Wednesday, August 11, 2010

သွားတော့သခင်

သွားပါတော့ခင်
မောင့်သခင်ရေ.....
တွယ်မက်တိမ်းမူး
တပ်မက်ဖူးတဲ့
နှုတ်ခမ်းအစုံ
တုန်ရီစွာလှိုက်မော
နင့်သောရင်အစုံ
မငိုယုံတမည်ပါကွယ်
ပြောရဦးမလား
နှောင်တွယ်ရစ်ပတ်တတ်တဲ့
သံယောဇဉ်အကြောင်း
ဘာပဲဖြစ်ဖြစ်
ပြန်ပြောင်းမပြောရစ်ရအောင်
နေပါရစေကွယ်
တွယ်တာနှောင်ရစ်
သိပ်ချစ်သတဲ့လား
မပြောချင်တဲ့နှုတ်ဖျားက
ငိုယင်းရယ်ယင်း
အမှားပိုတဲ့
စကားတွေလည်းမလိုချင်ပါ
အခြားသူတွေလို
အများသူငါ
ဆိုဖြစ်တဲ့စကားတွေလည်း
မဆိုချင်ပါ
နေပါရစေ
မောင့်သခင်
တစ်ရေးနိုးအတွေးနဲ့
ကဗျာထရေးဖြစ်တဲ့
ညအိပ်မက်ရဲ့
အဖြစ်မျိုးထွေထွေလည်း
မလိုချင်ပါ...
ငိုချင်ယုံသာ
နေပါစေလေ
ရှိပါစေမေ
ရင်ခွင်သည်းကျွမ်း
အလွမ်းဖန်တီး
သောကမီးလည်း
သည်အတိုင်းပင်ရှိစေတော့ခင်
မောင့်အလွမ်းသခင်
နွမ်းလို့ပင်ခွေလျော့
နေခဲ့တော့မည်
သွားတော့လေ
ကိုယ်ပိုင်ရင်ခွင်ဆီ.................

No comments: