Saturday, March 22, 2008

လွမ်းနှင့်တော့မြကေခိုင်(၉)

ထိုနေ့ကမှတ်မှတ်ရရ ပါပေ ကုမ္ပဏီအစီစဉ်ဖြင့်ခရီးထွက်သောနေ့တစ်နေ့နှင်းတွေ
တစ်အားကျနေသောနေ့တစ်နေ့ထိုနေ့သည်သူတို့သုံးဦးစလုံး၏ကံကြမ္မာကိုပြောင်းလဲ
ပစ်လိမ့်မည်ဟုကေထင်မထားခဲ့ပေ...မည်သူမျှထင်မထားခဲ့သောအချိန်၌လာလည်
တတ်သောကံကြမ္မာဆိုသည်မမြင်ရသောအခါအလွန်တရာအံသြဖွယ်ဖြစ်လေတော့
သည်။ထိုနေ့ကကုမ္ပဏီခရီးစဉ်တွင်ယောရှိဒါလည်းပါလာခဲ့လေသည်။အမှန်တော့
ယောရှိဒါသည်ခရီးစဉ်တွင်ပါလာရန်အကြောင်းမရှိပါ....သို့သော်အောင်ကို၏တောင်း
ဆိုမှုနှင့်အတူတချိန်က၀န်ထမ်းဖြစ်ခဲ့ဖူးသည်ဟူသောအကြောင်းပြချက်ဖြင့်လိုက်လာ
ခြင်းဖြစ်သည်....ကေ..ကိုကို့ကိုမကျေနပ်ပါ.....ရင်နာရပါသည်...ကိုယ်ချစ်သောသူတဦးက
အခြားသူတစ်ယောက်နှင့်ကိုယ့်ရှေ့တွင်ကြည်နူးနေခြင်းကိုမည်သူရှုစိမ့်န်ုင်ပါမည်လဲ
သို့သော်လည်းကိုကို့အားမပြောရက်စွာရေငုံနေဖြစ်ခဲ့သည်။
ပြောရအောင်လည်းသူနှင့်ဘာမှမဆိုင်သလိုခံစားရ၏........ယောရှိဒါလည်း
စိတ်အနှောင့်ယှက်ဖြစ်ရမည်မှာဧကန်....ထိုသို့မွန်းကျပ်ဖွယ်ခရီးကိုကိုကိုအဘယ်သို့
စီစဉ်သည်မသိကားပေါ်ရောက်တော့....ကိုကိုမူးစပြုနေချေပြီ....မူးမှာပေါ့ဘီယာ
သောက်တာမှမဟုတ်တာဂျမေကာရမ်ပုလင်းပြားလေးတကိုင်ကိုင်နှင့်မနက်တည်းက
တွေ့သည်ပဲ...ကိုကိုစိတ်ညစ်နေသည်မှာသေချာသည်ကေသိသလောက်ကိုကိုအရက်
သိပ်မသောက်တတ်ပါ...တခါတရံသာ....ခုလိုပုလင်းဆွဲနေပုံအရဆိုလျှင်တော်တော်ညစ်
နေပုံရသည်...ယောရှိဒါအပါးမှာထိုင်လျှက်တောင်စဉ်ရေမရစကားတွေပြောလျှက်လိုက်ပါ
လာသောကိုကိုအား..ကေစိတ်မသက်သာစွာမြင်ရလေသည်။

No comments: