Thursday, September 9, 2010

မုသားနဲ့အပြစ်ရှာတဲ့စကား

game over

ရင်နာပေမယ့်
မမြင်သာပါကွယ်
ထင်ရာတွေတွေး
နေမယ်ဆိုယင်
အနှေးနဲ့အမြန်
ဝေးလံသွားကြရမှာပါ......

ကြင်နာပေမယ့်
မခင်တွယ်ပါကွယ်
ကြားတာတွေသာ
နားမှာထွေးနေယင်
သံသယစိတ်နဲ့တင်
အမှန်တရားတွေ
အဝေးရောက်
ပေးဆပ်လို့မလောက်ပါဘူး.......

သစ္စာရှိနေယင်းကပဲ
ရင်ကနာတယ်
အထင်လွဲမယ်ဆိုလည်း
တမင်ပဲလမ်းခွဲဖို့
ရည်ရွယ်ချက်ချို့ချို့ငဲ့ငဲ့နဲ့
အပြစ်ရှာစကားတွေ
အနှစ်မပါမုသားတွေနဲ့
ထိခိုက်အောင်လုပ်ဖို့
မလိုပါဘူး
သည်အတိုင်းပဲ သည်အတိုင်းပဲ
ကဲ... ခွဲကြစို့ဆိုယင်
ကျေနပ်မယ်ထင်.......။     ။

Thursday, August 26, 2010

အချစ်ဆုံးသူငယ်ချင်းသို့

ညတွေညတွေ
ထိုင်ထိုင်နေလည်း
ရင်တွင်းဒေါသ
ဖြေမရခဲ့
ကြွေကျနေတဲ့
စိတ်အစဉ်
မင်းမမြင်သာပါကွယ်......

အဖြစ်သနစ်တစ်ခုအတွက်
ဘဝတစ်ခုပျက်ရမလား
အတွေးမှားစိတ်ဝင်
ဖျောက်ဖျက်ပစ်လည်းမရ
ငါမှားခဲ့သလား
သံသရာမှာ
အမှားမပါပဲနေခွင့်
ကြုံချင်ပါသေးတယ်......

တစ်ခဏတော့
ငါ့စိတ်ငါအုပ်
ချုပ်ထိန်းမရ
ဖြစ်ခဲ့သေးတယ်
ငါဝန်ခံပါတယ်
ဒါပေမယ့်
သစ္စာတရား
ရှိနေပါသေးတယ်
ချစ်စရာရှားလို့လားကွယ်......

နှောင်တွယ်ရစ်ပတ်တတ်တဲ့
သံယောဇဉ်တစ်ရပ်ကြောင့်
ငါ့မှာနေသာဖြေခက်
နေမရရက်တွေ
များနေပေမယ့်
အဆုံးစွန်ထိသစ္စာမဲ့ခြင်း
မဟုတ်ခဲ့
နားလည်လို့ရမယ်ထင်.......

စိတ်ဒါဏ်ရာအမာရွတ်
ရအောင် ဘာဖြစ်လို့
လုပ်ခဲ့ကြတာလဲ
အဲဒီလိုမေးယင်
မဆင်မခြင်ဖြေကြဦးမယ်ထင်
ဘယ်လိုပင်ဖြစ်ဖြစ်
နှစ်ပေါင်းများစွာ
ခင်မင်လာခဲ့တဲ့
ငါတို့ရဲ့တွယ်တာခြင်းတွေ
အမြဲတည်တံ့နေအောင်
မင်းထောက်ထားသင့်ပါတယ်လေ.....

Sunday, August 22, 2010

တွယ်ရာတမ်းတလွမ်းစေသား

မေ့လို့မရသေးဘူး
ဟုတ်တယ်.....
ရဲရဲ ရင့်ရင့် ဝန်ခံရယင်
ဘယ်လိုမှမမေ့နိုင်သေးဘူး
ဥပေက္ခာပြုခြင်းခံရသလိုပဲ
အသိစိတ်ထဲက
ဘယ်လိုမှ ထုတ်ပစ်လို့မရခဲ့
ခံစားချက်တွေအတွက်
ခံစားမှုတွေအပြည့်နဲ့
ယုံကြည်မှုမရှိတဲ့
ရင်ခွင်က
ရုတ်တရက်မမေ့နိုင်ခဲ့.....

ဟိုး...တချိန်တည်းက
ဘယ်လောက်ချစ်ရလဲဆိုတာ
မပြောသာလို့
ဆိတ်ဆိတ်နေခဲ့
လော်လီဖောက်ပြား
စကားမှားတွေ
မဟုတ်ပါဘူးကွယ်
ညတိုင်ညတိုင်
သန်းခေါင်ကျော်အောင်
ထိုင်စောင့်နေခဲ့တဲ့
တချိန်က အဖြစ်ပျက်တွေ
အမှတ်တရအတွက်
ဝန်ခံခြင်းတွေ
ဖွင့်ဟခြင်းတွေရဲ့နောက်ကွယ်
တိုးတိတ်စွာနေခဲ့တယ်ဆိုတဲ့
အသိတရား
ခုတော့ခပ်ပါးပါ
မှုန်ဝါးစွာ
ပျောက်ပျက်ပြယ်....
ကိုယ့်ရင်မှာဘာတွေရှိ
ဘယ်သူမြင်ဘယ်သူသိမလဲ
ခပ်မဆိတ်နေခဲ့တဲ့အတိတ်....

ဘာဆို ဘာမှ
မလိုအပ်တဲ့ထိ
ပွင့်လင်းခဲ့ကြတဲ့
ပစ္စက္ခ ချစ်ခဲ့ကြသလား
မောလျစွာနှောင်တွယ်ရစ်
စွဲနစ်သွားစေခဲ့တဲ့အချစ်
အပြစ်ဖြစ်လေမလားကွယ်
ချစ်တယ်လို့ဆိုပြန်ယင်လဲ
ကိုယ်ပဲလွန်ကာကျမယ်
တစ်ရက်တည်း
ခဏပဲဆိုတဲ့
မေ့ကျန်ရစ်တော့မယ့်
အချစ်ရဲ့ဇတ်သိမ်းလား
ဝိုးတဝါးပါပဲ.......

ဘာဆင်ခြေမှမလိုပဲ
ချစ်နေချင်သေးတယ်
မမုန်းခိုင်းနဲ့...ကိုယ့်ကို
မမေ့ခိုင်းနဲ့....ကိုယ့်ကို
ဝင်သက်ထွက်သက်မှာ
ပင့်သက်ရှိုက်ယုံမျှ
ချစ်ခွင့်လေးတော့
ရယင်ကျေနပ်
နေတတ်ချင်သည်
ရင်ခွင်ဆီတွင်
ချစ်ရခွင့်ခဏမှာ
တရှိုက်မက်မက်
တမ်းယစ်မူးရီ
ကသီကရီဖြစ်တည်ခဲ့တဲ့
အနမ်းပွင့်သာ
တွယ်တာတမ်းတလွမ်းမိသည်.......

အာသာငမ်းငမ်း
တွယ်မက်ခြင်းလမ်းမှာ
အကျွတ်တရားမရယင်လည်းလေ
စိတ်တွင်းဆန္ဒလိုသမျှကို
ဖြစ်ချင်တယ်ဆို
ဖွင့်ဟမြွက်ကြွား
ဆိုစကားမှန်သမျှ
လိုတရစေ
ဖြည့်စွမ်းနေမယ်
အမြဲပင် တွေးတော
ငေးမောနေချင်သော
သခင့်ရုပ်လွှာ
ရွှေမျက်နှာတော်ဦးသာလျှင်
အာရုံမှာပင်စွဲနစ်ထင်ကျန်
ရှင်သန်နေရစ်တော့မလား
တွေးယင်းချစ်ဆဲ
မျက်ဝန်းထဲမှာ
သခင့်အရိပ်သာ
တိတ်ဆိတ်စိုးမိုး
နေရာယူ............

တွယ်ငြိတပ်မက်ခြင်း
တမ်းတမက်မောခြင်း
ထို နွံ တွင်းမှ
ရုန်းမထွက်နိုင်
စိတ်မခိုင်ပဲ
စွဲလန်းစိတ်သာ
နေရာယူထား
အတွေးများစွာ
အကျွန့်ထံထားရစ်
သခင် မချစ်တော့
နေနှင့်ဦးပေါ့လို့လည်း
မဆိုသာသည်.......

သခင့် အသံ
နားဝင်ချိုမြ
ပိုတမ်းတအောင်
ဖျားယောင်းလေလား
တွေးထင်မှားဆဲ
ကာလရှည်ကြာ
ဝေဒနာလေ
သူသိပေမယ့်
လျစ်လျူ ပြုရက်တယ်
စိတ်မှာထင်
လှောင်ရယ်ချင်သလား
ရင်ခုန်စွာပြောစကားကို
ကြားပြီးပြီဆိုမှ
ရှောင်ဖယ်ခွာ
သခင်ပုန်းတယ်
မုန်းခက်လေအား.......

ရှုံးခက်ပွေစကားတွေ
နားဆင်ပါတော့
ပေါ့ပေါ့တွေးကာ မရယ်ချင်ပဲ
ကျော့ကျော့ငေးကာ ကွယ်ချင်လည်း
သခင့်ရင်တွင်းဖောက်ထွင်းမြင်သည်
မသင့်တော်ဘူးရယ်လို့ထင်နေသလား
ခက်သည်များကွယ်
ချစ်ခြင်းတွေစတေး
တမြေစီဝေးတဲ့အခါ
နွေးထွေးတဲ့ရင်ခွင်
မွှေးလှတဲ့ပါးပြင်
ချိုမြတဲ့အနမ်း
အရာအားလုံးကို
နားလည်စွာဖြင့်
တမ်းတနေခွင့်ပေးသနားပါ
ချစ်သခင်..............

မသင့်တော်လို့
အချစ်လျှော်ချင်တယ်ဆို
ဘယ်ပုံဘယ်နည်းနဲ့
လွမ်းချင်းတွေညည်းလို့
တမ်းတတေးသီကာ
ဘယ်လိုပင်
ချမ်းမြအေးကြည်သာပါစေ
ဆိုစေငြား
ပိုသလားလိုမလား
ထိုထိုစကားကို
ဖွင့်ဟခြွေခဲ့
အနေခက်အောင်
ရွယ်ရည်စိတ်ကူးလို့
ကိုယ်မရူးပါရစေနဲ့တော့.........

သဲသောင်ပြင်မှာ
ထင်တဲ့ခြေရာ
ဒီ လာယင်ပျက်ပေမယ့်
ကိုယ့်အသည်းကခြေရာ
ဘယ်လိုပင်ဖျက်လို့ကွယ်ပျက်ဘူး
စွဲနစ်ဝင်ဆဲ...................

Wednesday, August 11, 2010

သွားတော့သခင်

သွားပါတော့ခင်
မောင့်သခင်ရေ.....
တွယ်မက်တိမ်းမူး
တပ်မက်ဖူးတဲ့
နှုတ်ခမ်းအစုံ
တုန်ရီစွာလှိုက်မော
နင့်သောရင်အစုံ
မငိုယုံတမည်ပါကွယ်
ပြောရဦးမလား
နှောင်တွယ်ရစ်ပတ်တတ်တဲ့
သံယောဇဉ်အကြောင်း
ဘာပဲဖြစ်ဖြစ်
ပြန်ပြောင်းမပြောရစ်ရအောင်
နေပါရစေကွယ်
တွယ်တာနှောင်ရစ်
သိပ်ချစ်သတဲ့လား
မပြောချင်တဲ့နှုတ်ဖျားက
ငိုယင်းရယ်ယင်း
အမှားပိုတဲ့
စကားတွေလည်းမလိုချင်ပါ
အခြားသူတွေလို
အများသူငါ
ဆိုဖြစ်တဲ့စကားတွေလည်း
မဆိုချင်ပါ
နေပါရစေ
မောင့်သခင်
တစ်ရေးနိုးအတွေးနဲ့
ကဗျာထရေးဖြစ်တဲ့
ညအိပ်မက်ရဲ့
အဖြစ်မျိုးထွေထွေလည်း
မလိုချင်ပါ...
ငိုချင်ယုံသာ
နေပါစေလေ
ရှိပါစေမေ
ရင်ခွင်သည်းကျွမ်း
အလွမ်းဖန်တီး
သောကမီးလည်း
သည်အတိုင်းပင်ရှိစေတော့ခင်
မောင့်အလွမ်းသခင်
နွမ်းလို့ပင်ခွေလျော့
နေခဲ့တော့မည်
သွားတော့လေ
ကိုယ်ပိုင်ရင်ခွင်ဆီ.................


Wednesday, August 4, 2010

သံသရာသာဆုံးစေတော့မေ့ခွင့်မကြုံချင်ပါ

တစ်ခဏလေးစာ
တွယ်ရစ်နှောင်ပေမယ့်
တစ်ဘဝစာ
မှတ်မိနေမလား
သူ့အသံကြားယင်
ရင်ခွင်မှာမနေတတ်
မေ့တတ်အောင်
မေ့နေခဲ့ပေမယ့်
နဂိုကရှိယင်းစွဲသံယောဇဉ်
သူလာနှောင့်ကြောင့်
ရင်ခွင်မှာဗျာပွေဖောက်ရတယ်
မောတော့လက်ငင်း.......

ယုတ်မာတယ်ဆိုမလား
အဟုတ်ပါတစ်ကယ်
နှောင်တွယ်ခဲ့တာကြောင့်
ရင်မှာအပူပိုသာကဲရတယ်
ကိုယ့်ရင်ကအဖြစ်ကို
လူတွေနဲ့ သူလေသိနိုင်ဘူး
တိတ်တိတ်သာကြိတ်ကာကြွေရ
စိတ်မှာတော့လေ မချိတင်ကဲ..........

ရင်ကအဖြစ်တွေ
အယင်ကအချစ်တွေနဲ့
မြင်သမျှဟာသည်းရင်ပူကဲ
အမြဲပင်သူပဲလေကွယ်
သည်စကားတွေကိုလေ
သူသာကြားယင်ဖြင့်
လှောင်ရယ်လိမ့်မလားရယ်လို့
စိုးရွံစိတ်ထဲမှာ
အစဉ်မြဲသာစိုးမိုးတိုးတိုက်
နေရာယူ...........

အပူပဲလေကွယ်
သူပဲရှိနေတယ်
သူကလေတမင်
ရှောင်ဖယ်ကာပုန်းပြန်တော့
ရှက်ရွံ့စိတ်တွေနဲ့
ကိုယ့်ရင်မှာတွေဝေ
အနေခက် လေတော့
သူလှောင်ရယ်မှာ
စိုးထိတ် တိတ်တိတ်ရင်ဖို
အနွမ်းသောကတွေနဲ့
ကိုယ့်စိတ်တွေကို
ခုတမျိုး ခုတမျိုး
ခါခါပြောင်းခိုင်းပေမယ့်
မလွယ်တဲ့စိတ်အစဉ်
ဘယ်လိုပြောင်းလို့ကွယ်ရဘူး
သံသရာရေမြေဆုံးစေတော့
စိတ်မှာကွယ်တယ်မမေ့နိုင်ဘူး
ဝေခွဲရတကယ်ခက်တယ်
ရစ်ပတ်နှောင်မြဲ.............။     ။

ဘ၀

ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းကျတဲ့အခါ
လောကကြီးနေကောင်း
ကမ္ဘာကသာယာ
ငှက်ကလေးတွေလည်း
တေးသီတာကိုမြင်ရ
သြော်...ဘ၀ ဆိုတာ....

ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျတဲ့အခါဆို
အမုန်းတွေဝင်
အငြိုးတွေဆင်ခဲ့
ပန်းပွင့်တာလည်းမမြင်
ငှက်ကလေးတွေတေးမသီခဲ့
ဆုတောင်းတာမပြည့်လို့ဆိုပြီး
ထိုင်ပြီးငိုချင်လာခဲ့
စမ်းချောင်းလေးစီးတာလည်းအပြစ်မြင်
သမုဒ္ဒရာတောင်ခန်းခြောက်မယ်ထင်ရဲ့
ပူစေတဲ့သောက
ဆန္ဒ မပြည့်တဲ့...သြော်....ဘဝ......

ဘဝတဲ့လား
ဘာများလဲကွယ်
တစ်ကယ်...လောကဓံဆိုတာ
ရှစ်ပါးတည်းရယ်
ပိုလည်းမလာခဲ့ပါဘူး
ခံနိုင်စွမ်းတွေနဲ့
ရင့်ကျက်လာခဲ့ပြီလား
ဖြေဆည်မရတဲ့အခါတွေးမိသည်
ဘာပဲဖြစ်ဖြစ်လေ ဘ၀ ဆိုတာ
တစ်ကယ်တော့...ခဏတာပါ............။     ။

ဆန္ဒ

မှောင်မည်းလွန်းတဲ့
တိမ်တိုက်တွေ
ပြိုမကျမီညက
ပန်ခဲ့တဲ့ချစ်ခွင့်
ရင်မှာဖြစ်တည်
ချစ်ကြည်စေချင်..........

မတွေ့ချင်ဘူး...တဲ့လား...
ချိုသာတဲ့စကားသံ
အချစ်ရယ်ဟန်လေး
မိုးသက် ကြားမှာ
ပွင့်ချပ်ဖြစ်စေ
အနမ်းချွေဖို့
ရင်ခွင်တွင်းက
တမ်းတနေ........

အလွမ်းကဗျာ
မရေးချင်ပါဘူး
လွမ်းရမှာစိုးကြောက်
ဗျာပါဒတွေ
မဝေချင်ပါ
တွေဝေလို့လည်း
မနေချင်ပါ
ချစ်ခဲ့တာကိုး
ချစ်ပင်ပျိုးကာ
ချစ်မိုးတွေသာ
စွေစေချင်တာ
ရင်ဆန္ဒ........။     ။

Sunday, July 25, 2010

တွယ်တာရသော

မြတ်နိုးတွယ်တာခဲ့သမျှ
ကွယ်ရာကပဲချစ်တော့မယ်
တိတ်တခိုးမဟုတ်ပေမယ့်
စိတ်မဆိုးနဲ့သူရယ်
တမ်းတတာလွမ်းလှလို့ပါ
ကျွမ်းမြေ့သွားတဲ့အသည်း
လွမ်းနေ့စွဲတွေမှာလည်း
ချစ်သူပါပဲလေ..........

ခွဲခွာရတာ
အခံရခက်လှပေမယ့်
ကျန်ရစ်ရတဲ့ရက်တွေဟာ
မနေသာမဖြေသာပေမယ့်
နေစရာကအသေချာပါ
မရေရာတာတွေလည်း
နေပါစေတော့ရယ်လို့..........

မသေချာတဲ့
တောင်းဆုလည်း
မပြုလိုဘူး
မတမ်းတချင်တော့
ရင်တွေမောရလွန်းလို့
တိမ်တိုက်တွေလည်းပြိုကျခဲ့
အလွမ်းရေလျဉ်ကြောမှာမျောပြီး
နွမ်းကြေတဲ့နှလုံးသားဟာ
ပန်းတွေမဝေယင်လည်းနေပါစေ
မေတ္တာစမ်းချောင်းလေးလည်းခမ်းခြောက်
ချစ်သူ့ရင်မှာနောက်တစ်ယောက်မို့
လွမ်းချင်လည်းအခက်တွေ့
နှလုံးသားဟာ
အရှုံးသမားလို့လှောင်ရယ်
ချစ်ရသူရယ်လေ
နေစိမ့်နိုင်လွန်းတယ်.........။ ။

လွတ်ကျခဲ့တဲ့အိပ်မက်

နွမ်းရက်တွေရှည်ကြာဝေးကာ
နွမ်းမျက်ဖြေခြေရာလေးပေးသွား
အဝေးကပုံရိပ်
အတိတ်နိမိတ်နဲ့
ကာရံတွေထပ်
နဘေညှပ်ကာ
ကဗျာတွေတွေး
စာတွေရေးလည်း
အကြောင်းမထင်
နှောင်းရင်ခွင်မှာ
နေလို့မတတ်
နေရကျပ်ခဲ့............

အတွေးနယ်မှာ
ဘေးဖယ်ခွာလည်း
နှင်လို့မထွက်
ရင်ကိုဖမ်းဆုပ်
သက်မဲ့အရုပ်
ဇီဝိန်ချုပ်ချင်
နေတော့ခင်ရေ
အတိတ်က
လွတ်ကျသွားတဲ့
အိပ်မက်တွေမှာပဲ
ပျော်မောလျ...........

ခက်တာကလေ
ငါတို့ပျော်ခဲ့
အိပ်မက်မြို့ရဲ့
ကုက္ကိုတန်းအစွန်က
ပျောက်ရှသွားတဲ့
အိပ်မက်ကလေး
ခဏလေးပြန်မက်ရယင်
လိုချင်ပါရဲ့
ကံကော်တန်းလွမ်းချင်းတွေ
ပြန်တမ်းမက်ချင်ပါရဲ့
ဒါပေမယ့်
လွတ်ကျခဲ့ပြီထင်ပါရဲ့..........။ ။

မျက်ရည်နေ့ည

မောင်...........
အလွမ်းပင်လယ်ဝေနေတဲ့ကြားက
ပန်းသခင် သူလာနှောင့်တာကြောင့်
ရင်နှလုံးကြေပြုန်း ကွဲကြေသုဉ်းကာ
အမြဲသေဆုံးခဲ့ပြီကွယ်............
ကံကြမ္မာ အငြိုးရယ်က
ဖန်တရာလွမ်းနှင့်အောင်လို့
သံသရာကမ်းလင့်နှောင်ဖွဲ့ကာ
မောင်မှမောင်ပါလို့ ဆိုတော့
ကိုယ့်ကိုကိုယ်ပင်
မုန်းချင်သည်................

သံတရာတခွင်ဆုံးစေတော့
အမှန်သာပင်မုန်းလို့ကွယ်ရဘူး
မောင်ဆိုတာလာကာပြုံးပြန်တော့
စိုစွတ်တဲ့ မျက်ဝန်းတစုံနဲ့
ပိုလွန်းတဲ့ရင်ကသည်းကို
ခွဲထုတ်ကာဆားနဲ့ပက်ချင်လှ
ခက်သည်ကဝေဒနာ
သေရွာသာသွားချင်တော့
ခက်သည်ပေါ့မောင်ရယ်လေ................

ခွဲခွာတာနှစ်နှစ်မကပေမယ့်
လိုအပ်ယင်အသက်ပင်ဆုံးစေတော့
မုန်းမျက်ရည်သီကာဝေ့ရတယ်
မေ့ရဲ့မျက်ဝန်း
တွေ့ပြီလက်ငင်းမှာလေ
ချက်ချင်းသာမောင်ပြန်ခဲ့ ပါတော့
မေ့ရင်တွင်းအမြဲပင်မောင်ရှိနေ
ဝေးလွင့်ခြင်းအတိတ်ခြေရာဆိုတာလဲ
ချစ်တဲ့မောင့်ကိုမေ့နိုင်ဘူး
လင်တရူးလို့ပြောယင်လည်း
ခံရမယ့်မေပါ...............

အသေချာဘယ်နေ့
ဘယ်မှာတွေ့လိမ့်
ငိုချင်လျက်ခက်တွေ့
ရတက်တွေပွေ့ကာ
မောင်ရယ်....သက်သေခံကလေ
မျက်ရည်နေ့ည..............။ ။

ချစ်သူမောင် မာမီဖြစ်သွားပြီလို့ပြောလည်းတတ်နိုင်ဘူး ဟိုး...တချိန်တုန်းကတစ်ယောက်အတွက်ပါ

Saturday, July 24, 2010

ဘာပဲဖြစ်ဖြစ် တွန်းအားပဲဖြစ်စေချင်

ပျော်ရွင်ခွင့်ရယင်
ပျော်ရွှင်ချင်ပါသေးတယ်
ကလေးဘဝကပျော်မြူး
ဟက်ဟက်ပက်ပက်
ရယ်မောဖူးခဲ့သလို
ခုဆို ဟာသကားတွေ
ကြည့်တောင်မှ
ပြုံးလို့မရခဲ့   (အကြောင်းကသိပြီးသားဟာသတွေကို)
တခါတရံလည်း
တစိမ်းဆန်စွာ
ဘယ်သူ့ကိုမဆို
အလိုက်ထိုက်မဆက်ဆံတတ်ခဲ့
စိတ်လိုလက်ရမရှိတဲ့
အခါမျိုးတွေဆို
မသိချင်ယောင်တောင်
ဆောင်နေတတ်ခဲ့...........

အဲတာတွေကို
ရင့်ကျက်ပြီလို့တွေးယင်
စိတ်အစဉ်မှာငိုချင်လာခဲ့
ဘဝက အစစပေါ့
လက်ရှိနဲ့နှစ်ရက်လောက်ခြားနေခဲ့
အခုမှစလှမ်းမယ်ဆိုတဲ့လမ်းကို
ဘာဖြစ်လို့ရွေးရခဲ့လဲ
အစဉ်မြဲမကျေနပ်
ဘာပဲဖြစ်ဖြစ်လေ
လုပ်သင့်တာကိုလုပ်ပြီးပြီပဲ
ဖြစ်သင့်တာတွေ
ဖြစ်ချင်တာတွေက
မဖြစ်တဖြစ်ပဲရှိနေခဲ့...........

ဘယ်လိုပဲဖြစ်ဖြစ်
ဘဝကို .......
အနှုတ်ဂဏန်းကစခဲ့ဖူးတာပဲ
သုညကလည်းအခါခါ
စခဲ့ဖူးရဲ့
တစ်ကယ်တော့
ပင်ပန်းလွန်းတယ်
ဒါပေမယ့်....
မပင်ပန်းပါဘူး
ငယ်ငယ်က
လမ်းလျှောက်သင်တုန်းကလို
ခဏခဏလဲပြိုကျ
ပြန်ထရပ်ရတာပဲ
လမ်းလျှောက်ချင်တာမျိုး
ဘဝမှာအမြဲ
စိတ်အားထက်သန်မယ်ဆို
ဘယ်နေရာကပဲစစ
တန်ဖိုးအတိုင်းတာတစ်ခုမှာရှိ.........

ဖြစ်တည်တာတွေအတွက်
စိတ်မှာကြည်နူး
ပျော်ရဖူးသလို
ဆုံးရှုံးခြင်းသဘောတရားတွေအတွက်
ဝမ်းနည်းချိန်မရှိခဲ့     (အဲလိုပဲသတ်မှတ်လိုက်ရအောင်တကယ်တော့ငိုကြွေးရတာများလို့ထုံနေပြီ)
အောင်မြင်အောင်
ကြိုးစားယင်းနဲ့
ဘဝတွေကုန်လွန်စေမယ်
အားမာန်အသစ်တွေနဲ့
ဘရဲ့လှေခါးထစ်တွေတက်ယင်း
အမြင့်ဆုံးပန်းတိုင်အထိ
လှမ်းနိုင်ရမယ်..............။     ။

တစ်ကယ်တော့ကိုယ့်ကိုကိုယ်အားပေးဖြစ်တဲ့ပို့စ်လေးပါ အမြဲတမ်းခွန်အားတွေ တွန်းအားတွေ ရနေစေမယ်လေ
ချစ်ရတဲ့သမီးလေးနဲ့ သူ့ရဲ့မာမားအတွက် အတိုင်းအတာကြီးကြီးမားမား ရည်မှန်းချက်ထားရမယ်လေ.......

လွမ်းရလွန်းလို့တော့မရူးလိုက်ပါနဲ့ဦး


ကူကူးအတွက် အမှတ်တရရေးပေးလိုက်တဲ့ ကဗျာလေးပါ တစ်ခါက စီဘောက်မှာ ဥဥ ကဗျာစပ်ပေးမလား
လို့လာအော်သွားခဲ့ ဖူးတဲ့ ကူကူး အတွက် ဥဥ ရဲ့လက်ဆောင်လေးပါ လွမ်းရလွန်းလို့ရူးတော့မယ် ဆိုတဲ့
စိတ်အခြေနေမှာတွေ့လို့ အားပေးလိုက်တဲ့ဥဥရဲ့ ကဗျာပါ အမှတ်တရပေါ့................
ခင်တဲ့
ဥဥ

လွမ်းရလွန်းလဲ
ရူးမသွားပါနဲ့ကွယ်
စိတ်ကရုပ်ကိုထိန်းချုပ်သတဲ့
စိတ်ထောင်းလို့ကိုယ်ကျေ
နေဖြစ်သလိုသာနေပါ
စိတ်တော့မထောင်းပါစေနဲ့...........

နားလည်ပါတယ်
ရင်ထဲကခံစားချက်တစ်ချို့
အတွေးကိုလာငြိတဲ့အခါ
လွမ်းလွန်းလို့ဆိုတဲ့
စကားလုံးရိုင်းလေးက
အထီးကျန်ရင်ကို
ထိရှစေခဲ့............

ဘယ်ရောက်နေလဲ
ဟိုးအဝေးမှာ(တစ်ကယ်ဆိုမိုင်ပေါင်းများစွာ)
ကမ္ဘာ ရဲ့တစ်ဖက်ခြား
အခက်များပင်ပွေ
ရတက်ပွားချင်လေပါပဲ
ချစ်သူ၏ချစ်ခြင်းကို
ငတ်မွတ်စွာတမ်းတမိတဲ့
မှောင်မိုက်တဲ့ညများ
ဖြတ်သန်းစီးဆင်းသွားချိန်လေး
တမ်းတစွာ
နွမ်းလျစွာ
မောဟိုက်စွာ
လှောင်ပိတ်နေတဲ့
အခန်းကျဉ်းထဲမှာ
လွမ်းနေတဲ့အလွမ်းတွေနဲ့
ရူးရမယ်ထင်ပ..............

မဆုံနိုင်တဲ့
မျဉ်းပြိုင်နှစ်ကြောင်းလို
ဒါမှမဟုတ်
မဆုံသေးတဲ့
မြစ်တစ်စင်းရဲ့
ကမ်းပါးနှစ်ဖက်
အဲဒီမြစ်ဟာအထီးကျန်မြစ်
ပင်လယ်ထဲကိုစီးဆင်းမယ်
ငါသိပါတယ်
ဒါပေမယ့်ငါ
ဂဃဏန မသိခဲ့ပါဘူး
ငါသေချာသိနေတယ်
ငါသေချာသိချင်တယ်
လောလောဆယ်လွမ်းရလွန်းလို့
ရူးတော့မယ်ထင်ပါရဲ့..............

ငိုနေမိတယ်
တစ်ယောက်တည်းပါပဲ
တိတ်တိတ်လေး
ကြေကွဲစွာမနေရဲခဲ့
ဒါပေမယ့်ကြေကွဲနေတယ်
ဒါပေမယ့်တမ်းတနေတယ်
ဒါပေမယ့်...............
ဒါပေမယ့်.......
ဒါပေမယ့်ချစ်နေခဲ့တယ်
အဲဒီတော့
လွမ်းမှာပဲပေါ့ ..........။     ။

Friday, July 16, 2010

နွံ

သစ္စာမဖျက်ချင်
အခက်ပင်ပွေမလား
ဒီဗလာရင်ဘတ်ထဲက
ဘာထွက်လာမလဲ
ခက်တာပဲကွယ်
အချစ်မဲ့နယ်မှာ
ပျော်ရွှင်ခြင်းတွေ
မရှိချင်လည်း
ယောင်ဆောင်ဆဲ
သင်္ခါရကမ္ဘာမှာ
သင်ဟာ~~~
သစ္စာမဲ့သူလား
ထားချင်ထားခဲ့
ဘဝ၏အခြားမဲ့မှာ
နေရစ်ခဲ့~~~

မေတ္တာသက်ဝင်
အချစ်ဟာရှင်သန်
အမှန်ဆို ကိုယ်တိုင် ပဲ
မှားသလားထင်
အပြုံးရင့်ရင့်
သက်ဝင်သောရင်ခွင်မှာ
သြော် ဟိုးစဉ်တည်းက
မသိစိတ်မှာပင်
စွဲလန်းခဲ့ဖူးတာထင်ရဲ့
မချစ်လို့လဲမဟုတ်
ရုပ်ဝတ္ထုနယ်ပယ်လို့
သတ်မှတ်ဦးမှာလား~~~

နှလုံးသားမှာလည်း
အမှတ်သညာနဲ့ပါကွယ်
မှတ်မိတတ်သောပုံရိပ်
တမ်းတတတ်သောဝိဉာဉ်
အရာအားလုံးသည်
နှလုံးသားမှမှတ်မိခြင်း
ဖြစ်တည်မှုအရာအားလုံး
ဦးနှောက်ကဖယ်ခွာ
တစိမ်းဆန်ချင်ပေမယ့်
နှလုံးကတွယ်မက်
မှတ်မိနေချင်~~~

ရင်ဖိုစွာလှိုက်မော
မိန်းမူးသောခဏ
တပ်မက်စွာနမ်းရှိုက်ခဲ့ဖူးသော
ပါးပြင်နှင့် နှုတ်ခမ်းအစုံ
နင့်အောင်ခံစားလွယ်တဲ့ရင်ခွင်
မေ့လိုက်ပါ....
ကြိုးစားပြီးမေ့လိုက်ပါ....
တဖွဖွ နှုတ်မြွက်ချွေလည်း
မေ့မရသောကိုယ်သင်းရနံ့
နှလုံးသားက
သေချာမှတ်မိ
သိရှိကျွမ်းဝင်
အလွမ်းတွေပင်
နေခဲ့ခြင်း~~~

ဒီ်ကမ္ဘာရဲ့
ကြင်နာတဲ့ရင်ခွင်
နားခိုစဉ်ခဏ
အရိပ်မဲ့စိတ်တစေ ္ဆ
ချောက်လှန့်နေဆဲဝေဒနာများ
ထားရစ်ခဲ့အနားမှာ
ရင်ခုန်ခြင်းခဏတာရဲ့
တမ်းတစရာနေ့တစ်နေ့
ဘဝမှာတိုးပွားသွားခဲ့
အပြစ်ရယ်မမြင်
အချစ်ဝင်ပါစေဆုတောင်း
တမ်းတနေကြောင်း
ဖွင့်မပြောဖြစ်
မလှစ်ဟသာလည်း
တစ်ကိုယ်တည်းစိတ်တွင်းကသာ~~~

သစ္စာဖျက်ခြင်း.....
ဤ သို့သောစကား
မဆိုပါနှင့်
ကမ်းလင့်လက်များ
ဝေးကွာသွားမှာ
စိုးကြောက်ပါ၏
အလွမ်းနှောင့်ယှက်
ပွဲဖျက်သည့်တိုင်
မည်သူ့ကိုမျှ
မမြတ်နိုးခဲ့ဘူးသော
မြတ်နိုးခြင်းအား
တိုင်တည်ကာထား
သစ္စာစကားမှာ
ရင်ခုန်ခြင်းများစွာနဲ့
နှောင်ဖွဲ့ခဲ့ခန္ဓာ
လိုချင်တပ်မက်အရိပ်ပမာ
မာယာမဲ့တဲ့အချစ်အား
တမ်းတငတ်မွတ်စွာ~~~။     ။

Tuesday, July 13, 2010

သံသရာတွင်းမှတမ်းတခြင်း

"အမှန်တော့ ဘာရယ်မဟုတ်ဘူး စိတ်ကူးနဲ့ရူးယုံပါပဲ မော်ဒန်လို့ပြောယင် ဝိုင်းရယ်ကြမှာ ဒါပေမယ့်
oldies modern ရစ်သမ်လို့သာခေါင်းစဉ်ပေးလိုက်ပါရစေ"

ပျံလွင့်သောစိတ်အစဉ်
သံသရာရယ်ရင်ထဲ
အစဉ်မြဲစိုးမိုးခိုက်
လွမ်းတမ်းတခြင်းနှင့်အတူ
လောင်မြိုက်ကျွမ်းနေသော
နှလုံးသားမှ
ထူးထွေဆန်းပြားသော
စကားနရီတို့သည်
စည်းချက်သွေဖည်သည်မို့
မေ့မရစိတ်
တွေ့ချင်မြင်ချင်စိတ်
လှောင်ပိတ်မွန်းကျပ်
တမ်းတတ်သည့်အခါတွင်မှ
တွယ်ရာမဲ့ခဲ့ လေသည်လား.......

မည်သို့ဆိုစေ
မေ့လိုက်စေရန်
တမင်ရည်ရွယ်လျှက်
မေ့ပစ်ချင်သော
အကြောင်းအရာတို့ကို
မေ့ ဆိုသောစကားလုံးတစ်လုံးဖြင့်
မေ့၍မရ ထိုခဏသည်
ဝဋ်ကြွေးဖွယ်ရာ
ဆိုးဝါးလှချေတကား.............

အကြောင်းမဲ့သက်သက်တော့မဟုတ်
တည်ငြိမ်နေလျှက်ရှိသော
ရေပြင်ပေါ်သို့ခဲ ကျသည့်အခါ
ဘောင်ဘင်ခတ်လှိုင်းထသကဲ့သို့
စိတ်အစဉ်တွင် တည်ငြိမ်ချင်ပြီဆိုခဲ့စဉ်
သံယောဇဉ်တစ်စ ဆိုသော ခဲက
တည်ငြိမ်လေသောစိတ် လွင်ပြင်ကို
ကျခဲ့လေ၏....................

တပ်မက်ခြင်း
တွယ်တာခြင်း
တို့၏စေညွှန်းရာရင်ခွင်တွင်လည်း
နှောင်ဖွဲ့ခြင်းတည်းဟူသော
ကြိုးတစ်စချည်နှောင်ရစ်ပတ်ခြင်းပေလော......

သို့တည်းမဟုတ်
အလွမ်းသရုပ်ပေါ်လွင်
ကစဉ့်ကရဲ ဖယ်ခွာတိမ်းညွတ်
တမ်းတမူးရီ
ရင်ခွင်ဆီတွင်
အနေမတတ်
ကျေနပ်ခက်လျှက်
တွယ်ငြိရစ်ပတ်
ဝေဒနာအရပ်ရပ်တို့
မခံချိမခံသာ
နေသာခံခက်
ဝေဒနာနေ့ရက်...........။     ။

Sunday, May 30, 2010

ရမ္မက်ဇောမှာမောလျခြင်း

နစ်ခဲ့မိသည်
ခဏဆီတွင်
ဇမ္ဗူ ခွင်၌
သူသာပင်ရှိ
အတွေ့အထိ
အပွေ့ကြည့်တို့
မွေ့လျော်စေသော
လောင်မြိုက်စေသည့်
ချစ်သူ့ရင်ခွင်မဟုတ်
တပ်မက်မှု၏စေရာ......

တမ်းတစရာမလို
နွမ်းလျခြင်းတွေသာပိုကဲ
မျက်ဝန်းထဲမှာ
ခဏတာတပ်မက်စိတ်
ဖောက်ပြန်ခြင်းဖြစ်မလား
ဘာစိတ်မှမရှိပါပဲ
တစ်ခါက နှောင်ဖွဲ့
သံယောဇဉ်ရေစက်
အခက်ပွေရတက်ဝေစေသား......

ဖောက်ပြန်ခြင်းမဟုတ်
အရုပ်တစ်ရုပ်လို
ပွေ့ဖက်ညံ့သက်
အလွမ်းရက်မရှည်ချင်
သောကပွေချင်ပွေ
လောဘမဝေချင်
အနမ်းတစ်ချက်
တမ်းတစ်သက်တာ
နှောင်တွယ်လေရစ်မလား.......

အမှောင်နယ်လွန်ကျူး
သေအံ့မူးမူးစိတ်
ခြေဆန့်ရူးရပါလိမ့်
တပ်မက်မိခြင်းဝေဒနာ
ရင်မှာ ပါလာမှာစိုးကြောက်
ဘဝရဲ့မှောက်မှားမှု
ခြောက်ခြားစရာ
ရင်မှာစုနေ
ဖြေမဆည်သာသောအရိပ်
ရင်မှာနှိပ်စက်
အခက်ပွေနေ့ည
သောကသာဗျာများနေခဲ့..........။ ။