တွေ့နေရယုံ
မြင်ရယုံမျှ
နေသာကြည်နူး
နေခဲ့ဖူးသည်.....
မရွယ်စူးပဲ
ဘဝတကွေ့
ပြန်ဆုံတွေ့လျှင်
ရင်ခုန်ကြည်နူး
နေဖူးပြန်သည်.....
ဖေးမပြောကြား
စကားတွေမှာ
နှောင်တွယ်နွယ်ရစ်
အသစ်ဖြစ်တည်
တသရင်မှာ
လှိုက်မောသည်......
ပြောတဲ့စကား
နားမှာသကာဖြစ်
ပျားရည်နှစ်သို့
ချိုမြကြည်အေး
ရင်ကိုနွေးစေ.......
ကြည့်တဲ့မျက်ဝန်း
ရင်ကိုဖောက်ဝင်
စူးစူးနင်နင်
လှုက်ဖိုမောလျ
ချိန်တိုင်းတမ်းတ
လွမ်းပိုသည်......။ ။
3 comments:
ချိန်တိုင်းတမ်းတ
လွမ်းပိုသည်-----
ဟုတ်တာပေါ့ အချစ်နဲ့ပတ်သက်လာရင်တော့
အလွမ်းတွေပိုလဲရတာပဲလေ
အချစ်ဦးရှိဘူးသူတိုင်း ခံစားချက်ခြင်းတူညီမှာပါကွယ်။
ကဗျာလေးအားပေးသွားတယ် မောင်ချစ်သူမောင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
အကိုကြီ...
ကဗျာတွေ မရေးတာတောင် အတော်ကြာနေပြီနော်။
နောင်တစ်ချိန်ကြမှ ကိုယ့်အချစ်ဦးသူနဲ့ပြန်ဆုံတွေ့ခွင့်ရမယ်ဆိုရင် အကို့ကဗျာလေးလိုဘဲ ခံစားမိမယ် ထင်ပါရဲ့ဗျာ။
Post a Comment