Tuesday, March 18, 2008

လွမ်းနှင့်တော့မြကေခိုင်(၅)

သမီးမျက်ဝန်းများသမီး၏အကြင်နာများကိုကိုအောင်ကိုသိရှိနေသော်လည်း
သူ့ဖက်မှခံစားမှုကိုမဖော်ပြနိုင်ပါဂျပန်နိုင်ငံသို့သမီးကိုခေါ်ဆောင်ခဲ့သော်လည်း
သည်ယုံမြင်လို့သည်ခြုံထွင်တာဟုလူပြောမခံနိုင်ခုတောင်မှတော်တော်အပြောခံ
နေရဘီ......စေတနာဖြင့်ငဲ့ညှာစွာခေါ်ဆောင်ခဲ့ခြင်း၊အကူညီပေးခြင်းတခုတည်းသာ
ထိုစဉ်က.......အောင်ကို့ရင်ထဲတွင်မီးမှလွဲပြီးအခြားမရှိခဲ့လေ.....ယ္ခုကိစ္စမီးသိခဲ့
လျှင်မည်သို့ဖြေရှင်းရမည်အောင်ကိုမတွေးမိခဲ့တွေးလည်းမတွေးချင်
ကြိုးရှည်ရှည်နှင့်အလှန်ခံထားရသောမိမိဘ၀ကိုစိတ်နာသည်ခက်သည်က
လှန်ထားသောကြိုးမှာမမြင်ရသောကြိုးတစ်ချောင်း.....တော်တော်ကိုဆိုးဝါးသည်
မည်သည့်ဆုံးဖြတ်ချက်မှချပြီးလုပ်လို့မရခဲ့ပေတော်တော်ခက်ချေ၏။
ထိုစဉ်တွင်အောင်ကိုယောရှိဒါနှင့်တွေ့ခဲ့သည်.....ယောရှိဒါကတော့
တက္ကသိုလ်ပြီးစအလုပ်ရှာနေသောတပါးနိုင်ငံသူဖြစ်လေသည်.....အောင်ကိုတို့
ဆိုင်တွင်ပတ်တိုင်းဝင်လုပ်နေသူဖြစ်သည်.....သို့သော်တနေ့အောင်ကို့နားရက်
တစ်ရက်တွင်ဈေးတန်းတွင်းတွေ့ပြီးနှစ်ယောက်အတူတူတနေကုန်လျှောက်သွား
ဖြစ်ခဲ့၏.....ထိုမှစသံယောဇဉ်ဖြစ်ခဲ့လေသည်.....ယောရှိဒါသည်မီးနှင့်အလွန်ဆင်
နေခြင်းကြောင့်အစားထိုးဖြစ်သွားသလားဆိုသည်ကိုအောင်ကိုနားမလည်ခဲ့

No comments: