ဆောင်းဆိုသည်ကို
မတလေနှင့်
စိတ်ယော်ညှိုးနွမ်း
အလွမ်းတွေချည့်
မှုန်မှိုင်းဝေတော့
လေငယ်ဆော့သွေး
မနွေးနေခြည်
ဖြာလေသည်လည်း
ရင်လှိုက်ချမ်းတုန်
သည်းအူကုန်မျှ
ရင်ကသောက
ပွေမှာစိုး....
မတလေနှင့်
ဆောင်းသခင်ကို
ရင်မွန်ပိုင်ဦး
ပြိုင်ဆိုင်ရူးချင်
ဆောင်းလေနော့သွေး
ချစ်ရေးအမှား
ဆိုသည်ထားလေ
သည်းသည်းခုန်ခုန်
လှိုက်တုန်ချမ်းစေ
လွမ်းလေညှင်းနော့
ဆော့ကာကြည်စယ်
ဖြေလျော့ခွေ
နွမ်းလျက်မနေသာတကယ်.....။ ။
3 comments:
မြန်မာရနံ့ သင်းသင်းလေးမွှေးပျံ့နေတဲ့ ကဗျာတစ်ပုဒ်ပဲဗျ...စကားလုံး သုံးနှုန်းပုံကအစ နုနွဲ့နေတော့ ဖတ်ရတာ အရသာကိုရှိနေတာပဲ...
ဦးဟန်ကြည်ရေ
ကျေးဇူးအထူးပါခင်ဗျာ
ခင်မင်လေးစားစွာဖြင့်
ချစ်သူမောင်
မတောင့်တာလည်း ဆောင်းကတော့ ရောက်လာနေဦးမှာပါပဲအကို
ခင်တဲ့
ဝသုန်
Post a Comment