မတားလေနှင့်
ရွာမယ်ဟန်ပြင်
မိုးသခင်ကို
မရွာလေနှင့်
ဆီးတားမရ
သဘာဝလေ
ဘယ်သူဖန်ဆင်း
တားမလဲ......
မတားလေနှင့်
စိမ့်စိမ့်အေးအေး
ဆောင်းလေပွေနော့
သူလေကျော့မယ်
ဆီးတားမရ
သဘာဝမို့
ဘယ်သူမအေးနဲ့
တားမလဲ.....
မတားလေနှင့်
လေနုမွှေးမြ
အသစ်ဝေစည်
ခက်လက်စုံညီ
လှပသည်ကို
သည်လိုနွေဦး
ကြည်နူးစရာ
သည်လိုကာလ
ဂိမ္မာန်တမှာ
ဥသြချိုနှော
အစောကာလ
သဘာဝမို့
ဘယ်သူတန်ခိုးထွား
တားနိုင်မလဲ......
မတားနဲ့လေ
ချစ်တတ်ခြင်းအစဉ်
မုန်းယင်လည်းခဏ
လှိုက်လှိုက်သည်းသည်း
ကြည်နူးရင်ခုန်
ပျော်ရွှင်ချင်တဲ့
စိတ်မျိုးထွေလေ
ဘယ်သူကူလို့
တားနိုင်မလဲ......
မတားနဲ့လေ
တက်မယ်ပြင်တဲ့
ကုန်ဈေးနှုန်းကို
လိုက်လျောညီထွေ
ညှိမနေနဲ့
မတင်နဲ့ဝန်ပို
စံချိန်စံနှုန်း
သတ်မှတ်သုံးစွဲ
လောင်စာဈေးတက်
အမှားအချက်ချက်မှာ
ဘယ်သူနစ်နာ
စဉ်းစားကာလျှင်
တားမယ်ပြင်လျှက်
မတက်မနေ
တက်မယ်လေကွယ်
သဘာဝမဟုတ်လည်း
ကောလဟလ
ကြားယုံမျှနဲ့
တက်ချင်နေတဲ့
သည်ဈေးတွေကို
မတက်နဲ့လို့
ဘယ်သူဖန်ဆင်းတားမလဲ....။ ။
ညီမဝသုန်ရေ....ကျေနပ်နော်......
3 comments:
မတားဘူးဗ်ာ...
ရွာချင်ရွာပေါ့...
သူ့ဖာသူရွာ
အားရင်ရွာပေါ့
စာမေးပွဲနီး
အပျင်းကြီးအောင်
အတင်းကြီးရွာ
ဒေါကန်ပါ၏...
အဟီး
ဦးဟနကြည်ကိုမရည်ရွယ်ပါဘူးဗျ တိုက်ဆိုင်သွားတာခွင့်လွှတ်ပါဗျာ
သဘာဝဟာ သဘာဝပါ။
Post a Comment