Monday, May 14, 2012

ရင်ခွင်ဦး




နေ့နေ့ညည
မေ့မရဘူး
သည်းဦးပန်းရယ်
ငေးမှိုင်တွေလည်း
မပျော်သောက
ရင်မောရတဲ့
ညတွေမှာလေ
နေစရာနေရာ
ရှားဘိတောင်း......

တွေ့တွေ့သမျှ
မင်းသာပန်ဖူး
မောင့်သဲပန်းဦး
ညညတွေဆို
အချွဲပိုတဲ့
စကားတွေလေ
ပြောလို့မကုန်
အမြဲဖောင်ဖွဲ့
နေခဲ့ရက်တွေ
လွမ်းလက်ကျန်လေ
မကုန်သ၍
ဘုံဓလေ့တွင်
ဆုံတွေ့ချင်ခဲ့.....

မက်မက်မောမော
တွယ်တာတမ်းတ
နွမ်းလျညတွေ
မရှိချင်ခဲ့
သို့ပေမယ့်လည်း
တို့တွေဝေးနေ
မိုင်ပေါင်းထွေထွေ
နီးလို့သာလေ
နေချင်ခဲ့.......

ဖွဲ့ဖွဲ့ နွဲ့ နွဲ့
မတွေးချင်လည်း
အဖြေခက်တဲ့
နေ့တွေညတွေ
မှိုင်တွေနေလည်း
တမ်းမက်မောမိ
ရင်မှာရှိနေ
အသိပွေတော့
ရင်ကသောက
မခက်လားကွယ်
သည်းညှာချစ်ဦး
မြတ်နိုးဖူးရယ်......

စိတ်ရဲ့စေတသိက်
ချုပ်ငြိမ်းရာရာ
လင်္ကာရသဘော
ခင်ထာဝရမောမည်
အပြောမညီသည့်
လက်တွေ့သဘောတွေသည်
စောကြောဝေဖန်
ဝေဒနာမှန်လေ.......

အခက်တွေ့နေ
တို့ဝေးနေလည်း
အချစ်ရေသည်းဦး
ရင်မွန်ဦးရယ်
ကမ်းလို့ကြိုမယ်
အချစ်တွေနဲ့ပေါ့
ရင်တံခါးကို
အစဉ်ထာဝရ
မင်းအတွက်ဖွင့်ထားမယ်
နားလှည့်ခိုလှည့်
ဘဝအမောတွေအတွက်
မှေးမှိတ်ချွေးသိပ်
ပြေစေလှည့်......။     ။



7 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးအရမ်းကောင်းတယ်။ရင်ထဲကခံစားမှု့ကို ပေါ်လွင်အောင်ရေးတတ်တယ်။
လေးစားအားကျလျက်
လွင်ပြင်လှိုင်းငယ်

စန္ဒကူး said...

ကဗျာလေးလာခံစားသွားတယ်ဥဥ..
ရင်ထဲက တစ်ခါတစ်လေပေါက်ထွက်လာတိုင်း
အဓိပ္ပယ်ထိမိပါပေတယ်..

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာလာဖတ်ပါတယ် အစ်ကိုရေ့..

နွေတေးရှင် (မင်းဧရာ) said...

ချွေးသိပ့်ဖြေပါ
ထိုကဗျာရှင်
ရင်တွင် မောဟိုက်
သည်းလှိုက် မြည်ဟီး
ညတည်းတည်းတို့ လွန်ပါစေ။

ချစ်သူမောင် said...

လွင်ပြင်လှုင်းငယ် အားပေးမှုကိုကျေးဇူးတင်ပါတယ်

ကူကူးရေ ဥဥလေဥဥ ဘဖြစ်နေမှန်းကိုသိဘူး

ဟုတ်ဝသုန်ညီမ ကျေးဇူး


ညီလေးမင်းဧရာရေ.......
ဖြေမဆည်နိုင်
မှိုင်လို့သာတွေး
ထိုညတွေသည်
များလှပြီမို့
မလွန်မြောက်နိုင်
ရင်ထဲအသည်း
စွဲကျန်ရစ်။

ayesnake said...

ကဗျာလေးက
နုလိုက် နွဲ့လိုက်တာ

ချစ်သူမောင် said...

ခင်တဲ့အေးရေ နွဲ့သွားလား
ဟောဒီကရှောက်သီးဆေးပြား

ခင်မင်စွာဖြင့်
ချစ်သူမောင်