Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Thursday, August 9, 2012

ကြွက်ကြောင့်ဖြစ်တဲ့အတွေး














အချစ်ဦးလေ
ညနေကသူ....... ဖုံးဆက်တယ်
ရင်တွေခုန်လိုက်တာ

သူဘာပြောလည်း
သိချင်ကြသလား
ရေစက်မကုန်သေးဘူးတဲ့လေ

ဟင်.....ဟုတ်ရဲ့လား
ငါကမေတ္တာရှိယင်းစွဲမို့
မခွဲ အမြဲ နေချင်သေးတာနော်

အမှန်တော့ ....ဘာမှမဟုတ်တဲ့
သာမာန်ကိစ္စလေးတစ်ခုပါ
ငါကအတွေးတွေချော်နေတာမို့

စိတ်မခိုင်လည်း
ယိုင်လဲပြိုကာနေတော့မယ်
ဖောက်ပြန်တဲ့အတွေး
မတွေးစတမ်း.........။      ။


Monday, June 4, 2012

တခါကကားထဲမှာ.......
















မိုးတွေသည်းသည်း
တမ်းတဆဲမှာ
တခါကဝေဒနာ
ပြန်လည်မြင်ယောင်
အလွမ်းတွေတောင်ဖက်ဆီက
ညို့ညို့လို့လာချေပြီ
မရွာပဲဟန်ပြင်တဲ့သည်မိုး
မညာပဲခင်နှင်တဲ့အချိုးတွေကြောင့်
မောင့်အတွေးနယ်မှာ
လွမ်းလို့ကျန်ဆဲ.......။     ။


Monday, May 28, 2012

ညှာကေခိုင်ပိုင်ပိုင်ပန်သူငဲ့















မေ့နေခဲ့တယ်
မင်းမွေးနေ့ကို
အလွမ်းတွေပါကွယ်
အနွမ်းကြွေ
စမ်းရေတစ်လျှောက်မှာ
တမ်းတခြင်းတွေ
ဝေးစေဆိုပြီး
တချိန်ကဖုံးဖိလို့မရတဲ့
အတ္တနဲ့မစ္စရိယအတွက်
မင်းမွေးနေ့ကို
ကိုယ်လေတမင်
မေ့ပစ်ခဲ့တယ်.....

ကြာလာတော့
တစ်ကယ်မေ့ရော
ဆိုပါစို့ကွယ်
ဝန်ခံပါတယ်
ရင်ကအမှား
မဖောက်ပြားတောင်
ဖောက်ပြားချင်ယောင်ဆောင်ခဲ့
အတ္တစိတ်ရဲ့
စေညွှန်ရာကို
မှားမှန်သိလျှက်
ကောက်ကောက်လိုက်ခဲ့
ချစ်သူမုန်းစေ
မေ့စေရွယ်စူး
မောင်ရူးချင်စိတ်
ဖြစ်မိလေလည်း
တွေးဘဝင်မှာ
ချစ်သူသက်သာစေရယ်ပေါ့
တမင်ထင်လွဲ
မုန်းစေရန်ရွယ်စူး
ဖယ်ခွာတိမ်းကာ
တစိမ်းလို
နေစေချင်
မှောက်မှားတဲ့
စိတ်အစဉ်မှာ
မောင်ရူးခဲ့တယ်
ဆိုပါစို့........

မမေ့သာသူ့ရင်ထဲ
သောကပွဲဆင့်အောင်
မောင်လေ.....
မချစ်ချင်ယောင်
ဆောင်ခဲ့မိတယ်
ဟိုတနေ့မှ
သိခွင့်ရခဲ့
ခွဲဖို့ခက်ခဲ
ဘဝထဲမှာ
မနေပျော်ပဲ
သူနေခဲ့ကာ
တစ်ယောက်တည်းဘဝမှာ
အထီးကျန်မှုတွေ
ရင်ဆိုင်ဖြတ်သန်း
ပန်းခင်းလမ်းမဟုတ်ပေမယ့်
နင်းလျှောက်ဖြတ်သန်း
လာခဲ့တယ်.......

မောင့်အမှားတွက်
ခွင့်လွှတ်စေရန်
မတောင်းပန်လည်း
သူကခွင့်လွှတ်
နေခဲ့သည်မို့
ယူကြုံးမရ
တဘဝစာ
ဝေးနှင့်လေဦးဟု
ညှာကေခိုင်ပိုင်ပိုင်
ပန်ခဲ့သူရဲ့
မောင့်အတွက်
လှောင်ပြုံး......။      ။