Wednesday, August 4, 2010

ဘဝ

ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းကျတဲ့အခါ
လောကကြီးနေကောင်း
ကမ္ဘာကသာယာ
ငှက်ကလေးတွေလည်း
တေးသီတာကိုမြင်ရ
သြော်...ဘ၀ ဆိုတာ....

ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျတဲ့အခါဆို
အမုန်းတွေဝင်
အငြိုးတွေဆင်ခဲ့
ပန်းပွင့်တာလည်းမမြင်
ငှက်ကလေးတွေတေးမသီခဲ့
ဆုတောင်းတာမပြည့်လို့ဆိုပြီး
ထိုင်ပြီးငိုချင်လာခဲ့
စမ်းချောင်းလေးစီးတာလည်းအပြစ်မြင်
သမုဒ္ဒရာတောင်ခန်းခြောက်မယ်ထင်ရဲ့
ပူစေတဲ့သောက
ဆန္ဒ မပြည့်တဲ့...သြော်....ဘ၀......

ဘ၀တဲ့လား
ဘာများလဲကွယ်
တစ်ကယ်...လောကဓံဆိုတာ
ရှစ်ပါးတည်းရယ်
ပိုလည်းမလာခဲ့ပါဘူး
ခံနိုင်စွမ်းတွေနဲ့
ရင့်ကျက်လာခဲ့ပြီလား
ဖြေဆည်မရတဲ့အခါတွေးမိသည်
ဘာပဲဖြစ်ဖြစ်လေ ဘ၀ ဆိုတာ
တစ်ကယ်တော့...ခဏတာပါ............။     ။

No comments: