Wednesday, May 16, 2012

နှောင်းနောင်တ




















ကိုယ်ငိုနေတာ
သိသွားသလား
ဆောရီးပါကွယ်
နှောင်းမှရတဲ့
နောင်တတွေပွေ့လို့
ကလေးကလားတော့
မဟုတ်ခဲ့ပါဘူး
အသွေးသားကြောင့်
ဖြစ်မယ်ထင်တယ်
တစ်ခါက
တစ်ချိန်က
ကျူးလွန်ခဲ့တဲ့
အပြစ်အတွက်
ပေးဆပ်လိုက်ရတဲ့
အရာက
လူသားတစ်ယောက်အတွက်
လူသားတစ်ယောက်ပါ
အသက်တစ်ချောင်းအတွက်
အသက်တစ်ချောင်းပါ
ဟာမူရာဗီကိုယ်ဓဥပဒေ
နားမလည်ယင်နေပေါ့
သဘာဝတရားကတော့
နားလည်တယ်
ခက်တာက
လူသားနှစ်ယောက်လုံး
အသက်နှစ်ချောင်းလုံးက
ကိုယ့်သွေးတွေလေ
ကဲခံနိုင်မလား
မငိုပဲနဲ့
တစ်ယောက်က
ကိုယ့်ရဲ့အတ္တနဲ့
ဥပေက္ခာကြောင့်
နောက်တစ်ယောက်က
နောက်တစ်ယောက်ရဲ့
ဂရုနာမဲ့မှုကြောင့်
ဘာမှန်းတောင်မသိသေးတဲ့
သွေးခဲလေးဘ၀မှာ
ပျက်စီးခဲ့ကြရှာ
ပြုသူအသစ်
ဖြစ်သူအဟောင်း
အကျိုးကြောင့်
အကြောင်းဖြစ်တယ်
ကဲ....ဘာပဲဖြစ်ဖြစ်ပေါ့
မင်းခါးကသေနတ်ထုတ်
ငါ့နထင်ကိုတေ့ပြီး
မောင်းသာဖြုတ်လိုက်တော့........ ။     ။

9 comments:

ayesnake said...

ဟာမူရာဗီကိုဓ ဥပဒေကိုလည်း လိုက်မမီပါ။
သဘာဝတရားကိုလည်း နားမလည်ပါ

ချစ်သူမောင် said...

:P :D ;=(

နွေတေးရှင် (မင်းဧရာ) said...

ကဗျာကိုဖတ်ပြီး တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်အကို။

သွေးစက်တွေခမျာ ပျိုးဖို့မတောင်းဆိုရှာဘူး
ကိုယ်ကျုးလို့ ဖူးကာမှ ဘာကြောင့်တူးပစ်ရသလဲဆိုတာ ကျွန်တော်ဆက်၍ မပြောချင်ဘူးဗျာ။

ချစ်သူမောင် said...

အင်း ညီလေးတခါကဘ၀နှစ်ခုမှာပါကွာ.....

ခင်မင်တဲ့
ချစ်သူမောင်

ဟန်ကြည် said...

ဒီဖြစ်ရပ်မှာတော့ ဟမ္ဘူရာဘီကိုဓဥပဒေအတိုင်းဆိုရင် ကိုယ့်အလှည့်ပြန်ရောက်ဖို့ကတော့ သိပ်မလွယ်ဘူးကိုးဗျ...နောင်လာမယ့်ဘ၀ရောက်ရင်တော့ မပြောတတ်ဘူး...သွေးခဲလေးကို သနားတော့ သနားပါရဲ့ ကိုချစ်သူမောင်ရေ...တစ်ခါတစ်ခါကျတော့ အနာဂတ်ကို ကြိုတွေးပြီး ပစ္စုပ္ပန်ကို ချနင်းလိုက်ရတာမျိုးလဲ ရှိတတ်တာကလား...

ချစ်သူမောင် said...

ဟုတ်ပါတယ်ဦးဟန်ကြည် အနာဂတ်ကိုကြိုတွေးပြီးပစ္စုပ္ပန်ကိုချနင်းတာထက်
စာယင်ကိုယ်တိုင်အတ္တကြီးခဲ့သလားလို့ပါအလှည့်ကချက်ချင်းပြန်ရောက်တယ်ခင်ဗျအဲဒီတုန်းကသွေးခဲလေးတစ်ခဲတည်းလို့သိထားခဲ့ပေမယ့်အဲဒီကဗျာရေးတဲ့နေ့
ရဲ့နေ့လည်မှနှစ်ခဲဆိုတာသေချာသိခဲ့ရတာ
အနှစ်နှစ်ဆယ်ကြာခဲ့ပါပြီ

ခင်မင်လေးစားလျှက်
ချစ်သူမောင်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာလာဖတ်တယ် အကိုရေ.. ဒီအကြောင်းတွေလည်း ရေးလွန်းလို့ စာရေးပြီး ဆိုတဲ့သူတွေက ဆိုကြသေး ..ခက်ပါ့


ခင်တဲ့
ညီမ

စံပယ်ချို said...

ချစ်သူမောင်ရဲ့ ခံစားချက်ကဗျာလေးကိုလာရောက်ခံစားနေမိပါတယ်

စန္ဒကူး said...

ဖြစ်ပီးမှရလာတတ်တဲ့ အသိတရားမို့ နောင်တ ဆိုတဲ့စကားဖြစ်လာတာပေါ့ဥဥရယ်...
ကဗျာလေးဖတ်ရတော့ ရင်ထဲမကောင်းဘူးရယ်..
အွန်လိုင်းမှာ တွေ့ဖြစ်ရင်ပြောပြချင်တာလေးတွေရှိသေးတယ်...