်ရွယ်ပြီးသမီးနှင့်လမ်း
ခွဲခြင်းဖြစ်ချေတော့သည်။ထို့အတွက်လည်းရင်တော့နာပါသည်.....သံယောဇဉ်ဟူသော
အရာသည်ကားရင်ကိုထိခိုက်စေသောကြောင့်......နာကျင်မှုကိုပြင်းထန်စွာမခံစားရသော်
လည်းအနည်းကျဉ်းတော့ထိခိုက်ပါ၏။တစ်ဖက်ကမီးနှင့်ပျော်နေသည့်အတွက်လည်း
ခံစားမှုလျော့ပါးခြင်းဖြစ်နိုင်သည်လေ......ကိုကိုမျက်နှာများခြင်းသစ္စာမစောင့်ခြင်းများ
အတွက်လောဓံ၏ဒါဏ်ခတ်ခြင်းများခံခဲ့ရသည်လေ.........သမီးနှင့်လုံးဝအဆက်ပြတ်
သွားသည့်ကာလ၌မောင်မီးနှင့်လက်ထပ်ဖြစ်ခဲ့လေသည်....မီးသည်ကားကိုကို့အပေါ်တွင်
ဆိုးဝါးလှချေ၏..........
.....................................................................................
သမီးကိုကိုနဲ့ခွဲခဲ့ပြီးနောက်......ဂျပန်သို့ပြန်လာခဲ့လေသည်.....လုပ်လက်စအလုပ်တွင်သာ
ရို့ကြိုးစွာဆက်လုပ်ဖြစ်လေသည်.....သို့သော်ကိုကိုမရှိသောသည်ပါတ်ဝန်းကျင်သည်မြေသည်ရေ
သည်သမီးအတွက်အထီးကျန်စရာချည့်ပါတည့်......လွမ်းတယ်ကိုကိုရယ်...........
အမိမြေသို့နှစ်ပေါင်းများစွာမပြန်ဖြစ်ခဲ့ပါ.....အဘယ့်ကြောင့်ဆိုသော်သမီးသည်လည်းကိုယ့်
ခံစားချက်နှင့်ကိုယ်ပါ.....ကိုကို့အတွက်နှင့်တချိန်ကမိုက်ရူးရဲစွာတံတွေးခွက်ပက်လက်မျောခဲ့
ရသော်လည်းဘ၀တည်ငြိမ်သင့်ပြီဟုထင်သည့်အခါမှာတော့တာနားကချန်နှင့်လက်ထပ်ဖြစ်ခဲ့
လေပြီ.......သည်လိုနှင့်တနေ့တနေ့တနှစ်တနှစ်အချိန်များကုန်ဆုံးသွားခဲ့လေသည်........
၁၉၉၉လောက်ကသမီးပြန်ရောက်ခဲ့တဲ့အကြိမ်ကကိုကိုအကြောင်းစပ်စုမိလေတော့ကိုကိုအိမ်
ထောင်ပျက်ပြီးနေပြီ........မျက်စေ့တမှိတ်အတွင်းတွင်သာ......ကိုကိုနှင့်တွေ့ခဲ့ပါသေး၏
တချိန်ကကံဆိုတာကိုမယုံသောကိုကိုတစ်ယောက်ပြောသောပြောင်းလဲနေသောခံစားချက်အတွက်
သမီးဝမ်းနည်းရချေသည်....ကံပေါ့သမီးရယ်....ဆိုသည့်စကားကိုကို့နှုတ်ဖျားမှထွက်လာသောအခါ
သမီးအံသြမိပါချေ၏....ကိုကိုသည်အမှန်တွင်သမီး၏ကံကြမ္မာကိုလုံးဝပြောင်းပစ်ခဲ့သူထိုသူ၏
နှုတ်ဖြားမှကံဟူသောစကားလုံးမှာဘယ်လောက်ထိစိတ်ဓါတ်ကျနေတယ်လို့မသိခဲ့ပါချေ......
ဆိုင်ကယ်အက်ဆီးဒင့်နှင့်ကိုကိုခြေထောက်တစ်ဖက်မကောင်းတော့ဟုဆိုလေသည်လက်ထဲတွင်
ချိုင်းထောက်မဟုတ်သော်ငြားအလျူမီနီယံတုတ်ကောက်ကိုတွေ့သည်.....သမီးမပျော်ပါကိုကို
ပျော်စရာမကောင်းတော့တဲ့သမီးဘ၀ဟာကိုကိုစွန့်ပစ်ခဲ့တဲ့အချိန်ကစခဲ့တာပါကိုကို......
ကိုကိုနှင့်ပြန်တွေ့ရတဲ့နေ့ကအိမ်ထောင်သစ္စာသမီးဖေါက်ချင်သလိုဖြစ်လောက်အောင်ကိုကို့ကို
သနားမိခဲ့ပြန်ချေသည်.....သို့သော်...သမီးတို့အရွယ်မှာထိုကဲ့သို့ရူးမူးစွာမိုက်မှားရမည့်
အရွယ်မဟုတ်တော့.....သည်အတိုင်းသာ..........................

No comments: