Friday, May 11, 2012

ချစ်သူသိစေ

















ခွဲခဲ့သည်လေ

နှစ်ပေါင်းရှည်ကြာ
ကြာလေမမေ့
လမ်းတကွေ့
မုန်းတမေ့မှာ
ချစ်တင်းဆိုခြင်း
မမေ့သည်.....

လွမ်းတပွေ့နဲ့
လှမ်းတွေ့မိစဉ်
ရင်သည်လှပ်ခုန်
သည်းရင်ဖိုသည်
ပီဘိဆယ်ကျော်
တစ်ဦးနှယ်.....

ချစ်ခဲ့ဖူးသော
နေ့ရက်များဆီ
တမ်းမိသည်လား
မရေရာအတွေး
စိတ်ကူးတွေသည်
တောင်တောင်အီအီ
ပျံ့လွင့်စိတ်အစဉ်
ထိန်းချုပ်ခက်လျှက်
နေနှင့်ရက်ရှည်
တမ်းမိသည်လေ.....

ချစ်သခင်သက်ထား
အခက်များပွေချင်
မမေ့ချင်ပါ
နေ့ရက်တွေမှာ
စကားချိုမြ
ကြားမိနေချင်
စိတ်အစဉ်သည်
ပျံပျံလွင့်.......

ကြင်နာမြတ်နိုး
ချစ်စကားပြောမိ
တွယ်မက်မိသော
နေရာဟောင်းသို့
ခဏရောက်ဖြစ်
အလွမ်းတွေပြည့်
အဆွေးချည့်ကျန်သည်
သခင်သက်ထားသိစေချင်........

မမုန်းသေးပါ
တွင်တွင်မြတ်နိုး
ဆိုစကားတွေ
ထိန်းခဲ့ဖူးသော
သမာဓိသိက္ခာ
အလယ်မှာ
ပန်းတစ်ကုံးသာခြားကာ
အိပ်စက်ခဲ့ကြတဲ့
ဘန်ကောက်ညရဲ့
သစ္စာတရားသည်
အတွေးဝယ်ရိပ်ရိပ်ထင်.....

အမှတ်မထင်
ခေါ်သံကြားမှာ
လှိုက်ကနဲဝမ်းသာ
သို့သော်ငြားလေ
တို့တတွေသည်
ဝေးခဲ့ပြီလေ
အမှတ်ရမိ
သတိရှိစွာ
ရင်မှာလွမ်းမော
တမ်းတမိယုံမှတစ်ပါး........

ခက်ခဲနေ့ရက်များ
ဖြတ်ကျော်ခဲ့ပြီးပြီပဲ
ဘယ်လိုနေမလဲ
ဆက်မတွေးပါ
မျှော်လင့်ခြင်းများစွာ
မထားတော့ပါ
ရင်မှာသာ
အလွမ်းစကားအဖြစ်
တမ်းတယင်းကျန်ရစ်......။     ။

6 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးခံစားသွားပါတယ်ဗျာ

ပျိုးယုဝသုန် (Pyo Yu Wathone) said...

တို့ အစ်ကိုရေ.

လွမ်းတုန်းလားး...

Candy said...

ချစ်သူသိအောင် ချစ်သူမောင်က ပြောတယ်ဆိုပါတော့..
ကဗျာလေး ခံစားသွားတယ် အစ်ကို :D

ချစ်သူမောင် said...

လွင်ပြင်လှိုင်းငယ်ကျေးဇူးတင်တယ်ဗျာ

ညီမ၀သုန် အစ်ကိုကလွမ်းတတ်တယ်ဆို

တကြားလုံးချစ်သူသိအောင်ချစ်သူမောင်ပြောတာဖတ်ပေးတဲ့အတွက်ကျေးဇူးပါ

မင်းဧရာ said...

အလွမ်းသင့်ရာ
ဤကဗျာကို
ဖွင့်ဆို သသ
ရင်မှာရှမိ
သခင် သိသင့်ပါတော့သည်။

ချစ်သူမောင် said...

ညီလေး မင်းဧရာ
ကဗျာတွေမဖတ်ရတာကြာပြီဆိုလို့လေကျေးဇူးညီလေးရေ

ခင်မင်လျှက်
ချစ်သူမောင်