Thursday, August 26, 2010

အချစ်ဆုံးသူငယ်ချင်းသို့

ညတွေညတွေ
ထိုင်ထိုင်နေလည်း
ရင်တွင်းဒေါသ
ဖြေမရခဲ့
ကြွေကျနေတဲ့
စိတ်အစဉ်
မင်းမမြင်သာပါကွယ်......

အဖြစ်သနစ်တစ်ခုအတွက်
ဘဝတစ်ခုပျက်ရမလား
အတွေးမှားစိတ်ဝင်
ဖျောက်ဖျက်ပစ်လည်းမရ
ငါမှားခဲ့သလား
သံသရာမှာ
အမှားမပါပဲနေခွင့်
ကြုံချင်ပါသေးတယ်......

တစ်ခဏတော့
ငါ့စိတ်ငါအုပ်
ချုပ်ထိန်းမရ
ဖြစ်ခဲ့သေးတယ်
ငါဝန်ခံပါတယ်
ဒါပေမယ့်
သစ္စာတရား
ရှိနေပါသေးတယ်
ချစ်စရာရှားလို့လားကွယ်......

နှောင်တွယ်ရစ်ပတ်တတ်တဲ့
သံယောဇဉ်တစ်ရပ်ကြောင့်
ငါ့မှာနေသာဖြေခက်
နေမရရက်တွေ
များနေပေမယ့်
အဆုံးစွန်ထိသစ္စာမဲ့ခြင်း
မဟုတ်ခဲ့
နားလည်လို့ရမယ်ထင်.......

စိတ်ဒါဏ်ရာအမာရွတ်
ရအောင် ဘာဖြစ်လို့
လုပ်ခဲ့ကြတာလဲ
အဲဒီလိုမေးယင်
မဆင်မခြင်ဖြေကြဦးမယ်ထင်
ဘယ်လိုပင်ဖြစ်ဖြစ်
နှစ်ပေါင်းများစွာ
ခင်မင်လာခဲ့တဲ့
ငါတို့ရဲ့တွယ်တာခြင်းတွေ
အမြဲတည်တံ့နေအောင်
မင်းထောက်ထားသင့်ပါတယ်လေ.....

No comments: