Tuesday, June 26, 2012

အချစ်ဦး















တွေ့နေရယုံ
မြင်ရယုံမျှ
နေသာကြည်နူး
နေခဲ့ဖူးသည်.....

မရွယ်စူးပဲ
ဘဝတကွေ့
ပြန်ဆုံတွေ့လျှင်
ရင်ခုန်ကြည်နူး
နေဖူးပြန်သည်.....

ဖေးမပြောကြား
စကားတွေမှာ
နှောင်တွယ်နွယ်ရစ်
အသစ်ဖြစ်တည်
တသရင်မှာ
လှိုက်မောသည်......

ပြောတဲ့စကား
နားမှာသကာဖြစ်
ပျားရည်နှစ်သို့
ချိုမြကြည်အေး
ရင်ကိုနွေးစေ.......

ကြည့်တဲ့မျက်ဝန်း
ရင်ကိုဖောက်ဝင်
စူးစူးနင်နင်
လှုက်ဖိုမောလျ
ချိန်တိုင်းတမ်းတ
လွမ်းပိုသည်......။     ။


Monday, June 4, 2012

တခါကကားထဲမှာ.......
















မိုးတွေသည်းသည်း
တမ်းတဆဲမှာ
တခါကဝေဒနာ
ပြန်လည်မြင်ယောင်
အလွမ်းတွေတောင်ဖက်ဆီက
ညို့ညို့လို့လာချေပြီ
မရွာပဲဟန်ပြင်တဲ့သည်မိုး
မညာပဲခင်နှင်တဲ့အချိုးတွေကြောင့်
မောင့်အတွေးနယ်မှာ
လွမ်းလို့ကျန်ဆဲ.......။     ။


လွမ်းပါ့


မိုးတွေရွာပြီ
အလွမ်းသည်မို့
ပျော်ချင်သလား
တွေးတိုင်းအားငယ်
မျက်ရည်လည်ရွဲ
ရင်ခွင်ထဲက
သည်းဦးနန်းမှာ
စံထိုက်သူရယ်မို့
အကြံအိုက်ရတဲ့
ကိုယ်ပါကွယ်
မလိုတမာဘယ်လို
ပြောစေဦးတော့
ရွယ်ရွယ်ရည်စူး
မောင့်သက်ဦးကို
အောက်မေ့သတိရ
တမ်းတမိသည်
မိုးတွေရွာခိုက်
တွေ့ခွင့်မကြုံ......။     ။


Monday, May 28, 2012

ညှာကေခိုင်ပိုင်ပိုင်ပန်သူငဲ့















မေ့နေခဲ့တယ်
မင်းမွေးနေ့ကို
အလွမ်းတွေပါကွယ်
အနွမ်းကြွေ
စမ်းရေတစ်လျှောက်မှာ
တမ်းတခြင်းတွေ
ဝေးစေဆိုပြီး
တချိန်ကဖုံးဖိလို့မရတဲ့
အတ္တနဲ့မစ္စရိယအတွက်
မင်းမွေးနေ့ကို
ကိုယ်လေတမင်
မေ့ပစ်ခဲ့တယ်.....

ကြာလာတော့
တစ်ကယ်မေ့ရော
ဆိုပါစို့ကွယ်
ဝန်ခံပါတယ်
ရင်ကအမှား
မဖောက်ပြားတောင်
ဖောက်ပြားချင်ယောင်ဆောင်ခဲ့
အတ္တစိတ်ရဲ့
စေညွှန်ရာကို
မှားမှန်သိလျှက်
ကောက်ကောက်လိုက်ခဲ့
ချစ်သူမုန်းစေ
မေ့စေရွယ်စူး
မောင်ရူးချင်စိတ်
ဖြစ်မိလေလည်း
တွေးဘဝင်မှာ
ချစ်သူသက်သာစေရယ်ပေါ့
တမင်ထင်လွဲ
မုန်းစေရန်ရွယ်စူး
ဖယ်ခွာတိမ်းကာ
တစိမ်းလို
နေစေချင်
မှောက်မှားတဲ့
စိတ်အစဉ်မှာ
မောင်ရူးခဲ့တယ်
ဆိုပါစို့........

မမေ့သာသူ့ရင်ထဲ
သောကပွဲဆင့်အောင်
မောင်လေ.....
မချစ်ချင်ယောင်
ဆောင်ခဲ့မိတယ်
ဟိုတနေ့မှ
သိခွင့်ရခဲ့
ခွဲဖို့ခက်ခဲ
ဘဝထဲမှာ
မနေပျော်ပဲ
သူနေခဲ့ကာ
တစ်ယောက်တည်းဘဝမှာ
အထီးကျန်မှုတွေ
ရင်ဆိုင်ဖြတ်သန်း
ပန်းခင်းလမ်းမဟုတ်ပေမယ့်
နင်းလျှောက်ဖြတ်သန်း
လာခဲ့တယ်.......

မောင့်အမှားတွက်
ခွင့်လွှတ်စေရန်
မတောင်းပန်လည်း
သူကခွင့်လွှတ်
နေခဲ့သည်မို့
ယူကြုံးမရ
တဘဝစာ
ဝေးနှင့်လေဦးဟု
ညှာကေခိုင်ပိုင်ပိုင်
ပန်ခဲ့သူရဲ့
မောင့်အတွက်
လှောင်ပြုံး......။      ။


Thursday, May 24, 2012

ငိုလို့ရဘူး မောင့်ချစ်ဖူး

















ငိုလို့ရဘူး
မောင့်ချစ်ဖူးရယ်
တွယ်တွယ်တာတာ
တမ်းတမ်းတတ
ညညရက်တွေ
မရှည်ချင်ပါ
မျှော်တော်ဇောနဲ့
မောလှပြီထင့်
တွေ့ချင်မြင်ချင်ဇော
ရင်မှာမောလျ
စိတ္တဇညလို
တမ်းတပိုတဲ့
ရှည်ကြာခဲ့
နေ့ရက်များပါ.....

မဖြေသာခဲ့
တွေ့အခက်ကြား
ဘယ်ဆီရှောင်ပုန်း
နေဦးပေါ့လေ
အချစ်တွေလေ
ရင်အပြည့်ပါ
မသိရော့လားထင်
ခင်ခင်မေ့မှာ
စိုးကြောက်ပါရဲ့
မိုးနှောင့်လို့
ညှာကြွေမျက်ရည်ပုလဲ
သီတွဲခဲ့သို့
လွမ်းလို့မော်ဖူး
မောင့်ချစ်ဖူးရယ်
မရွယ်ရာ
ကွယ်ရာကပဲတမ်းတတယ်.........

မျက်နှာမွန်ဦး
တွေ့ခွင့် ဖူးချင်
မျှော်လင့်ခြင်းအစဉ်
စိတ်ဘဝင်မှာ
တွယ်တာတမ်းတ
မြတ်နိုးရ၏
ချစ်သည်ခင်ရေ
တွယ်မက်တိမ်းမူး
ပျော်ခဲ့ဖူးတဲ့
ဘဝတွေကို
ပြန်လည်တမ်းတယင်း
ရင်ခွင်မှာတဆိတ်
စိုးထိတ်ပိုခဲ့
ဝင်ခဲ့သံသယ
ကြင်ခဲ့ခဏတာ
ဘဝဆိုတာ
ပိုင်ဆိုင်ခဲ့ကြဖူးပြီပဲ.......

ပျော်ခဲ့ဖူးတယ်
ခဏဆိုတဲ့
အဲဒီဘဝထဲမှာ
မောင်သာပြေးထွက်
မနေရဲခဲ့ခြင်းလို့
ခုမှတမ်းတ
နောင်တရလည်း
ကာရံစည်းခြား
တံတိုင်းဖျားက
မြင့်လွန်းသမို့
မခေါ်မပြောယင်လည်း
မနေပါနဲ့
အပေါ်ကြောဆိုယင်လည်း
မမင်ပါနဲ့ကွယ်
ရင်ခွင်ကနုသမို့
ငိုလို့ရဘူး
မောင့်ချစ်ဖူးရယ်.......။     ။


Wednesday, May 16, 2012

နှောင်းနောင်တ




















ကိုယ်ငိုနေတာ
သိသွားသလား
ဆောရီးပါကွယ်
နှောင်းမှရတဲ့
နောင်တတွေပွေ့လို့
ကလေးကလားတော့
မဟုတ်ခဲ့ပါဘူး
အသွေးသားကြောင့်
ဖြစ်မယ်ထင်တယ်
တစ်ခါက
တစ်ချိန်က
ကျူးလွန်ခဲ့တဲ့
အပြစ်အတွက်
ပေးဆပ်လိုက်ရတဲ့
အရာက
လူသားတစ်ယောက်အတွက်
လူသားတစ်ယောက်ပါ
အသက်တစ်ချောင်းအတွက်
အသက်တစ်ချောင်းပါ
ဟာမူရာဗီကိုယ်ဓဥပဒေ
နားမလည်ယင်နေပေါ့
သဘာဝတရားကတော့
နားလည်တယ်
ခက်တာက
လူသားနှစ်ယောက်လုံး
အသက်နှစ်ချောင်းလုံးက
ကိုယ့်သွေးတွေလေ
ကဲခံနိုင်မလား
မငိုပဲနဲ့
တစ်ယောက်က
ကိုယ့်ရဲ့အတ္တနဲ့
ဥပေက္ခာကြောင့်
နောက်တစ်ယောက်က
နောက်တစ်ယောက်ရဲ့
ဂရုနာမဲ့မှုကြောင့်
ဘာမှန်းတောင်မသိသေးတဲ့
သွေးခဲလေးဘဝမှာ
ပျက်စီးခဲ့ကြရှာ
ပြုသူအသစ်
ဖြစ်သူအဟောင်း
အကျိုးကြောင့်
အကြောင်းဖြစ်တယ်
ကဲ....ဘာပဲဖြစ်ဖြစ်ပေါ့
မင်းခါးကသေနတ်ထုတ်
ငါ့နထင်ကိုတေ့ပြီး
မောင်းသာဖြုတ်လိုက်တော့........ ။     ။


Monday, May 14, 2012

ရင်ခွင်ဦး




နေ့နေ့ညည
မေ့မရဘူး
သည်းဦးပန်းရယ်
ငေးမှိုင်တွေလည်း
မပျော်သောက
ရင်မောရတဲ့
ညတွေမှာလေ
နေစရာနေရာ
ရှားဘိတောင်း......

တွေ့တွေ့သမျှ
မင်းသာပန်ဖူး
မောင့်သဲပန်းဦး
ညညတွေဆို
အချွဲပိုတဲ့
စကားတွေလေ
ပြောလို့မကုန်
အမြဲဖောင်ဖွဲ့
နေခဲ့ရက်တွေ
လွမ်းလက်ကျန်လေ
မကုန်သ၍
ဘုံဓလေ့တွင်
ဆုံတွေ့ချင်ခဲ့.....

မက်မက်မောမော
တွယ်တာတမ်းတ
နွမ်းလျညတွေ
မရှိချင်ခဲ့
သို့ပေမယ့်လည်း
တို့တွေဝေးနေ
မိုင်ပေါင်းထွေထွေ
နီးလို့သာလေ
နေချင်ခဲ့.......

ဖွဲ့ဖွဲ့ နွဲ့ နွဲ့
မတွေးချင်လည်း
အဖြေခက်တဲ့
နေ့တွေညတွေ
မှိုင်တွေနေလည်း
တမ်းမက်မောမိ
ရင်မှာရှိနေ
အသိပွေတော့
ရင်ကသောက
မခက်လားကွယ်
သည်းညှာချစ်ဦး
မြတ်နိုးဖူးရယ်......

စိတ်ရဲ့စေတသိက်
ချုပ်ငြိမ်းရာရာ
လင်္ကာရသဘော
ခင်ထာဝရမောမည်
အပြောမညီသည့်
လက်တွေ့သဘောတွေသည်
စောကြောဝေဖန်
ဝေဒနာမှန်လေ.......

အခက်တွေ့နေ
တို့ဝေးနေလည်း
အချစ်ရေသည်းဦး
ရင်မွန်ဦးရယ်
ကမ်းလို့ကြိုမယ်
အချစ်တွေနဲ့ပေါ့
ရင်တံခါးကို
အစဉ်ထာဝရ
မင်းအတွက်ဖွင့်ထားမယ်
နားလှည့်ခိုလှည့်
ဘဝအမောတွေအတွက်
မှေးမှိတ်ချွေးသိပ်
ပြေစေလှည့်......။     ။



Friday, May 11, 2012

ချစ်သူသိစေ

















နှစ်ပေါင်းရှည်ကြာ
ကြာလေမမေ့
လမ်းတကွေ့
မုန်းတမေ့မှာ
ချစ်တင်းဆိုခြင်း
မမေ့သည်.....

လွမ်းတပွေ့နဲ့
လှမ်းတွေ့မိစဉ်
ရင်သည်လှပ်ခုန်
သည်းရင်ဖိုသည်
ပီဘိဆယ်ကျော်
တစ်ဦးနှယ်.....

ချစ်ခဲ့ဖူးသော
နေ့ရက်များဆီ
တမ်းမိသည်လား
မရေရာအတွေး
စိတ်ကူးတွေသည်
တောင်တောင်အီအီ
ပျံ့လွင့်စိတ်အစဉ်
ထိန်းချုပ်ခက်လျှက်
နေနှင့်ရက်ရှည်
တမ်းမိသည်လေ.....

ချစ်သခင်သက်ထား
အခက်များပွေချင်
မမေ့ချင်ပါ
နေ့ရက်တွေမှာ
စကားချိုမြ
ကြားမိနေချင်
စိတ်အစဉ်သည်
ပျံပျံလွင့်.......

ကြင်နာမြတ်နိုး
ချစ်စကားပြောမိ
တွယ်မက်မိသော
နေရာဟောင်းသို့
ခဏရောက်ဖြစ်
အလွမ်းတွေပြည့်
အဆွေးချည့်ကျန်သည်
သခင်သက်ထားသိစေချင်........

မမုန်းသေးပါ
တွင်တွင်မြတ်နိုး
ဆိုစကားတွေ
ထိန်းခဲ့ဖူးသော
သမာဓိသိက္ခာ
အလယ်မှာ
ပန်းတစ်ကုံးသာခြားကာ
အိပ်စက်ခဲ့ကြတဲ့
ဘန်ကောက်ညရဲ့
သစ္စာတရားသည်
အတွေးဝယ်ရိပ်ရိပ်ထင်.....

အမှတ်မထင်
ခေါ်သံကြားမှာ
လှိုက်ကနဲဝမ်းသာ
သို့သော်ငြားလေ
တို့တတွေသည်
ဝေးခဲ့ပြီလေ
အမှတ်ရမိ
သတိရှိစွာ
ရင်မှာလွမ်းမော
တမ်းတမိယုံမှတစ်ပါး........

ခက်ခဲနေ့ရက်များ
ဖြတ်ကျော်ခဲ့ပြီးပြီပဲ
ဘယ်လိုနေမလဲ
ဆက်မတွေးပါ
မျှော်လင့်ခြင်းများစွာ
မထားတော့ပါ
ရင်မှာသာ
အလွမ်းစကားအဖြစ်
တမ်းတယင်းကျန်ရစ်......။     ။


Tuesday, May 8, 2012

ကျွန်တော်၏ကဏ္ဍကောစအတွေးများ

ရေးစရာတွေကိုအတွေးထဲမှာစုမှတ်ထားသော်လည်းမရေးဖြစ်သောအခါအလကား
အတွေးများအဖြစ်သို့ရောက်ရှိသွားကြသည်။ရေးမယ်ရေးမယ်ရေးမယ်နဲ့မရေးဖြစ်
သောအကြောင်းများကိုယ္ခုစတင်ရေးသားပါမည်။
၁။     ။စည်းကမ်းသည်လူ၏တန်ဖိုး
        ဟုဆိုကြလေသည်။ နေရာတကာ၌ ထိုစာတန်းများတွေ့ ရသော်လည်းယ္ခု
အချိန်ထိ စည်းကမ်းသည်ငါတို့နှင့်မဆိုင် ဟုတွေးထင်ကြလေသလားမသိပါချေ။
အမှိုက်များကိုစည်းကမ်းတကျစွန့်ပစ်ပါ

ဟုဆိုငြားသော်လည်းယ္ခုအချိန်ထိစည်းကမ်းတကျအမှိုက်စွန့်ပစ်ခြင်းမျိုးမတွေ့ရ
သေးပါချေ။ ရထားပေါ်မှာအမှိုက်ပုံးများထားပေးထားသော်လည်းအမှိုက်ပုံးထဲတွင်
အမှိုက်စွန့်ပစ်ခြင်းမတွေ့မိသေးပါ။ရပ်ကွက်တွင်းမြေညီထပ်နေသူများလည်းထို
ကိစ္စမျိုးတွေ့ကြမည်ထင်ပါသည် အိမ်နောက်ဖက်နောက်ဖေးလမ်းကြားထဲသို့
ထမင်းသိုး၊ဟင်းသိုး စွန့်ပစ်ခြင်း(မည်သို့ဒါဏ်ရိုက်မည်)ဟုဆိုစေကာမူ။ တခါတရံ
အိမ်ပေါ်ထပ်မှကွမ်းတံတွေးအထုပ်လိုက်ပစ်ချခြင်းမျိုးပါကြုံဘူးကြပေမည်။

ထိုအခါမျိုးတွင် စည်းကမ်း၏တန်ဖိုးပိုမိုသိလာမည်ထင်သည်။ စည်းကမ်းမဲ့ခြင်းသည်
လူမျိုးစရိုက်မဖြစ်စေချင်ပါ။ဆေးလိပ်သောက်တတ်သူ၏အိမ်တွင်ဆေးလိပ်ပြာခွက်
ထားရှိသုံးစွဲခြင်းသည်မီးအန္တရာယ်ကင်းစေယုံမက အိမ်သန့်ရှင်းရေးအတွက်ပါ

ကောင်းပေမည်၏ငါတို့တော့ဒီလိုကြမ်းကြားထဲကပစ်ထည့်လိုက်တာပဲ ဆိုသောသူ
၏အသံမှာကြောချမ်းစရာ ၊အိမ်အောက်တွင်ဗွက်အိုင်ရှိပါကအကြောင်းမဟုတ်သော်
လည်း လေသယ်ယူရာအမှိုက်တိုအမှိုက်စများရှိနေခဲ့ပါလျှင်.........။
၂။     ။လူငယ်တို့၏အတွေးအခေါ်တိုးတက်ရေး
         ငွေချမ်းသာသူများအတွက် ပညာရေးကိုနိုင်ငံခြားတွင်ငွေနှင့်စက်၍၀ယ်ယူနိုင်
ပါသည်ပြည်တွင်းပညာသင်သူများအဖို့ဘွဲ့လေးတစ်ခုရလျှင်ပင်ဟိုးယ္ခင်က
သေစာရှင်စာ တတ်သောအဆင့်မျှပင်ရှိလေသည်။ထိုဘွဲ့တစ်ခုကိုကိုင်ကာဒီအလုပ်
ကငါနှင့်မတန်သေးဘူးဒီအလုပ်ကငါနှင့်မတော်ဘူးဟူ၍တွေးခေါ်သူများလာပါ
သည်။ထိုသို့မတွေးခေါ်ကြပဲနိုင်ငံ အသစ်တည်ဆောက်ရေးမှာ အနည်းကျဉ်းမျှပါဝင်
ယုံ စဉ်းစားကြည့်စေချင်ပါသည်။ အလကားနေအလကားလဘက်ရည်ဆိုင်၊

ဘီယာဆိုင်ယဉ်ကျေးမှုတွင်နစ်မျောမနေစေချင်ပါ။ အတွေးခေါ်များတိုးတက်သင့်
ပါပြီ။ အာစရိယ အနွယ်ဝင်ဆရာများကလည်းကလေးများ၏စိတ်ဓါတ်မြှင့်တင်ပေးစေ
လိုပါသည်။ အတွေးခေါ်တိုးတက်စေရန် (အင်တာနက်ခေတ်မှာ)စာများများဖတ်ပါ
လို့ပြောစရာလိုမယ်မထင်သော်လည်းပြောလိုက်ပါမည် စာများများဖတ်ပါ

တတ်နိုင်သမျှဝေငှပါ ဆိုရှယ်နက်ဝပ် ထဲအချိန်ကုန်လင့်ကစားE-book များများ
ဒေါင်း၍ဖတ်သင့်ပါသည် (အကြံပေးချင်တာပါ)

၃။     ။လမ်းတွေပိုကြပ်လာခြင်း
         အခြားမြို့များတွင်တော့မသိပါ ရန်ကုန်မြို့တွင်းလမ်းများပိုကျပ်လာပါသည်။
ကားအဟောင်းများလဲခွင့်ပါမစ်များကြောင့်ထင်ပါသည် ကားတွေများလာတာနှင့်အမျှ
ငါတို့နိုင်ငံကြီးအတော်ချမ်းသာတာပဲဟုမုဒိတာဖြစ်မိပါသည်။သို့သော်လမ်းတွေကြပ်
လာသည်ယ္ခင်နာရီဝက်ခရီးကယ္ခုတစ်နာရီခွဲခန့်မောင်းရသည့်အခြေနေသို့ရောက်
ရှိလာပါသည်။သက်ဆိုင်ရာကစီမံကိန်းဆွဲလမ်းများချဲ့ထွင်နေသော်လည်းခုံးကျော်
တံတားလေးစင်းမှာကြေငြာချက်ထဲတွင်ကျန်ခဲ့ပြီလောမသိ။လောလောဆယ်ဦးဝိစာ
ရလမ်းချဲ့ထွင်နေမှုအပေါ်ဝေဖန်သံများဆူညံနေပါသည်နှစ်ပေါင်း၇၅နှစ်ရှိပြီဖြစ်
သောရေတမာပင်ခုတ်မှု အတော်အမှုကြီးသည် သို့သော် ခုတ်ခြင်းမဟုတ် နှုတ်ခြင်း
ဖြစ်ပါသည် မပြီးခင်မြန်မာမမြင်စေနဲ့ဆိုတဲ့စကားအလကားထားခဲ့တာမဟုတ်မှန်း
သိရပေပြီ။ထိုအပင်များကို ဒညင်းကုန်းလမ်းဆုံတွင်ပြန်လည်စိုက်ပျိုးနေသည်ကိုသေ
ချာမြင်တွေ့ခဲ့ရသည်။ထို့အတွက်အပေါ်မော့၍တံတွေးမထွေးကြပါနှင့်လူမုန်းများပါသည်။

၎။     ။စစ်တမ်းတစ်ခု
        လူမှုကွန်ယက်တွင်အချိန်ကုန်ကြသူများအတွက်စစ်တမ်းတစ်ခုထွက်ပေါ်
လာပါသည်။ လူမှုကွန်ယက်သုံးစွဲခြင်းကိုစွန့်လွှတ်ရတော့မည်ကဲ့သို့ဖြစ်ရလေသည်
သို့သော်ကိုယ်ချစ်သောအပေါင်းသင်းရောင်းရင်းများနှင့်မခွဲခွာနိုင်ပါ။အပ်ဒိတ်သတင်း
များကိုလည်းမစွန့်လွှတ်နိုင်ပါ ထို့အတွက်လူမှုကွန်ယက်ကိုဆက်လက်သုံးစွဲပါမည်။

၅။     ။Brain storming နှင့်ပါတ်သက်၍
         အပြန်လှန်ငြင်းခုံမှုများသည် Brain storming ဖြစ်စေသည်လားကျွန်တော်က
တော့ ထိုကဲ့သို့မထင်ပါ ထိုသို့Brain stormingဖြစ်ယုံမျှနှင့်တိုးတက်သည်ဟုဆို
လျှင် IQ , EQ စသည်တို့ဘယ်နေရာတွင်ထားမည်နည်းအဖွဲ့စည်းတစ်ခုကအသည်း
အသန်ငြင်းခုံကာအဖြေရှာနေသောကိစ္စတစ်ခုဆိုပါစို့ ထိုကိစ္စကိုလူငယ်တစ်ဦးကသူ
တစ်ဦးတည်းအလွယ်တကူအဖြေရှာနိုင်ခဲ့သော် ထို Brain storming ဆိုသောအယူ
အဆမှာ ငပေါကြီးဖြစ်ပေတော့မည်။တစ်ဦးတည်းပေါခြင်းမျိုးမဟုတ် အစုလိုက်အဖွဲ့
လိုက်ပေါခြင်းမျိုးဖြစ်တော့မည်။

Tuesday, April 17, 2012

၀တ်လစ်စလစ် ရိုးရာယဉ်ကျေးမှု

                                 ဤသို့ကခုန်ကြသည်




ဤသို့အနောက်ဆန်ကြသည်    


အောက်ကပုံလိုရေပင်မရောကြတော့   


ဤသို့ကျက်သရေရှိသော.....



အချိန်ကား အေဒီ ၂၀၁၂ ခုနှစ်
နေရာကား ဗာရာဏသီပြည်
အုပ်ချုပ်မင်းလုပ်သူကား စကြဝတေးမင်းဟုသမုတ်ခံထားရသူ

ဆင်မည်းများရှင်သားရေစီသူမင်းတြား......ဗာရာဏသီပြည်ကြီးအလွန်စည်ကားဖွံ့ဖြိုးတိုး
တက်လာသည့် ကာလဖြစ်သည့်အလျောက်နိုင်ငံတွင်းတွင်လည်းအလွန်စည်ကား
သိုက်မြိုက်လွန်းလှချေသည်။ဝတ်စားပုံမှာအလွန်အဆင့်တန်းမြင့်မားလာကြရာ
ဖက်ရှင်ဒီဇိုင်နာများသည် ပိုးထည်အမျိုးစားမှထုတ်လုပ်အပ်သော (ယ္ခုခေတ်)
ဇာခြင်ထောင်တမျှ ပါးလှပ်သော ပိတ်အုပ်တို့ကို အဝတ်အထည်အဖြစ်ချုပ်လုပ်
ရတော့သည်။ထို့အပြင်ဘောင်းဘီ၊စကပ်စသည်တို့သည်လည်းတိုသည်ထက်တိုကုန်ကြသည်ဖြစ်ရာလုံမပျိုတို့
မြင်ကွင်းအလှူကြီးပေးကုန်ကြသောခေတ်ဖြစ်တော့သည်။
ကမ္ဘာကြီးပူနွေးလာသည့်အတွက် ဗာရာဏသီပြည်သည် အီကွေ
တာနှင့်နီးသဖြင့်အပူဒါဏ်ကိုခံစားရလေရာထိုမျှပါးသောလှပ်သောအဝတ်အထည်

ပင်အေးမြအောင်စွမ်းဆောင်နိုင်ခြင်းမရှိသေးချေ ။

ထို့အပြင်ထိုထိုသောဗာရာဏသီပြည်၏ထူးခြားချက်အဖြစ် နှစ်သစ်ကူးကာလတွင်
ရေပက်ဖျန်းခြင်းဖြင့်မင်္ဂလာယူကုန်ကြသည် ဖြစ်လေ၏။

ထိုကာလတွင်ကားလူငယ်များစည်းလွတ်ဝါးလွတ်ပျော်ရွှင်ကြသည်ဖြစ်ကြလေရာ
အရက်သေစာ သောက်ပွဲစားပွဲဆင်ယင်ကျင်းပကာ ရေသွန်းလောင်းပက်ဖျန်းကြ
ကုန်သည်ဖြစ်ရာယခင့်ယခင်မင်းများလက်ထက်ထက်ပို၍တမူထူးခြားကာပို၍
စည်ကားလေသည် မြို့တော်တစ်ဝိုက်တွင်ဆိုဖွယ်မရှိ။

အလွန်စည်ကားလေရာရေသဘင်ပွဲသည်သေသောက်ပွဲနှင့်မခြား တမူထူးခြား
သည်ကား ယခင့်ယခင်မင်းများလက်ထက်နှင့်မတူ အမျိုးသမီးမြောက်မြားစွာ
ပါသေသောက်ကြူးပွဲတွင်ပါဝင်လာကြခြင်းဖြစ်လေသည်၊

မြင်ကွင်း(၁)

အလွန်ပူအိုက်ရသည်ဖြစ်လေရာ အမျိုးသမီးများဘီကီနီ ပါးပါးဝတ်ကာ

မဏ္ဍပ်များပေါ်တွင်ရေကစားနေလတ္တံ့ထိုမဏ္ဍပ်ဘေးတွင်

မှောင်ခိုအရက်ဘီယာအမြည်းစုံလင်စွာရသောဆိုင်ငယ်လေးတစ်ဆိုင်အဆင်သင့်
ရှိလေရာမဏ္ဍပ်ပေါ်တွင်ရေကစားနေရာမှ အတန်ငယ်အေးလာသောလုံမပျိုများ
ထိုသေရည်ဆိုင်တွင်းသို့ဆင်း၍သောက်စားကြသည်မူးကာအန်ကြသည်အထိ။
အရက်သေစာကိုအလွန်ကျွံသောက်စားမိပါကသူရာမေဓရကံတစ်မျိုးမှလွဲ၍
ထပ်မံကာမည်သည့်ကံကိုမှ မချိုးဖောက်နိုင်သော်လည်း ရီဝေေ၀အဆင့်တွင်
မည်သည့်ကံမျိုးကိုကျူးလွန်ရမလဲလာခဲ့ဟူ၍သွေးကြွတတ်လေရာ သူရာမေဓရ
ကံအပြင် အနီးစပ်ဆုံးဖြစ်သော ကာမေသုမိစ္ဆာစာရကံကိုပါကျူးလွန်ရန်
ဝန်မလေးသည်ဖြစ်ရကာ ထိုသို့ဖြစ်အောင်မြှူဆွယ်သည့်ကကွက်မျိုးစုံဖြင့်
စင်ပေါ်ပြန်တက်ကာကော့ကော်ကန်ကား ကပြသည်ဖြစ်လေရာ

ရေပက်ခံထွက်လာသော ချယ်ဂါရီပေါ်မှပုရိဿတို့မနေနိုင်မထိုင်နိုင်ဖြစ်ကာ
ဝင်ရောရာမှ လူရှေ့မရှောင် အရှက်တရားကင်းမဲ့စွာ အနောက်နိုင်ငံများတွင်
နမ်းလေ့ရှိသောပါးစပ်ချင်းနမ်းသည်အထိအပြင်ရမက်ဇောပြင်းထန်လာပြီး
နောက် အဆင်ပြေပါက မဏ္ဍပ်နောက်အတူဝင်ကာ အဝတ်လဲခန်းတွင်း.............

မြင်ကွင်း(၂)

ရေပက်ခံထွက်သောစက်တပ်ချယ်ဂါရီများပေါ်တွင်လည်းမထွက်မီက ကြိုတင်စု
ဆောင်းထားသောရေခဲစိမ်ထားသည့်သေရည်ပုလင်းအပြည့်ထည့်ထားသော
ဖော့ပုံးများတင်ကာ ရေပက်ခံချယ်ဂါရီများပေါ်မှလုံမပျိုများနှင့် အမယ်ကြီးများ
ပါမကျန် ကိုကိုမောင်မောင်တို့အသာထား မူးယစ်ရီဝေကုန်ကြသည်ဖြစ်ရာ
ပတ်ဝန်းကျင်ကိုလည်းဂရုမထားနိုင်ကဲသာကဲဆွဲသာဆွဲဖြစ်ကုန်ကြသည်က
တဖုံ.......အားမရ၍တည်းခိုခန်းဟိုတယ်ရောက်ကြသူများလည်းရှိကြကုန်သည်
ဖြစ်ရာ............

မြင်ကွင်း(၃)

ဗာရာဏသီပြည်၏ တန်ဆာဖြစ်သောမင်းသမီးချောတစ်ဦးသည်လည်း ပထမနေ့
ဘီကီနီဝတ်ထားသည်ကိုဝိုင်းပြောကြသည်ကိုကြားသည်ထင့်နောက်တစ်နေ့တွင်
အတွင်းခံ(ဘရာစီယာ)ပင်မပါတီရှပ်လက်ရှည်ကိုရင်ဘတ်တွင်ကန့်လန့်ခွဲ
ကာဖြဲစုတ်ကာဝတ်ဆင်လာ၏အနုပညာနယ်ပယ်မှ နာမည်ကြီးရော့ခ်အဆိုတော်
မမခမျာပင်နီအင်္ကျ ီနှင့်သာ(ချီးကြူးစရာတစ်ဦး) အဖြစ်မြင်တွေ့ရလေရာ
ရင်မှာအေးချမ်းရပါသည် အနှီမမ အသက်ရှည်ကျန်းမာပါစေ။

မြင်ကွင်း(၄)

အလွန်ပူအိုက်ရှာလွန်းထင့် အကုန်ချွတ်ကုန်ကြလေပြီ(အဝတ်စားများ)
သို့သော် နှစ်ကူးပွဲတော်ကားဝတ်လစ်စလစ်နှင့်ပြီးဆုံးသွားချေပြီ...............

ဓါတ်ပုံတွေကိုတော့ဖေ့ဘွတ်ကနေယူသုံးပါသည်


Saturday, April 14, 2012

ယဉ်ကျေးမှုတော်လှန်ရေး နှင့် မဟာသင်္ကြန်

















ပ်ထြပီးပြောချင်ပါတယ် သြင်္ကန်ကာလမို့ဥပုသ်လည်းစောင့်မနေနိုင်ပါဘူး ဒီနှစ်သြင်္ကန်အလွန်ပဲစည်ကားလှပါတယ်။ထို့အတွက်လည်းမြန်မာပြည်သူတစ်ရပ်လုံးဝမ်းသာရွှင်မြူးနေတဲ့
အတွက်လည်းမုဒိတာပွား
ပြီးပီတိတွေနဲ့ပျော်စရာကြီးပေါ့ဗျာ။ သို့ပေမယ့်လည်း မမြင်မတွေ့ချင်တာတွေတွေ့နေရတဲ့
အတွက်လည်းခွေးရေပုရပိုဒ်နဲ့ပဲမှတ်မှတ် အိုင်ပက်(ဒ)နဲ့ပဲမှတ်မှတ် သိကြားမင်းကြီးရေ
ကန်တော့ဗျာ ကျွန်တော်စပြီးပြောတော့မှာဖြစ်ပါတယ်။မြန်မာယဉ်ကျေးမှုဆိုတာ
ဟီရိသြတပ္ပ ဆိုတဲ့ရှက်ခြင်းကြောက်ခြင်း တရားကိုလက်ကိုင်ထားပါတယ်ဗျာ.......
ခုတော့ ကျွန်တော်လည်းမျက်စေ့ မမှား မဏ္ဍပ်တိုင်းမှာCCTVကင်မရာတွေမှာ
အထင်းသားမမြင်ချင်မတွေ့ချင် အဆုံးအရှက်မရှိသောပုံတွေသာဖြစ်ပါတယ်
သတိထားကြပါ မဏ္ဍပ်တွေမှာCCTV ကင်မရာအကုန်လုံးတပ်ထားပါတယ်
မသင့်မတော်ပုံတွေ ပါလာယင်ခက်ရချည်ရဲ့လို့မတွေးမိကြပေဘူးလားမသိပါ။အယင်က
အရှက်နဲ့အသက်လဲခဲ့ကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ မော်ကွန်းကို မှင်အနက်လောင်းကြတော့မှာလားမသိ။အတွင်းခံတောင်မပါပဲတီရှပ်ရေစိုတော့ဘာတွေဖြစ်ကုန်မလဲ ဒီနေ့မှအကျနေ့ပဲရှိသေးတာဗျာနော်......မိဘတွေကတော့ကလေးတွေကစားပါစေဆိုပြီး
လွှတ် ၊ကလေးတွေကတော့မဏ္ဍပ်ရောက်တော့သောက်ချင်တိုင်းသောက် ဖြစ်ချင်တိုင်း
ဖြစ်နေပုံတွေများမမြင်ချင်အဆုံးပါဗျာ။မြန်မာအမျိုးသမီးတွေ မလုံ့တလုံဝတ်ထားတယ်
အရက်၊ဘီယာလည်းသောက်ထားတယ်ဆိုယင် ဖြစ်လာမယ့်အကျိုးဆက်တွေအများ
ကြီးဖြစ်သွားနိုင်ပါတယ်။ခက်တာက ယဉ်ကျေးမှုတော်လှန်ရေးလို့ပဲပြောရမလား ကိုရီးယား
ယဉ်ကျေးမှု ၊နိုင်ငံတကာယဉ်ကျေးမှုတွေစီးမျောဝင်လာတဲ့အခါသမယမှာ ထင်တိုင်းဝတ်စားနေဖို့မကောင်းပါဘူး ။ အမြင်တင့်တယ်အောင်လည်းနေတတ်ထိုင်တတ်
ကြပါစေဗျာ။တချို့ကပေါင်ပေါ်မှလှတယ်ထင်တတ်ကြတယ် ၊ခြေသလုံးကဝဲခြောက်အမာရွတ်တွေကရွံစရာ၊တချို့ကတော့ ရင်သားဖေါ်မှလှတယ်ထင်ကြတယ်ဝတ်ထားတာကြိုးပျောက် အတွင်းက ဗလာ အဲတာတွေပဲ ပြောပြန်ယင်တရားဟောနေတယ်ထင်ကြမယ်....တကယ်လှဖို့အတွက် SEXY ဖြစ်စရာမလိုဘူးလို့ထင်ပါတယ် ။ SEXY ဖြစ်မှလှမယ်ဆိုယင်လှယဉ်ကျေးမယ်တွေ
မြောင်းထဲပစ်ထည့်ယုံရှိတော့တာပေါ့။ တစ်ကယ့်အလှစစ်ဆိုတာမိမိဝမ်းထဲမှာသာတည်ပါတယ်စိတ်ထားလှယင်ရုပ်ကအလိုလို
သိမ်မွေ့ပါတယ်။“ဟယ်ချစ်စရာလေး” ဆိုတဲ့အာမေဋိတ်စကားလုံး သူ့အလိုလိုထွက်လာ
တာမဟုတ်ပါဘူး အံ့သြဝမ်းသာလို့ ရုတ်တရက်ထွက်လာတဲ့စကားလုံးမျိုးပါ။အဲဒီ
စကားလုံးမျိုးတွေထဲမှာ SEXY စိတ်မပါပါဘူး ။တွေးကြည့်ကြပါ။ခက်နေတာခုခေတ်မိန်း
ကလေးအများစု ဘီယာအရက်သောက်နေကြတဲ့ကိစ္စကအစပေါ့ ဒီမိုကရေစီရပြီ ငါတို့
လုပ်ချင်ရာလုပ်လို့ရပြီဆိုပြီး ထင်ရာလုပ်နေကြသူတွေကိုလည်းပြောချင်ပါတယ်ဗျာ
အနာဂါတ်ရေးတွေးပြီးရင်လေးနေမိပါတယ်။
ချိတ်လုံချည် ၊ရင်ဖုံးအင်္ကျ ီဝတ်မှမဟုတ်ပါဘူးဗျာလုံလုံခြုံခြုံပေါ့ ဂျင်းဘောင်းဘီအရှည်
ဝတ်ပြီးတီရှပ်ကိုသေချာဝတ်တတ်ယင်လည်းအဆင်ပြေပါတယ်။ဖီလာဆန့်ကျင်တဲ့စကတ်အတို...
တိုသည်ထက်တို ရှေ့ကပစ္စည်းတစ်ခုကျလို့ငုံ့ကောက်
ယင်နောက်ကနေအတွင်းခံဘောင်းဘီဘာအရောင်ဆိုတာမြင်ရတာမျိုး ၊နောက်ဘောင်းဘီအရှည်ဝတ်လည်းအတွင်းခံရဲ့ ရှုံ့ကြိုးအနားစပေါ်နေတာမျိုးတွေမဝတ်
စေချင်တာပါ။လိင်စိတ်ထကြွစေမယ့်အဝတ်မျိုးတွေမဝတ်ကြစေချင်ပါကမ္ဘာပေါ်မှာ
ယောက်ကျားများသာရှိပါတယ် ယောက်ယုန် တို့ယောက် သမင်တို့မရှိဘူးဆိုတာသိထား
ကြစေချင်ပါတယ် ။ ယောက်ကျားဆိုမှတော့ နှာဘူး ဂန်ဒူးနဲ့ ....ပဲရှိပါတယ်။ဂန်ဒူးကို
မကြောက်ချင်နေပါ အရက်မူးနေတဲ့ ကိုယ်ကျင့်သိက္ခာကိုမငဲ့ကွက်တတ်တဲ့ နှာဘူးတွေ
ကိုသတိထားကြပါ။စေတနာနဲ့သတိပေးမိတာဝေဒနာဖြစ်သွားယင်ခွင့်လွှတ်စေချင်ပါတယ်ဗျာ။ဥပုသ်မစောင့်
နိုင်တဲ့ အန်တီတို့ ကြီးတော်တို့လည်း ဘီယာလေးတမြမြ မလုပ်ကြစေချင်ပါဘူး။ယဉ်ကျေး
မှုအရပါ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတားမြစ်တယ်လို့မထင်စေချင်ပါ ။မြင်လို့ရေးမိတာပါ ။
ကျွန်တော်ရေးမိတဲ့အတွက်ပရိုက်ဗေစီထိပါးတယ်လို့ပြောယင်လည်း သဘောပါဗျာ.......။

ဓါတ်ပုံတွေကတော့ Google မှ ရှာတွေ့ပါတယ် သို့သော် ရွှေဒါလင်ကွန်းမှ ဓါတ်ပုံပိုင်ရှင်(ရိုက်ကူးသူ)ကိုစိုးဇေယျထွန်းကိုခရက်ဒစ်ပေးပါတယ်ယူသုံးခွင့်ပြုရန်လည်း
အနူးညွတ်တောင်းဆိုပါတယ်


Friday, March 30, 2012

စိတ္ညစ္တယ္မေပ်ာ္ဘူး


အဲဒီသီချင်း
မကြားချင်ပေမယ့်
ကိုယ်တိုင်ဆို
နှစ်နှစ်ဆယ်ကျော်ရှူခဲ့တဲ့အငွေ့
ခုပြတ်ချင်လို့ဖြတ်ခါမှ
အညာတွေတိုး
ပိုလို့သောက်ချင်
စိတ်ဓါတ်တွေကျ
စိတ်တွေတို
ဟိုလူ့ကိုအော်ရမလို
ဒီလူ့ကိုငေါက်ရမလိုနဲ့
စိတ်ထဲမှာ
တစ်ကယ်မပြတ်တယ်
ညစ်လှသည်လေး.....

သည်ကြားထဲမီးတွေက
ပျက်ပြန်ပြီတမှောင့်
ရောင်းခဲ့ဘူးတဲ့မီးစက်တွေကြောင့်
ချခဲ့ဘူးတဲ့ရေစက်လို
စက်တွေမရောင်းရပဲ
အခက်ပိုသည်ရက်တွေထဲမှာ
မဖြစ်မနေဆားဗစ်ပေး
စိတ်အတွေးမှာငိုချင်ပါလှ
ခါခါ..ချရတဲ့သက်မ
မောလိုက်တာကွယ်လို့တောင်
မညည်းချင်တော့ပါဘူး
စိတ်မှာကွယ်လေ
ရူးလိုက်ချင်သေး.......

အရေးထဲမှအရာပေါ်
ကဗျာတောင်မရေးချင်ဘူး
စိတ်တွင်းမှာလှိုက်ဆူ
မြိုက်ပူအောင်ကျွမ်း
ရောင်းခဲ့ဘူးတဲ့
ဆိုင်းဘုတ်တွေကတမှောင့်
ဖုန်းကိုလည်းဘလူးတုသ်တပ်လို့
မအားအောင်ပြောရတယ်
မ၀ယ်ပဲဈေးမေးသူကတမှောင့်.....

သည်ကြားထဲမှာ
စီးပွားရေးအလို့ငှာ
လွတ်နေတဲ့မြေကွက်လေးမှာ
အဆောင်ဆောက်ကာငှားစားမယ်ကြံ
ပန်းရံသည်ကတမျိုး
လက်သမားကတဖုံ
အစွမ်းကုန်ပညာပြကြတယ်

ဝိုင်းလို့သာတွယ်ကြ
စိတ်မှာလေကလော်ဆဲချင်တော့
မနည်းကြိတ်မှိတ်ကာမြိုသိပ်ထားရတယ်

တကယ်ကွယ်ရတက်ပွေတယ်
အခက်တွေပါကွယ်
စိတ်ညစ်တယ်လေ
မပျော်ဘူးကွယ်.....။      ။

Monday, March 12, 2012

ဆန္ဒမစောကြပါနဲ့




















 တချိန်ကဒေါက်တာမောင်မောင် အဲသည်စကားလုံးသုံးမိလို့ခဏလေးနဲ့ဖယ်ပေးခဲ့ရဘူးပါတယ်

     အခုလောလောဆယ်ကျွန်တော်တွေ့နေတာတွေမြင်နေတာတွေအံမ၀င်ခွင်မကျဖြစ်နေတာတွေများပါတယ်
ဘာတွေတွေ့လို့လဲ၊ဟုတ်ကဲ့တွေ့ပါတယ်၊လူဆိုတာ(လူ့ဆန္ဒတွေ) {Human want}တွေကိုပြောတာပါ
အခုလောလောဆယ်တော့ချက်ခြင်းဖြစ်ချင်တယ် ဆိုတဲ့ဆန္ဒတွေထိန်းသိမ်းသင့်တယ်လို့ထင်ပါတယ်
စောင့်ကြည့်ပါဦးပေါ့ဗျာ၊ ဥပမာ- လောလောဆယ် ဖုန်းလိုင်းတွေကျပ်တယ်(မိုဘိုင်း)

အဆင်မပြေမှုလေးတွေတော့ရှိသပေါ့လေ ၊ တချိန်က ဆယ်လူလာသုံးခဲ့တဲ့ခေတ်ကိုပြန်လှည့်ကြည့်ကြပါဦး

အခုဆက်သွယ်ရေးကလည်းတာဝါတွေထောင်နေလို့ဆာဗာကျပ်တာလို့လည်းဖြေထားပြီးပြီပဲ

အလကားနေယင်းဂျာနယ်တွေကနေစွတ်အော်နေဖို့မသင့်ပါဘူး ခဏလေးသည်းညည်းခံကြည့်ကြပါ
အဆင်ပြေပြေဖြစ်သွားမယ်လို့ထင်ပါတယ်။ဟိုးငါးသိန်းတန်စီဒီအမ်အေခေတ်တုန်းကကော

နယ်မြေအကန့်သတ်နဲ့သုံးရမယ်ဆိုတုန်းကလည်းဝယ်သုံးခဲ့ကြတာပဲမဟုတ်လား ငွေပေါလို့ ချမ်းသာလို့
ဝယ်သုံးတဲ့သူများပါတယ်၊နောက်တစ်ခုလုပ်ငန်းလိုအပ်ချက်အရ၀ယ်သုံးတဲ့လူတွေကလည်းခု နှစ်သိန်းဖုံး
ပေါ်လာမှငါတို့ဖုန်းတန်ဖိုးကျတယ် ဆိုပြီးညည်းမနေသင့်ဘူးလို့ထင်ပါတယ်တချိန်ကလုပ်ငန်းလိုအပ်
ချက်အရမဖြစ်မနေ၀ယ်ကိုင်ခဲ့ပြီးကြပြီပဲလုပ်ငန်းလည်းဖြစ်မြောက်အောင်မြင်ခဲ့ကြမယ်လို့ထင်ပါတယ်။
အဲတာဆိုယင်အဲဒီသိန်းနှစ်ဆယ်ကျော်နဲ့ဝယ်ကိုင်ခဲ့တဲ့ဖုန်းက ငွေသိန်းရာဂဏန်းလောက်တော့ရှာပေးခဲ့
ပြီးပြီလို့ထင်ပါတယ်၊ တစ်ဖက်ကကြည့်တော့မတရားဘူးပေါ့ဗျာ။နောက်တစ်ဖက်ကလည်းကြည့်သင့်တဲ့
အချက်က နိုင်ငံတော်အနေနဲ့ အခုမှမြန်မာနိုင်တော်သစ်ကိုစတင်တည်ဆောက်နေတုန်း နိုင်ငံခေါင်းဆောင်မယ့်
သူကလည်းအခုမှရွေးကောက်ပွဲဝင်ဖို့မဲဆွယ်နေတုန်းပါ ။ခေတ္တခဏသည်းခံစောင့်လိုက်လို့အကျိုးမယုတ်ပါဘူး
ထထပြီးစွတ်မအော်ကြပါနဲ့။အသံကြောင့်ဖားသေခဲ့ဘူးပေါင်းလည်းများပြီ။ကျွန်တော်စနေနောက်နေကျစကား
လုံးတွေရှိပါတယ် (လူ့အလိုဝမလိုက်နိုင်)ပါ(နတ်တောင်မှမလိုက်နိုင်တာ ၀ လည်းဘယ်တတ်နိုင်မလဲနော်၊
နောက်တစ်ခုကားတွေသွင်းခွင့်ပြုတယ်လမ်းတွေကြပ်နေတုန်းပဲဆိုတာမျိုးတွေ နိုင်ငံတော်ဖက်ကလည်း လုပ်ပေးချင်မှာပါ
နိုင်ငံတော်ဘတ်ဂျက်ဘယ်မှာလဲ၊နောက်တစ်ခုမီးတွေမမှန်သေးဘူး ခဏစောင့်ဦး ကေဘယ်သစ်တွေထပ်တိုးနေလို့ ဆိုတာမျိုးတွေလည်းရှိမှာပါ။မပြီးခင်မြန်မာမမြင်စေနဲ့ဆိုတဲ့စကားပုံ
လိုလိုလည်းရှိတယ်မဟုတ်လား ။မီဒီယာတွေလွတ်လပ်ခွင့်နည်းနည်းရလာတဲ့ခေတ်မှာ ထင်ရာတွေစွတ်
ပြောနေလိုပမပြီးသေးပါဘူး၊နိုင်ငံရဲ့ဓနအင်အားကြွယ်ဝဖို့လည်းလိုပါသေးတယ်၊အဲဒီအတွက်လူတိုင်းမှာ
တာဝန်ရှိပါတယ်။အားနေလဖက်ရည်ဆိုင်မှာထိုင် ပေါက်ကရရှစ်ဆယ်ပြောနေတဲ့သူငယ်တွေကိုလည်းပြော
ချင်တာပါ လုပ်စရာမရှိဘူးဆိုတဲ့စကားမပြောပါနဲ့ ဘာလုပ်ရမလဲဆိုတာရှာကြည့်ပါ ငါ့ပညာအရည်အချင်း
နဲ့မတန်လို့မလုပ်ဘူးဆိုတာမျိုးလည်းမကောင်းပါဘူး။ငါကဘွဲ့ရဆိုက်ကားမနင်းဘူး ဆိုတဲ့အတွေးခေါ်တွေစွန့်လွှတ်သင့်ပါပြီ။ အခုခေတ်မှာဖြစ်နေတဲ့ပုံစံက သာတဲ့ဆီကူးမယ်ဆိုတဲ့
စိတ်ဓါတ်လေးတွေပါ အလုပ်နေရာအတည်အတကျမလုပ်ချင်ကြဘူး လုပ်ခကတော့များလေကောင်း
လေပါပဲ။လုပ်စရာမရှိလို့မလုပ် မလုပ်တော့မတိုးတက် မုန့်လုံးစက္ကူကပ်နေမှာစိုးတာပါ ဖြစ်နိုင်ယင်တော့
လုပ်သင့်တာစလုပ်ကြပါ အနုမြူဗုံးဒါဏ်သင့်ခဲ့တဲ့ ဂျပန်နိုင်ငံတောင်မှ ကြိုးစားတည်ထောင်လို့အလွန်တိုးတက်ခဲ့တာပဲယဉ်ကျေးမှုကိုတော့ကူးမချနဲ့ပေါ့ဗျာ မြန်မာ မြန်မာလိုနေပါမြန်မာပီသပါစေ စကတ်တွေမတိုကြပါနဲ့ မြင်မိသေးတယ်ခုချိန်မှာတောင်မိန်းကလေးတော်တော်များများအရက်သောက်တဲ့ကိစ္စပါ ငါးပါးသီလထဲ
မှာပါတဲ့ အရက်ကို ဆိုင်မှာလည်းသောက် အိမ်မှာလည်းသောက် ကလပ်ထဲမှာလည်းသောက်နေတာတွေမြင်ရတော့ သိပ်စိတ်သက်သာမှုမရှိပါဘူး
တစ်ကယ်ပါသုံးဆယ့်ငါးကျော်လေးဆယ်ပတ်ဝန်းကျင်မျိုးသမီးတွေသောက်နေတာတော့မြင်မကောင်းပါဘူးသူများ (ကိုယ့်သားသမီးပဲဖြစ်ဖြစ်)ဆုံးမရမယ့်အရွယ်မှာဒီလိုတွေမလုပ်သင့်ပါဘူး(ဒါတော့ကျွန်တော့ကိုဆန္ဒစောတယ်လို့ပြန်အပြစ်မတင်ပါနဲ့ဦး။အစတည်းကမဖြစ်သင့်လို့ပါ။
 နေ့တနေ့ဖေ့ဘွတ်ပေါ်မှာအချိန်ကုန်မယ့်အစားတိုးတက်ရာတိုးတက်ကြောင်းကိုယ်လုပ်နိုင်တဲ့နေရာကနေရှာလုပ်ကြည့်ပါလို့တိုက်တွန်းချင်တာပါ။

     တစ်ဖက်ကပြန်ကြည့်ယင်လည်းနိုင်ငံတော်အစိုးရဖက်က အားနည်းနေတာလေးတွေပြောချင်တာပါ

သတင်းထုတ်ပြန်မှုအားနည်းပါတယ်၊ ၀န်ထမ်းတွေ ဖက်ကလည်းဂရုစိုက်မှုအားနည်းပါတယ်

ဘာပဲဖြစ်ဖြစ်လကုန်ယင်လစာရမှာပဲ ဆိုတဲ့စိတ်ဓါတ် နဲ့လာဘ်ပေး- ရန်မလိုဆိုတဲ့စိတ်ဓါတ်လေးတွေ
တော့ပြင်ဆင်ပေးကြသင့်ပါတယ်နိုင်ငံတော်အနေနဲ့လည်း နိုင်ငံ့ဝန်ထမ်းတွေကို

နေထိုင်မှုစရိတ်ဖူလုံအောင်ထောက်ပံ့ပေးစေလိုပါတယ် လစာတိုးပါလို့ပြောမိတာမျိုးမဟုတ်ပါ

(တော်ကြာကုန်ဈေးနှုန်းထတက်သွားမှဖြင့်ဂွ)အင်တာနက်ကွန်နက်ရှင်တွေနှေးကောင်းတုန်း(ဘာလို့နှေးတယ်
ဆိုတာတော့သတင်းထုတ်ပြန်ပြီး) ဘယ်တော့ကောင်းမှာလဲဆိုတာပြောမပြတော့ အော်တဲ့သူတွေကိုလည်း
အပြစ်မဆိုသာပါဘူး၊ မည်သို့ပင်ဖြစ်စေ နိုင်ငံတာဝန်ထမ်းဆောင်နေသူအားလုံးလည်းကိုယ့်လုပ်ရပ်ကိုယ်
လိပ်ပြာလုံပြီး ကိုယ့်တာဝန်ကိုယ်သိကာ ကြိုးနီစံနစ်ပျောက်ပြီး သကာလတွင် မိမိကိုယ်မိမိယုံကြည်စိတ်ချနိုင်
သူများဖြစ်ကာ ကိုယ့်တာဝန်ကိုယ်ယူရဲသူများဖြစ်နိုင်ကြစေဖို့ဆန္ဒ ပြုတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။


ဤပို့စ်ကိုခင်မင်ရပါသောလေးစားရပါသော ဘလော့ဂါဘလော့ဂီအပေါင်းဖြစ်သည့် ဆရာဦးဟန်ကြည်၊ ဂျယ်ရီပစ်ပစ်၊ကန်ဒီ၊မချော(အစိမ်းရောင်လွင်ပြင်)၊မဒမ်ကိုး၊ဂျပ်စမင်(တောင်ကြီး)၊ညီမပျိုးယုဝသုန်( Blue Mountain)၊ကိုစိုးထက် (My opening mind)၊အိန်ဂျယ်လှိုင်၊မြသွေးနီ၊White Angle၊ ကူကူး(စန္ဒကူး)တို့ကို
တဂ်ပို့စ်အဖြစ်နဲ့ Tag ပါတယ်ခင်ဗျာ။ဝိုင်းပြီးရေးကြပါဦးလို့ တဂ်ဖို့ကျန်သွားခဲ့တဲ့ဘလော့ဂါအပေါင်းကိုလည်းဆက်ပြီးတဂ်ပါတယ်ခင်ဗျာ..........

Saturday, March 10, 2012

မတားနဲ့လေ






မတားလေနှင့်
ရွာမယ်ဟန်ပြင်
မိုးသခင်ကို
မရွာလေနှင့်
ဆီးတားမရ
သဘာဝလေ
ဘယ်သူဖန်ဆင်း
တားမလဲ......

မတားလေနှင့်
စိမ့်စိမ့်အေးအေး
ဆောင်းလေပွေနော့
သူလေကျော့မယ်
ဆီးတားမရ
သဘာဝမို့
ဘယ်သူမအေးနဲ့
တားမလဲ.....

မတားလေနှင့်
လေနုမွှေးမြ
အသစ်ဝေစည်
ခက်လက်စုံညီ
လှပသည်ကို
သည်လိုနွေဦး
ကြည်နူးစရာ
သည်လိုကာလ
ဂိမ္မာန်တမှာ
ဥသြချိုနှော
အစောကာလ
သဘာဝမို့
ဘယ်သူတန်ခိုးထွား
တားနိုင်မလဲ......

မတားနဲ့လေ
ချစ်တတ်ခြင်းအစဉ်
မုန်းယင်လည်းခဏ
လှိုက်လှိုက်သည်းသည်း
ကြည်နူးရင်ခုန်
ပျော်ရွှင်ချင်တဲ့
စိတ်မျိုးထွေလေ
ဘယ်သူကူလို့
တားနိုင်မလဲ......

မတားနဲ့လေ
တက်မယ်ပြင်တဲ့
ကုန်ဈေးနှုန်းကို
လိုက်လျောညီထွေ
ညှိမနေနဲ့
မတင်နဲ့ဝန်ပို
စံချိန်စံနှုန်း
သတ်မှတ်သုံးစွဲ
လောင်စာဈေးတက်
အမှားအချက်ချက်မှာ
ဘယ်သူနစ်နာ
စဉ်းစားကာလျှင်
တားမယ်ပြင်လျှက်
မတက်မနေ
တက်မယ်လေကွယ်
သဘာဝမဟုတ်လည်း
ကောလဟလ
ကြားယုံမျှနဲ့
တက်ချင်နေတဲ့
သည်ဈေးတွေကို
မတက်နဲ့လို့
ဘယ်သူဖန်ဆင်းတားမလဲ....။     ။

ညီမဝသုန်ရေ....ကျေနပ်နော်......

Tuesday, March 6, 2012

မတောင့်တခဲ့တဲ့ဆောင်း


















ဆောင်းဆိုသည်ကို
မတလေနှင့်
စိတ်ယော်ညှိုးနွမ်း
အလွမ်းတွေချည့်
မှုန်မှိုင်းဝေတော့
လေငယ်ဆော့သွေး
မနွေးနေခြည်
ဖြာလေသည်လည်း
ရင်လှိုက်ချမ်းတုန်
သည်းအူကုန်မျှ
ရင်ကသောက
ပွေမှာစိုး....

မတလေနှင့်
ဆောင်းသခင်ကို
ရင်မွန်ပိုင်ဦး
ပြိုင်ဆိုင်ရူးချင်
ဆောင်းလေနော့သွေး
ချစ်ရေးအမှား
ဆိုသည်ထားလေ
သည်းသည်းခုန်ခုန်
လှိုက်တုန်ချမ်းစေ
လွမ်းလေညှင်းနော့
ဆော့ကာကြည်စယ်
ဖြေလျော့ခွေ
နွမ်းလျက်မနေသာတကယ်.....။     ။