Sunday, July 25, 2010

မျက်ရည်နေ့ည

မောင်...........
အလွမ်းပင်လယ်ဝေနေတဲ့ကြားက
ပန်းသခင် သူလာနှောင့်တာကြောင့်
ရင်နှလုံးကြေပြုန်း ကွဲကြေသုဉ်းကာ
အမြဲသေဆုံးခဲ့ပြီကွယ်............
ကံကြမ္မာ အငြိုးရယ်က
ဖန်တရာလွမ်းနှင့်အောင်လို့
သံသရာကမ်းလင့်နှောင်ဖွဲ့ကာ
မောင်မှမောင်ပါလို့ ဆိုတော့
ကိုယ့်ကိုကိုယ်ပင်
မုန်းချင်သည်................

သံတရာတခွင်ဆုံးစေတော့
အမှန်သာပင်မုန်းလို့ကွယ်ရဘူး
မောင်ဆိုတာလာကာပြုံးပြန်တော့
စိုစွတ်တဲ့ မျက်ဝန်းတစုံနဲ့
ပိုလွန်းတဲ့ရင်ကသည်းကို
ခွဲထုတ်ကာဆားနဲ့ပက်ချင်လှ
ခက်သည်ကဝေဒနာ
သေရွာသာသွားချင်တော့
ခက်သည်ပေါ့မောင်ရယ်လေ................

ခွဲခွာတာနှစ်နှစ်မကပေမယ့်
လိုအပ်ယင်အသက်ပင်ဆုံးစေတော့
မုန်းမျက်ရည်သီကာဝေ့ရတယ်
မေ့ရဲ့မျက်ဝန်း
တွေ့ပြီလက်ငင်းမှာလေ
ချက်ချင်းသာမောင်ပြန်ခဲ့ ပါတော့
မေ့ရင်တွင်းအမြဲပင်မောင်ရှိနေ
ဝေးလွင့်ခြင်းအတိတ်ခြေရာဆိုတာလဲ
ချစ်တဲ့မောင့်ကိုမေ့နိုင်ဘူး
လင်တရူးလို့ပြောယင်လည်း
ခံရမယ့်မေပါ...............

အသေချာဘယ်နေ့
ဘယ်မှာတွေ့လိမ့်
ငိုချင်လျက်ခက်တွေ့
ရတက်တွေပွေ့ကာ
မောင်ရယ်....သက်သေခံကလေ
မျက်ရည်နေ့ည..............။ ။

ချစ်သူမောင် မာမီဖြစ်သွားပြီလို့ပြောလည်းတတ်နိုင်ဘူး ဟိုး...တချိန်တုန်းကတစ်ယောက်အတွက်ပါ

2 comments:

အိမ့်ချမ်းမြေ့ said...

ဒီကဗျာဖတ်နေရင်း.. ချစ်သူမောင်ဟာ ယောင်္ကျားလေးလား မိန်းကလေးလားဆိုပြီး ဖြစ်သွားသေးတယ်..
အောက်က မှတ်ချက်လေးဖတ်ပြီးမှ ပြုံးမိတယ်..း))

ချစ်သူမောင် said...

:) ကျေးဇူးပါခင်ဗျာ တစ်ခါတစ်ခါတော့လည်းစိတ်ထဲမှာကိုယ်ချင်းစာစိတ်တွေအတွက် ကဗျာလေးတွေခံစားရေးဖြစ်တာပါ