နွမ်းရက်တွေရှည်ကြာဝေးကာ
နွမ်းမျက်ဖြေခြေရာလေးပေးသွား
အဝေးကပုံရိပ်
အတိတ်နိမိတ်နဲ့
ကာရံတွေထပ်
နဘေညှပ်ကာ
ကဗျာတွေတွေး
စာတွေရေးလည်း
အကြောင်းမထင်
နှောင်းရင်ခွင်မှာ
နေလို့မတတ်
နေရကျပ်ခဲ့............
အတွေးနယ်မှာ
ဘေးဖယ်ခွာလည်း
နှင်လို့မထွက်
ရင်ကိုဖမ်းဆုပ်
သက်မဲ့အရုပ်
ဇီဝိန်ချုပ်ချင်
နေတော့ခင်ရေ
အတိတ်က
လွတ်ကျသွားတဲ့
အိပ်မက်တွေမှာပဲ
ပျော်မောလျ...........
ခက်တာကလေ
ငါတို့ပျော်ခဲ့
အိပ်မက်မြို့ရဲ့
ကုက္ကိုတန်းအစွန်က
ပျောက်ရှသွားတဲ့
အိပ်မက်ကလေး
ခဏလေးပြန်မက်ရယင်
လိုချင်ပါရဲ့
ကံကော်တန်းလွမ်းချင်းတွေ
ပြန်တမ်းမက်ချင်ပါရဲ့
ဒါပေမယ့်
လွတ်ကျခဲ့ပြီထင်ပါရဲ့..........။ ။
1 comment:
ကိုမောင်ရေ့......
လေးလုံးစပ်အဖွဲ့လေးတွေနဲ့ သိပ်သိပ်သည်းသည်းရေးထားတဲ့ ကဗျာလေးထဲမှာ အတိတ်ကိုလွမ်းမိတဲ့ အရိပ်တွေ ဖမ်းဆုပ်မိလိုက်တယ်......။
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
Post a Comment