Wednesday, August 4, 2010

သံသရာသာဆုံးစေတော့မေ့ခွင့်မကြုံချင်ပါ

တစ်ခဏလေးစာ
တွယ်ရစ်နှောင်ပေမယ့်
တစ်ဘ၀စာ
မှတ်မိနေမလား
သူ့အသံကြားယင်
ရင်ခွင်မှာမနေတတ်
မေ့တတ်အောင်
မေ့နေခဲ့ပေမယ့်
နဂိုကရှိယင်းစွဲသံယောဇဉ်
သူလာနှောင့်ကြောင့်
ရင်ခွင်မှာဗျာပွေဖောက်ရတယ်
မောတော့လက်ငင်း.......

ယုတ်မာတယ်ဆိုမလား
အဟုတ်ပါတစ်ကယ်
နှောင်တွယ်ခဲ့တာကြောင့်
ရင်မှာအပူပိုသာကဲရတယ်
ကိုယ့်ရင်ကအဖြစ်ကို
လူတွေနဲ့ သူလေသိနိုင်ဘူး
တိတ်တိတ်သာကြိတ်ကာကြွေရ
စိတ်မှာတော့လေ မချိတင်ကဲ..........

ရင်ကအဖြစ်တွေ
အယင်ကအချစ်တွေနဲ့
မြင်သမျှဟာသည်းရင်ပူကဲ
အမြဲပင်သူပဲလေကွယ်
သည်စကားတွေကိုလေ
သူသာကြားယင်ဖြင့်
လှောင်ရယ်လိမ့်မလားရယ်လို့
စိုးရွံစိတ်ထဲမှာ
အစဉ်မြဲသာစိုးမိုးတိုးတိုက်
နေရာယူ...........

အပူပဲလေကွယ်
သူပဲရှိနေတယ်
သူကလေတမင်
ရှောင်ဖယ်ကာပုန်းပြန်တော့
ရှက်ရွံ့စိတ်တွေနဲ့
ကိုယ့်ရင်မှာတွေဝေ
အနေခက် လေတော့
သူလှောင်ရယ်မှာ
စိုးထိတ် တိတ်တိတ်ရင်ဖို
အနွမ်းသောကတွေနဲ့
ကိုယ့်စိတ်တွေကို
ခုတမျိုး ခုတမျိုး
ခါခါပြောင်းခိုင်းပေမယ့်
မလွယ်တဲ့စိတ်အစဉ်
ဘယ်လိုပြောင်းလို့ကွယ်ရဘူး
သံသရာရေမြေဆုံးစေတော့
စိတ်မှာကွယ်တယ်မမေ့နိုင်ဘူး
ဝေခွဲရတကယ်ခက်တယ်
ရစ်ပတ်နှောင်မြဲ.............။     ။

No comments: