မေ့နေခဲ့တယ်
မင်းမွေးနေ့ကို
အလွမ်းတွေပါကွယ်
အနွမ်းကြွေ
စမ်းရေတစ်လျှောက်မှာ
တမ်းတခြင်းတွေ
ဝေးစေဆိုပြီး
တချိန်ကဖုံးဖိလို့မရတဲ့
အတ္တနဲ့မစ္စရိယအတွက်
မင်းမွေးနေ့ကို
ကိုယ်လေတမင်
မေ့ပစ်ခဲ့တယ်.....
ကြာလာတော့
တစ်ကယ်မေ့ရော
ဆိုပါစို့ကွယ်
ဝန်ခံပါတယ်
ရင်ကအမှား
မဖောက်ပြားတောင်
ဖောက်ပြားချင်ယောင်ဆောင်ခဲ့
အတ္တစိတ်ရဲ့
စေညွှန်ရာကို
မှားမှန်သိလျှက်
ကောက်ကောက်လိုက်ခဲ့
ချစ်သူမုန်းစေ
မေ့စေရွယ်စူး
မောင်ရူးချင်စိတ်
ဖြစ်မိလေလည်း
တွေးဘဝင်မှာ
ချစ်သူသက်သာစေရယ်ပေါ့
တမင်ထင်လွဲ
မုန်းစေရန်ရွယ်စူး
ဖယ်ခွာတိမ်းကာ
တစိမ်းလို
နေစေချင်
မှောက်မှားတဲ့
စိတ်အစဉ်မှာ
မောင်ရူးခဲ့တယ်
ဆိုပါစို့........
မမေ့သာသူ့ရင်ထဲ
သောကပွဲဆင့်အောင်
မောင်လေ.....
မချစ်ချင်ယောင်
ဆောင်ခဲ့မိတယ်
ဟိုတနေ့မှ
သိခွင့်ရခဲ့
ခွဲဖို့ခက်ခဲ
ဘဝထဲမှာ
မနေပျော်ပဲ
သူနေခဲ့ကာ
တစ်ယောက်တည်းဘဝမှာ
အထီးကျန်မှုတွေ
ရင်ဆိုင်ဖြတ်သန်း
ပန်းခင်းလမ်းမဟုတ်ပေမယ့်
နင်းလျှောက်ဖြတ်သန်း
လာခဲ့တယ်.......
မောင့်အမှားတွက်
ခွင့်လွှတ်စေရန်
မတောင်းပန်လည်း
သူကခွင့်လွှတ်
နေခဲ့သည်မို့
ယူကြုံးမရ
တဘဝစာ
ဝေးနှင့်လေဦးဟု
ညှာကေခိုင်ပိုင်ပိုင်
ပန်ခဲ့သူရဲ့
မောင့်အတွက်
လှောင်ပြုံး......။ ။
6 comments:
ကဗျာလေးဖတ်သွားတယ်ဥဥ
သိပ်တော့နားလည်ဘူး...း)
ကဗျာလေးက ခံစားလို့ကောင်းလိုက်တာ။
အားပေးလျက်ပါ
အကြောင်းပြချက်တွေပါကွာ ...။
အစ်ကိုရေ့..
ကဗျားလေး လာဖတ်သွားပြီ
ချစ်သူမွေးနေ့ကိုမမေ့ကောင်းဘူးနော်
ကူကူးရေ နားမလည်တာပဲကောင်းပါတယ် :(
လွင်ပြင်လှိုင်းငယ်ကျေးဇူးပါ
အေးရေဒီလိုပြောကြတာပဲနော်
ညီမဝသုန် သင့်ခယူ
ဟုတ်တယ် စံပယ်ချိုရေ တမင်ကျွန်တော်မေ့ထားခဲ့မိတယ်ဗျာ
အားလုံးကိုချစ်ခင်လေးစားလျှက်
ချစ်သူမောင်
Post a Comment