Saturday, July 24, 2010

ဘာပဲဖြစ်ဖြစ် တွန်းအားပဲဖြစ်စေချင်

ပျော်ရွင်ခွင့်ရယင်
ပျော်ရွှင်ချင်ပါသေးတယ်
ကလေးဘ၀ကပျော်မြူး
ဟက်ဟက်ပက်ပက်
ရယ်မောဖူးခဲ့သလို
ခုဆို ဟာသကားတွေ
ကြည့်တောင်မှ
ပြုံးလို့မရခဲ့   (အကြောင်းကသိပြီးသားဟာသတွေကို)
တခါတရံလည်း
တစိမ်းဆန်စွာ
ဘယ်သူ့ကိုမဆို
အလိုက်ထိုက်မဆက်ဆံတတ်ခဲ့
စိတ်လိုလက်ရမရှိတဲ့
အခါမျိုးတွေဆို
မသိချင်ယောင်တောင်
ဆောင်နေတတ်ခဲ့...........

အဲတာတွေကို
ရင့်ကျက်ပြီလို့တွေးယင်
စိတ်အစဉ်မှာငိုချင်လာခဲ့
ဘ၀က အစစပေါ့
လက်ရှိနဲ့နှစ်ရက်လောက်ခြားနေခဲ့
အခုမှစလှမ်းမယ်ဆိုတဲ့လမ်းကို
ဘာဖြစ်လို့ရွေးရခဲ့လဲ
အစဉ်မြဲမကျေနပ်
ဘာပဲဖြစ်ဖြစ်လေ
လုပ်သင့်တာကိုလုပ်ပြီးပြီပဲ
ဖြစ်သင့်တာတွေ
ဖြစ်ချင်တာတွေက
မဖြစ်တဖြစ်ပဲရှိနေခဲ့...........

ဘယ်လိုပဲဖြစ်ဖြစ်
ဘ၀ကို .......
အနှုတ်ဂဏန်းကစခဲ့ဖူးတာပဲ
သုညကလည်းအခါခါ
စခဲ့ဖူးရဲ့
တစ်ကယ်တော့
ပင်ပန်းလွန်းတယ်
ဒါပေမယ့်....
မပင်ပန်းပါဘူး
ငယ်ငယ်က
လမ်းလျှောက်သင်တုန်းကလို
ခဏခဏလဲပြိုကျ
ပြန်ထရပ်ရတာပဲ
လမ်းလျှောက်ချင်တာမျိုး
ဘ၀မှာအမြဲ
စိတ်အားထက်သန်မယ်ဆို
ဘယ်နေရာကပဲစစ
တန်ဖိုးအတိုင်းတာတစ်ခုမှာရှိ.........

ဖြစ်တည်တာတွေအတွက်
စိတ်မှာကြည်နူး
ပျော်ရဖူးသလို
ဆုံးရှုံးခြင်းသဘောတရားတွေအတွက်
ဝမ်းနည်းချိန်မရှိခဲ့     (အဲလိုပဲသတ်မှတ်လိုက်ရအောင်တကယ်တော့ငိုကြွေးရတာများလို့ထုံနေပြီ)
အောင်မြင်အောင်
ကြိုးစားယင်းနဲ့
ဘ၀တွေကုန်လွန်စေမယ်
အားမာန်အသစ်တွေနဲ့
ဘရဲ့လှေခါးထစ်တွေတက်ယင်း
အမြင့်ဆုံးပန်းတိုင်အထိ
လှမ်းနိုင်ရမယ်..............။     ။

တစ်ကယ်တော့ကိုယ့်ကိုကိုယ်အားပေးဖြစ်တဲ့ပို့စ်လေးပါ အမြဲတမ်းခွန်အားတွေ တွန်းအားတွေ ရနေစေမယ်လေ
ချစ်ရတဲ့သမီးလေးနဲ့ သူ့ရဲ့မာမားအတွက် အတိုင်းအတာကြီးကြီးမားမား ရည်မှန်းချက်ထားရမယ်လေ.......

No comments: