Sunday, July 25, 2010

လွတ်ကျခဲ့တဲ့အိပ်မက်

နွမ်းရက်တွေရှည်ကြာဝေးကာ
နွမ်းမျက်ဖြေခြေရာလေးပေးသွား
အဝေးကပုံရိပ်
အတိတ်နိမိတ်နဲ့
ကာရံတွေထပ်
နဘေညှပ်ကာ
ကဗျာတွေတွေး
စာတွေရေးလည်း
အကြောင်းမထင်
နှောင်းရင်ခွင်မှာ
နေလို့မတတ်
နေရကျပ်ခဲ့............

အတွေးနယ်မှာ
ဘေးဖယ်ခွာလည်း
နှင်လို့မထွက်
ရင်ကိုဖမ်းဆုပ်
သက်မဲ့အရုပ်
ဇီဝိန်ချုပ်ချင်
နေတော့ခင်ရေ
အတိတ်က
လွတ်ကျသွားတဲ့
အိပ်မက်တွေမှာပဲ
ပျော်မောလျ...........

ခက်တာကလေ
ငါတို့ပျော်ခဲ့
အိပ်မက်မြို့ရဲ့
ကုက္ကိုတန်းအစွန်က
ပျောက်ရှသွားတဲ့
အိပ်မက်ကလေး
ခဏလေးပြန်မက်ရယင်
လိုချင်ပါရဲ့
ကံကော်တန်းလွမ်းချင်းတွေ
ပြန်တမ်းမက်ချင်ပါရဲ့
ဒါပေမယ့်
လွတ်ကျခဲ့ပြီထင်ပါရဲ့..........။ ။

မျက်ရည်နေ့ည

မောင်...........
အလွမ်းပင်လယ်ဝေနေတဲ့ကြားက
ပန်းသခင် သူလာနှောင့်တာကြောင့်
ရင်နှလုံးကြေပြုန်း ကွဲကြေသုဉ်းကာ
အမြဲသေဆုံးခဲ့ပြီကွယ်............
ကံကြမ္မာ အငြိုးရယ်က
ဖန်တရာလွမ်းနှင့်အောင်လို့
သံသရာကမ်းလင့်နှောင်ဖွဲ့ကာ
မောင်မှမောင်ပါလို့ ဆိုတော့
ကိုယ့်ကိုကိုယ်ပင်
မုန်းချင်သည်................

သံတရာတခွင်ဆုံးစေတော့
အမှန်သာပင်မုန်းလို့ကွယ်ရဘူး
မောင်ဆိုတာလာကာပြုံးပြန်တော့
စိုစွတ်တဲ့ မျက်ဝန်းတစုံနဲ့
ပိုလွန်းတဲ့ရင်ကသည်းကို
ခွဲထုတ်ကာဆားနဲ့ပက်ချင်လှ
ခက်သည်ကဝေဒနာ
သေရွာသာသွားချင်တော့
ခက်သည်ပေါ့မောင်ရယ်လေ................

ခွဲခွာတာနှစ်နှစ်မကပေမယ့်
လိုအပ်ယင်အသက်ပင်ဆုံးစေတော့
မုန်းမျက်ရည်သီကာဝေ့ရတယ်
မေ့ရဲ့မျက်ဝန်း
တွေ့ပြီလက်ငင်းမှာလေ
ချက်ချင်းသာမောင်ပြန်ခဲ့ ပါတော့
မေ့ရင်တွင်းအမြဲပင်မောင်ရှိနေ
ဝေးလွင့်ခြင်းအတိတ်ခြေရာဆိုတာလဲ
ချစ်တဲ့မောင့်ကိုမေ့နိုင်ဘူး
လင်တရူးလို့ပြောယင်လည်း
ခံရမယ့်မေပါ...............

အသေချာဘယ်နေ့
ဘယ်မှာတွေ့လိမ့်
ငိုချင်လျက်ခက်တွေ့
ရတက်တွေပွေ့ကာ
မောင်ရယ်....သက်သေခံကလေ
မျက်ရည်နေ့ည..............။ ။

ချစ်သူမောင် မာမီဖြစ်သွားပြီလို့ပြောလည်းတတ်နိုင်ဘူး ဟိုး...တချိန်တုန်းကတစ်ယောက်အတွက်ပါ

Saturday, July 24, 2010

ဘာပဲဖြစ်ဖြစ် တွန်းအားပဲဖြစ်စေချင်

ပျော်ရွင်ခွင့်ရယင်
ပျော်ရွှင်ချင်ပါသေးတယ်
ကလေးဘဝကပျော်မြူး
ဟက်ဟက်ပက်ပက်
ရယ်မောဖူးခဲ့သလို
ခုဆို ဟာသကားတွေ
ကြည့်တောင်မှ
ပြုံးလို့မရခဲ့   (အကြောင်းကသိပြီးသားဟာသတွေကို)
တခါတရံလည်း
တစိမ်းဆန်စွာ
ဘယ်သူ့ကိုမဆို
အလိုက်ထိုက်မဆက်ဆံတတ်ခဲ့
စိတ်လိုလက်ရမရှိတဲ့
အခါမျိုးတွေဆို
မသိချင်ယောင်တောင်
ဆောင်နေတတ်ခဲ့...........

အဲတာတွေကို
ရင့်ကျက်ပြီလို့တွေးယင်
စိတ်အစဉ်မှာငိုချင်လာခဲ့
ဘဝက အစစပေါ့
လက်ရှိနဲ့နှစ်ရက်လောက်ခြားနေခဲ့
အခုမှစလှမ်းမယ်ဆိုတဲ့လမ်းကို
ဘာဖြစ်လို့ရွေးရခဲ့လဲ
အစဉ်မြဲမကျေနပ်
ဘာပဲဖြစ်ဖြစ်လေ
လုပ်သင့်တာကိုလုပ်ပြီးပြီပဲ
ဖြစ်သင့်တာတွေ
ဖြစ်ချင်တာတွေက
မဖြစ်တဖြစ်ပဲရှိနေခဲ့...........

ဘယ်လိုပဲဖြစ်ဖြစ်
ဘဝကို .......
အနှုတ်ဂဏန်းကစခဲ့ဖူးတာပဲ
သုညကလည်းအခါခါ
စခဲ့ဖူးရဲ့
တစ်ကယ်တော့
ပင်ပန်းလွန်းတယ်
ဒါပေမယ့်....
မပင်ပန်းပါဘူး
ငယ်ငယ်က
လမ်းလျှောက်သင်တုန်းကလို
ခဏခဏလဲပြိုကျ
ပြန်ထရပ်ရတာပဲ
လမ်းလျှောက်ချင်တာမျိုး
ဘဝမှာအမြဲ
စိတ်အားထက်သန်မယ်ဆို
ဘယ်နေရာကပဲစစ
တန်ဖိုးအတိုင်းတာတစ်ခုမှာရှိ.........

ဖြစ်တည်တာတွေအတွက်
စိတ်မှာကြည်နူး
ပျော်ရဖူးသလို
ဆုံးရှုံးခြင်းသဘောတရားတွေအတွက်
ဝမ်းနည်းချိန်မရှိခဲ့     (အဲလိုပဲသတ်မှတ်လိုက်ရအောင်တကယ်တော့ငိုကြွေးရတာများလို့ထုံနေပြီ)
အောင်မြင်အောင်
ကြိုးစားယင်းနဲ့
ဘဝတွေကုန်လွန်စေမယ်
အားမာန်အသစ်တွေနဲ့
ဘရဲ့လှေခါးထစ်တွေတက်ယင်း
အမြင့်ဆုံးပန်းတိုင်အထိ
လှမ်းနိုင်ရမယ်..............။     ။

တစ်ကယ်တော့ကိုယ့်ကိုကိုယ်အားပေးဖြစ်တဲ့ပို့စ်လေးပါ အမြဲတမ်းခွန်အားတွေ တွန်းအားတွေ ရနေစေမယ်လေ
ချစ်ရတဲ့သမီးလေးနဲ့ သူ့ရဲ့မာမားအတွက် အတိုင်းအတာကြီးကြီးမားမား ရည်မှန်းချက်ထားရမယ်လေ.......

လွမ်းရလွန်းလို့တော့မရူးလိုက်ပါနဲ့ဦး


ကူကူးအတွက် အမှတ်တရရေးပေးလိုက်တဲ့ ကဗျာလေးပါ တစ်ခါက စီဘောက်မှာ ဥဥ ကဗျာစပ်ပေးမလား
လို့လာအော်သွားခဲ့ ဖူးတဲ့ ကူကူး အတွက် ဥဥ ရဲ့လက်ဆောင်လေးပါ လွမ်းရလွန်းလို့ရူးတော့မယ် ဆိုတဲ့
စိတ်အခြေနေမှာတွေ့လို့ အားပေးလိုက်တဲ့ဥဥရဲ့ ကဗျာပါ အမှတ်တရပေါ့................
ခင်တဲ့
ဥဥ

လွမ်းရလွန်းလဲ
ရူးမသွားပါနဲ့ကွယ်
စိတ်ကရုပ်ကိုထိန်းချုပ်သတဲ့
စိတ်ထောင်းလို့ကိုယ်ကျေ
နေဖြစ်သလိုသာနေပါ
စိတ်တော့မထောင်းပါစေနဲ့...........

နားလည်ပါတယ်
ရင်ထဲကခံစားချက်တစ်ချို့
အတွေးကိုလာငြိတဲ့အခါ
လွမ်းလွန်းလို့ဆိုတဲ့
စကားလုံးရိုင်းလေးက
အထီးကျန်ရင်ကို
ထိရှစေခဲ့............

ဘယ်ရောက်နေလဲ
ဟိုးအဝေးမှာ(တစ်ကယ်ဆိုမိုင်ပေါင်းများစွာ)
ကမ္ဘာ ရဲ့တစ်ဖက်ခြား
အခက်များပင်ပွေ
ရတက်ပွားချင်လေပါပဲ
ချစ်သူ၏ချစ်ခြင်းကို
ငတ်မွတ်စွာတမ်းတမိတဲ့
မှောင်မိုက်တဲ့ညများ
ဖြတ်သန်းစီးဆင်းသွားချိန်လေး
တမ်းတစွာ
နွမ်းလျစွာ
မောဟိုက်စွာ
လှောင်ပိတ်နေတဲ့
အခန်းကျဉ်းထဲမှာ
လွမ်းနေတဲ့အလွမ်းတွေနဲ့
ရူးရမယ်ထင်ပ..............

မဆုံနိုင်တဲ့
မျဉ်းပြိုင်နှစ်ကြောင်းလို
ဒါမှမဟုတ်
မဆုံသေးတဲ့
မြစ်တစ်စင်းရဲ့
ကမ်းပါးနှစ်ဖက်
အဲဒီမြစ်ဟာအထီးကျန်မြစ်
ပင်လယ်ထဲကိုစီးဆင်းမယ်
ငါသိပါတယ်
ဒါပေမယ့်ငါ
ဂဃဏန မသိခဲ့ပါဘူး
ငါသေချာသိနေတယ်
ငါသေချာသိချင်တယ်
လောလောဆယ်လွမ်းရလွန်းလို့
ရူးတော့မယ်ထင်ပါရဲ့..............

ငိုနေမိတယ်
တစ်ယောက်တည်းပါပဲ
တိတ်တိတ်လေး
ကြေကွဲစွာမနေရဲခဲ့
ဒါပေမယ့်ကြေကွဲနေတယ်
ဒါပေမယ့်တမ်းတနေတယ်
ဒါပေမယ့်...............
ဒါပေမယ့်.......
ဒါပေမယ့်ချစ်နေခဲ့တယ်
အဲဒီတော့
လွမ်းမှာပဲပေါ့ ..........။     ။

Friday, July 16, 2010

နွံ

သစ္စာမဖျက်ချင်
အခက်ပင်ပွေမလား
ဒီဗလာရင်ဘတ်ထဲက
ဘာထွက်လာမလဲ
ခက်တာပဲကွယ်
အချစ်မဲ့နယ်မှာ
ပျော်ရွှင်ခြင်းတွေ
မရှိချင်လည်း
ယောင်ဆောင်ဆဲ
သင်္ခါရကမ္ဘာမှာ
သင်ဟာ~~~
သစ္စာမဲ့သူလား
ထားချင်ထားခဲ့
ဘဝ၏အခြားမဲ့မှာ
နေရစ်ခဲ့~~~

မေတ္တာသက်ဝင်
အချစ်ဟာရှင်သန်
အမှန်ဆို ကိုယ်တိုင် ပဲ
မှားသလားထင်
အပြုံးရင့်ရင့်
သက်ဝင်သောရင်ခွင်မှာ
သြော် ဟိုးစဉ်တည်းက
မသိစိတ်မှာပင်
စွဲလန်းခဲ့ဖူးတာထင်ရဲ့
မချစ်လို့လဲမဟုတ်
ရုပ်ဝတ္ထုနယ်ပယ်လို့
သတ်မှတ်ဦးမှာလား~~~

နှလုံးသားမှာလည်း
အမှတ်သညာနဲ့ပါကွယ်
မှတ်မိတတ်သောပုံရိပ်
တမ်းတတတ်သောဝိဉာဉ်
အရာအားလုံးသည်
နှလုံးသားမှမှတ်မိခြင်း
ဖြစ်တည်မှုအရာအားလုံး
ဦးနှောက်ကဖယ်ခွာ
တစိမ်းဆန်ချင်ပေမယ့်
နှလုံးကတွယ်မက်
မှတ်မိနေချင်~~~

ရင်ဖိုစွာလှိုက်မော
မိန်းမူးသောခဏ
တပ်မက်စွာနမ်းရှိုက်ခဲ့ဖူးသော
ပါးပြင်နှင့် နှုတ်ခမ်းအစုံ
နင့်အောင်ခံစားလွယ်တဲ့ရင်ခွင်
မေ့လိုက်ပါ....
ကြိုးစားပြီးမေ့လိုက်ပါ....
တဖွဖွ နှုတ်မြွက်ချွေလည်း
မေ့မရသောကိုယ်သင်းရနံ့
နှလုံးသားက
သေချာမှတ်မိ
သိရှိကျွမ်းဝင်
အလွမ်းတွေပင်
နေခဲ့ခြင်း~~~

ဒီ်ကမ္ဘာရဲ့
ကြင်နာတဲ့ရင်ခွင်
နားခိုစဉ်ခဏ
အရိပ်မဲ့စိတ်တစေ ္ဆ
ချောက်လှန့်နေဆဲဝေဒနာများ
ထားရစ်ခဲ့အနားမှာ
ရင်ခုန်ခြင်းခဏတာရဲ့
တမ်းတစရာနေ့တစ်နေ့
ဘဝမှာတိုးပွားသွားခဲ့
အပြစ်ရယ်မမြင်
အချစ်ဝင်ပါစေဆုတောင်း
တမ်းတနေကြောင်း
ဖွင့်မပြောဖြစ်
မလှစ်ဟသာလည်း
တစ်ကိုယ်တည်းစိတ်တွင်းကသာ~~~

သစ္စာဖျက်ခြင်း.....
ဤ သို့သောစကား
မဆိုပါနှင့်
ကမ်းလင့်လက်များ
ဝေးကွာသွားမှာ
စိုးကြောက်ပါ၏
အလွမ်းနှောင့်ယှက်
ပွဲဖျက်သည့်တိုင်
မည်သူ့ကိုမျှ
မမြတ်နိုးခဲ့ဘူးသော
မြတ်နိုးခြင်းအား
တိုင်တည်ကာထား
သစ္စာစကားမှာ
ရင်ခုန်ခြင်းများစွာနဲ့
နှောင်ဖွဲ့ခဲ့ခန္ဓာ
လိုချင်တပ်မက်အရိပ်ပမာ
မာယာမဲ့တဲ့အချစ်အား
တမ်းတငတ်မွတ်စွာ~~~။     ။

Tuesday, July 13, 2010

သံသရာတွင်းမှတမ်းတခြင်း

"အမှန်တော့ ဘာရယ်မဟုတ်ဘူး စိတ်ကူးနဲ့ရူးယုံပါပဲ မော်ဒန်လို့ပြောယင် ဝိုင်းရယ်ကြမှာ ဒါပေမယ့်
oldies modern ရစ်သမ်လို့သာခေါင်းစဉ်ပေးလိုက်ပါရစေ"

ပျံလွင့်သောစိတ်အစဉ်
သံသရာရယ်ရင်ထဲ
အစဉ်မြဲစိုးမိုးခိုက်
လွမ်းတမ်းတခြင်းနှင့်အတူ
လောင်မြိုက်ကျွမ်းနေသော
နှလုံးသားမှ
ထူးထွေဆန်းပြားသော
စကားနရီတို့သည်
စည်းချက်သွေဖည်သည်မို့
မေ့မရစိတ်
တွေ့ချင်မြင်ချင်စိတ်
လှောင်ပိတ်မွန်းကျပ်
တမ်းတတ်သည့်အခါတွင်မှ
တွယ်ရာမဲ့ခဲ့ လေသည်လား.......

မည်သို့ဆိုစေ
မေ့လိုက်စေရန်
တမင်ရည်ရွယ်လျှက်
မေ့ပစ်ချင်သော
အကြောင်းအရာတို့ကို
မေ့ ဆိုသောစကားလုံးတစ်လုံးဖြင့်
မေ့၍မရ ထိုခဏသည်
ဝဋ်ကြွေးဖွယ်ရာ
ဆိုးဝါးလှချေတကား.............

အကြောင်းမဲ့သက်သက်တော့မဟုတ်
တည်ငြိမ်နေလျှက်ရှိသော
ရေပြင်ပေါ်သို့ခဲ ကျသည့်အခါ
ဘောင်ဘင်ခတ်လှိုင်းထသကဲ့သို့
စိတ်အစဉ်တွင် တည်ငြိမ်ချင်ပြီဆိုခဲ့စဉ်
သံယောဇဉ်တစ်စ ဆိုသော ခဲက
တည်ငြိမ်လေသောစိတ် လွင်ပြင်ကို
ကျခဲ့လေ၏....................

တပ်မက်ခြင်း
တွယ်တာခြင်း
တို့၏စေညွှန်းရာရင်ခွင်တွင်လည်း
နှောင်ဖွဲ့ခြင်းတည်းဟူသော
ကြိုးတစ်စချည်နှောင်ရစ်ပတ်ခြင်းပေလော......

သို့တည်းမဟုတ်
အလွမ်းသရုပ်ပေါ်လွင်
ကစဉ့်ကရဲ ဖယ်ခွာတိမ်းညွတ်
တမ်းတမူးရီ
ရင်ခွင်ဆီတွင်
အနေမတတ်
ကျေနပ်ခက်လျှက်
တွယ်ငြိရစ်ပတ်
ဝေဒနာအရပ်ရပ်တို့
မခံချိမခံသာ
နေသာခံခက်
ဝေဒနာနေ့ရက်...........။     ။

Sunday, May 30, 2010

ရမ္မက်ဇောမှာမောလျခြင်း

နစ်ခဲ့မိသည်
ခဏဆီတွင်
ဇမ္ဗူ ခွင်၌
သူသာပင်ရှိ
အတွေ့အထိ
အပွေ့ကြည့်တို့
မွေ့လျော်စေသော
လောင်မြိုက်စေသည့်
ချစ်သူ့ရင်ခွင်မဟုတ်
တပ်မက်မှု၏စေရာ......

တမ်းတစရာမလို
နွမ်းလျခြင်းတွေသာပိုကဲ
မျက်ဝန်းထဲမှာ
ခဏတာတပ်မက်စိတ်
ဖောက်ပြန်ခြင်းဖြစ်မလား
ဘာစိတ်မှမရှိပါပဲ
တစ်ခါက နှောင်ဖွဲ့
သံယောဇဉ်ရေစက်
အခက်ပွေရတက်ဝေစေသား......

ဖောက်ပြန်ခြင်းမဟုတ်
အရုပ်တစ်ရုပ်လို
ပွေ့ဖက်ညံ့သက်
အလွမ်းရက်မရှည်ချင်
သောကပွေချင်ပွေ
လောဘမဝေချင်
အနမ်းတစ်ချက်
တမ်းတစ်သက်တာ
နှောင်တွယ်လေရစ်မလား.......

အမှောင်နယ်လွန်ကျူး
သေအံ့မူးမူးစိတ်
ခြေဆန့်ရူးရပါလိမ့်
တပ်မက်မိခြင်းဝေဒနာ
ရင်မှာ ပါလာမှာစိုးကြောက်
ဘဝရဲ့မှောက်မှားမှု
ခြောက်ခြားစရာ
ရင်မှာစုနေ
ဖြေမဆည်သာသောအရိပ်
ရင်မှာနှိပ်စက်
အခက်ပွေနေ့ည
သောကသာဗျာများနေခဲ့..........။ ။
  

Wednesday, May 26, 2010

ကြေကွဲစိတ်နဲ့

ခွင့်လွှတ်ပါလို့မပြောသာခဲ့
ကိုယ့်အပြစ်နဲ့ကိုယ်ပါ
ခံစားရယင်လည်း
ပြန်သွားပါ့မယ်ကွယ်
ရင်ကိုပူစေ စကားတွေနဲ့
မနှိပ်စက်ပါနဲ့........

သံသယဝင်လို့
စိတ်မှာအတွေးမှားယင်လည်း
မငြူစူပါကွယ်
သူ့အယင်လူ
ချစ်မိသူလေ
ဘဝင်လေဟပ်
အနေမတတ်........

အဖြေရကျပ်တဲ့
မေးခွန်းတွေမေးမနေပါနဲ့
ကိုယ်ရိုးသားတာ
ကိုယ်တိုင်ပဲသိ
မချိတရိစကားတွေ
ခပ်မာမာဆိုဖြစ်တဲ့အခါ
ခွင့်လွှတ်ပါကွာ
မပြောသာခဲ့
နာကျင်နေတဲ့ရင်အစုံ
မင်းမြင်သာယုံပါကွယ်.........။     ။

Thursday, April 15, 2010

အကျည်းတန် သင်္ကြန်

ဟယ်....ဘုရားဘုရား
အသံတွေကြားနေရပါလား
ဝုန်းဒိုင်း သံတွေ
ဒီဂျေသံနဲ့ရောစပ်
ကြားလို့မသင့်တော်တဲ့အသံ
ရင်ထဲကိုဖြတ်စီးသွားခဲ့
မဖြစ်သင့်တာပဲ
"ဗုံးကွဲတယ်တဲ့"
နှစ်သစ်မှာမင်္ဂလာယူနေချိန်
ရင်မှာဆူလောင်ပွက်စေဖို့
ကြားရတဲ့သတင်းဆိုး
အိုး မဟုတ်ပါစေနဲ့..........

မယုံမရဲနဲ့
အွန်လိုင်းပေါ်တက်လိုက်တော့
ဖေ့(စ)ဘွတ်ကအစ
ရိုက်တာအဆုံး
သေချာသတဲ့
အဖြစ်ပျက်တွေ
ရင်မှာမခံစားနိုင်အောင်
ဓါတ်ပုံတွေနဲ့တကွတွေ့ရ
ခက်တော့နေသား
ပျော်စရာတွေပျောက်ပျက်
သြင်္ကန်နေ့ရက်မှာ
အမင်္ဂလာ သတင်းဆိုး
၉/၁၁ လိုမျိုး
ရင်ထဲကိုတိုးတိုက်ကြေကွဲစေတယ်
ဒီတစ်ခါကလေ
မြန်မာပြည်မှာတဲ့
ဗုံးဆိုတာဒီလောက်ရှားတဲ့
ငါတို့ပြည်မှာ
သုံးလုံးတောင်ဘယ်ကရလဲ
အတွေးတွေ ေ၀ဝါး
ထွေပြားသွားစေတယ်..........

အရှေ့အလယ်ပိုင်းက
ပါလက်စတိုင်းဆိုလည်းထားပါတော့
ခုဟာက အသေခံလား
အသေမြန်လား
ချိန်ကိုက်တာလား
ခေါင်းထဲကိုအတွေးတွေ
စီရရီရောက်လာတယ်
ဘာလို့ခွဲတာလဲ ???
ဘာရန်ငြိုးရှိလို့လဲ???
အပြစ်မဲ့သူတွေ
အားလုံးပျော်နေတဲ့အချိန်မှာ
ဒီဂျေ သီချင်းသံနဲ့
ရောသမ မွှေလိုက်တဲ့
မင်္ဂလာနှစ်သစ်ကို
ကွဲပျက်စေတဲ့ဗုံး
ဖျက်ချင်လို့ပဲခွဲခွဲ
...........လို့ပဲခွဲခွဲ
မသမာမှုတွေကလည်း
ရက်စက်အကျည်းတန်လွန်းတယ်
ခွဲတဲ့ကောင်တွေလည်း
ရိုင်းစိုင်းယုတ်မာပက်စက်လွန်းတယ်.......။     ။


Tuesday, April 13, 2010

အမှတ်တမဲ့သင်္ကြန်

ခဏခဏ

အသံတွေကြားနေရ

သင်္ကြန်မှာအပျော်ရွှင်ဆုံးဖြစ်ခဲ့တဲ့

တစ်ထောင့်ကိုးရာကိုးဆယ့်ငါး

ဆိုင်ကယ်တစ်စီးနဲ့ မန ္တလေးမှာ

တို့နှစ်ယောက်ပျော်ဖူး

ချစ်ရည်လူးခဲ့ကြ

ပြင်ဦးလွင်မှာ

ဘီအီး

ရေတံခွန်ထဲချော်ကျ

ငါဆွဲထူတော့မနည်း

အနစ်ကြီးပဲဆိုတာတွေ

အဲတာအမှတ်တရနဲ့

အိမ်ထောင်ဦးရဲ့

ပျားရည်ဆမ်းရက်များ..........

နောက်တော့

နှစ်ထောင့်လေးမှာတစ်ခေါက်

မန္တလေးနဲ့မုံရွာ

နောက်တစ်ခေါက်ရောက်ဖြစ်ပြန်တယ်

အဲဒီမှာ အိမ်က သဘောမတူတဲ့

ဘဝရဲ့ မထင်မရှားနေရာမှာပါခဲ့တဲ့

ချစ်သူ လည်းပါခဲ့

လွမ်းစရာတွေမဟုတ်ပေမယ့်

သင်္ကြန်ဆိုယင်

ရင်မခုန်ချင်ပဲ

နာကျင်စရာတွေများနေခဲ့

တမ်းတတာမဟုတ်ပေမယ့်

နွမ်းလျရုပ်နဲ့ပါကွယ်........


ကျွမ်းချစ်သက်သေ

လွမ်းပစ်ရမယ့်ရက်တွေပါတဲ့

သင်္ကြန်အပြန်လှန်ဆက်စပ်တွေး

ဒီလိုပဲခပ်ငေးငေးနေချင်

တွေတွေဝေေ၀နဲ့

ထွေရာလေးပါးစကားဆိုဖြစ်

ညီမလေးနဲ့အတူလည်ဖြစ်တဲ့

တနှစ်တည်းသောသင်္ကြန်

ရင်မှာနာယုံကလွဲပြီး

ဘာမှပြန်ဖြစ်မလာတော့

လွမ်းနေရတာပဲ

အဖတ်တင်

ကျွမ်းဝင်သူတွေနဲ့

မလွမ်းချင်အဖြစ်သနစ်စုံတဲ့

ကဖျစ်ကညစ်နဲ့

ခြောက်သွေ့သင်္ကြန်

ရောက်လာပြန်ခဲ့

သင်္ကြန်မိုးမရွာ

တန်ခူးလေမတိုက်

ခပ်မိုက်မိုက်ပဲ

ရဲရဲပူတယ်

ရင်ကနွေရယ်...။     ။


သင်္ကြန်တဲ့လား


ကဲပါကွယ် ....
နှစ်သစ်တဲ့လား
တနှစ်တနှစ်နဲ့
ရင်ခုန်သံမြန်ခဲ့
ကျန်ခဲ့တဲ့နှစ်တွေအတွက်
အပြစ်ကြေချင်တာလား
စဉ်းစား.........

မွေ့လျော်ခဲ့သော
မကောင်းမှုအားလုံး
အရာခပ်သိမ်း
အသာယာ ချုပ်ငြိမ်းစေချင်
စိတ်မှာငြီးငွေ့
အတိတ်ခြေရာတွေ
ပြန်မရှာချင်တော့
ဘာဖြစ်ဖြစ်
ပွင့်နေတဲ့ငုဝါ
ဖူးနေတဲ့ပိတောက်
အပင်ခြောက်တွေနဲ့
ဝေဆာနေတဲ့သြင်္ကန်.......

ဘာပဲဖြစ်ဖြစ်
ပူလိုက်တာနော်....
ငြီးတွားသံတွေ
နွေဟာပြင်းလွန်းလှ
ရင်ကအလွမ်းနဲ့အပြိုင်
နိုင်အောင်ကျဲမလား
မိုင်ထောင်ချီဝေးနေတဲ့
တစ်ယောက်ယောက်ကိုသတိမရနိုင်
အင်ဖနတီဝေးခဲ့တဲ့
ကျောချင်းကပ် ကာ
လမ်းလျောက်သွားသူကိုလည်း
သတိမရနိုင်
ပူလွန်းလို့သတိမေ့နေတာဖြစ်မယ်
အဲလိုပဲမှတ်ချက်ချ.........

အာရုံနောက်တယ်ကွာ
ဘာတွေလာပြောနေတာလဲ
ဒီနှစ်သြင်္ကန် မစည်ဘူးဆိုပဲ
အလကားပါကွာ
နှစ်တိုင်းဒီလိုပြောနေကျပဲ
ပြီးတော့လဲပြီးတာပါပဲ
မပျော်ချင်တော့ဘူးကွယ်
သင်္ကြန်ရယ်လေ............။ ။


Saturday, April 10, 2010

ညီမလေးအတွက် ချစ်ခြင်းလက်ဆောင်


တစ်ကယ်တော့အလွမ်းဆိုတဲ့ နွံ ထဲမှာနစ်မနေချင်တော့ပါ ။ သို့သော် အလွမ်းဆိုသည်ကား ဘိန်းတစ်မျိုးဟု ဆိုလျှင်မှားမည်လား တစ်ကယ်တော့ အလွမ်းဆိုသည်ကားဘိန်းထက်သာသော စွဲယစ် ဝေရီ စေသော အရာဟု ဆိုလျျှင် မှန်မည်ထင်သည် ။တသသ နှင့်မှိုင်တွေနေခြင်းမျိုးမဟုတ်သော်လည်း ရင်ကိုထိခိုက်စေတတ်သောအကြောင်းအရာဖြစ် လေသည် အလွမ်းကိုလူတို့စွဲငြိကြသည် အလွမ်းကိုဋီကာ ဖွဲ့ကြသည် လွမ်းခြင်းကိုယိုးမယ်ဖွဲ့၍ ကဗျာ ဝတ္ထု အစသဖြင့်များစွာထွက်ပေါ် လာခဲ့ပြီဖြစ်သော်လည်း ထိုအလွမ်းသံသရာနွံထဲမှ မလွတ်မြောက်ချင်ကြသေး ဆက်၍ လွမ်းနေသေးသည် အပြစ်ဖြစ်တော့မည်လား ။ ထို့အတွက် အလွမ်းထဲမှာ ပျော်ရတော့မလား အချစ် အလွမ်း တွေနှင့် မောလျနေခြင်းသည် ကောင်း၏မကောင်း၏ ဝေဖန်သုံးသပ်ဆင်ခြင် ကြည့်ပါလျှင် အလွန်ဖြစ်လေမည်လား။ ညီမလေး၏ ဓါတ်ပုံဟောင်းနွမ်းခြင်း အသစ်လဲလှယ်ရန်သတိရနေခြင်းနှင့်အတူ ဓါတ်ပုံတစ်ပုံရရန် အသည်းအသန်ရှာ မိနေရာ အလွမ်းသည်လည်းဓါတ်ပုံရှာရာနောက်သို့အစဉ်ပါနေခဲ့၏ ဖြစ်ရမယ် ချစ်သူမောင်ရယ် ဟု ဆိုလှာ ငြားအံ မတုန်မလှုပ် လည်စင်းခံပါမည်။ ကျွန် တော်သည်လည်းကျွန်တော်ပေကိုး အသိမ်းလွန်ဓါတ်ပုံ များရှာဖွေခြင်းဖြင့် လွမ်းနေရသည်ဖြစ်ကြောင်း ဘလော့ပေါ်လာရေးသည် ထို့အတွက် ခွင့်လွှတ်ကြပါကုန်။ ဘဝအသစ်တစ်ခုကိုပိုင်ဆိုင် ကာပျော်နိုင်နေသော်လည်း အလွမ်းသည်
တခါတရံတိုးတိုက် ဝင်လာတတ်သည် ကျွန်တော်မတရားဟုဆိုကြအံ့ မတတ်နိုင်ပါချေ။ အလွမ်းဓါတ်ခံနှင့်ပေကိုး တွေ့ပါပြီ ထိုဓါတ်ပုံညီမလေးအတွက်ဓါတ်ပုံအသစ်ပါ ဟောင်းနွမ်းနေစား သွားတဲ့ ညီမလေးရဲ့ဓါတ်ပုံကိုအစားထိုးပေးဖို့ပါ ဒီတစ်ခါတော့နည်းပညာအသစ် နဲ့printing သွားလုပ်မယ် စတီးလ် ပြားပေါ်မှာဖြစ်ဖြစ် ကြွေပြားပေါ်မှာဖြစ်ဖြစ်ပေါ့။ ညီမလေးရေ မင်းဆီကိုကိုလာဦးမယ် ဘာဖြစ်ဖြစ်
လွမ်းပြီးသတိရနေတယ်ကွယ်။

ထာဝရထားသွားခြင်းမျိုး
ရင်ခွင်မှာမလိုလားပေမယ့်
ညီမလေးကအနိုင်ပိုင်း
တစ်ကယ်ထားသွားခဲ့
ကိုယ့်မှာတော့ရူးမတတ်ပါကွယ်
အလွမ်းပင်လယ်ကြောမှာ
မျောနေတော့တယ်...........

တခါတခါကိုကို
စဉ်းစားတယ်
တစ်ချိန်က ကိုကိုတို့
အမှန်တစ်ကယ်
ပိုင်ဆိုင်ခဲ့ဖူးတဲ့ဘဝ
တခဏကိုပဲ
ကိုကို့အတွက်
ထာဝရ သိမ်းထားချင်ခဲ့တယ်.......

ဒါပေမယ့်ကွယ်
သောကပွေ့ပိုက်
နေရခိုက်မှာ
ကိုကိုငိုလို့ လွမ်းနေယင်
ညီမလေး မြင်လှည့်
ကူလှည့်ပါကွယ်
အိပ်မက်ထဲမှာဖြစ်ဖြစ်
ခဏတဖြုတ်
တွေ့ချင်တယ်

အလွမ်းရယ်မဖြေသာ
သော ကနဲ့
နွမ်းကြေပါပြီကော
ကိုယ့်ရင်ကလေ
ဘယ်လိုဖြစ်ဖြစ်
တမ်းတမိ..........။     ။

Wednesday, March 31, 2010

တစ်ချိန်က.........

ဘာအကြံမှမရှိပါဘူး
သူ့ကိုချစ်ခဲ့ယုံသက်သက်ပါ
သမုဒ္ဒရာထဲက ပြောင်းလဲတတ်တဲ့
ရေစီးကြောင်းတွေအကြောင်း
သူကျွန်တော့ကိုပြောပြတော့
ကျွန်တော်ပါးစပ်အဟောင်းသားနဲ့ငေးလို့~~~~~

ဘာကိုမှမလိုချင်ပါဘူး
ချစ်မိယုံနဲ့သူ့အတွက်ပေးဆပ်ဖို့သက်သက်ပါ
ဘာသာဗေဒနဲ့ပါတ်သက်တဲ့ အကြောင်း
ကျွန်တော်ပြောပြတော့သူကငေးကြည့်ပြီးမေးတယ်
အချစ်ကဘာသာဗေဒလား ယုတ္တိဗေဒလားတဲ့
ကျွန်တော်မဖြေနိုင်ခဲ့ပါဘူး~~~~~

တွယ်ငြိတမ်းမက်နေယုံနဲ့တော့
ကျွန်တော်သူ့ကိုမချစ်ပါဘူး
ဘာပဲဖြစ်ဖြစ် ကျွန်တော့ရဲ့အချစ်မှာ
လိုချင်တာဘာမှမပါခဲ့ပါဘူး
သူငယ်ချင်းတွေကတော့ပြောကြတယ်
သောက်ရူးဆိုလားပဲ~~~~အင်း ဟုတ်ချင်ဟုတ်မှာ
ပုထုဇနောဥမ္မတကောဆိုတာကိုး~~~~~

ခက်တာက
ဘာလိုလိုညာလိုလို တန်ခိုးရှင်လိုလိုသူတို့တွေပါပဲ
ဒါပေမယ့် ဘာမှမဟုတ်ခဲ့ကြ
ကာရံနဲ့ လွန်ဆွဲပွဲမှာ ကဗျာကဒုတိယတဲ့
ကဲ.....ကောင်းကြသေးရဲ့လား~~~~~

အဲဒီအချိန်မှာ ကျွန်တော်ကချစ်သူကိုကဗျာစာအုပ်
တစ်အုပ် ချုပ်ပြီး ပေးခဲ့တယ် ယမင်းရုပ်လေးရယ်
မင်းကိုချစ်တာငါ့ရင်ကခံစားချက်သက်သက်ဆိုတာယုံပါ
ခုတော့ အပြောခံရပေါ့ ပေါ လိုက်တာဆိုပဲ~~~~~

သြော် ....ခုတော့လည်း
ဘယ်ရောက်နေလဲယမင်းရုပ်လေးရယ်
ဘကြီးအောင်ကတော့ညာမြဲပါပဲ
တစ်ကယ်တမ်း ဝန်ခံရယင်တော့
ဘာမှမလိုချင်ပဲချစ်တဲ့ ငါပါ မင်းဆီကလည်းပြန်လိုချင်တာ
"ချစ်တယ်"ဆိုတဲ့ အဖြေမဟုတ်ပါဘူး
မြတ်နိုးရတဲ့ မျက်ဝန်းလေးက စိမ်းကားစွာနဲ့ကြည့်တဲ့အကြည့်ကို
ဖယ်ခွါပေးယင်ပဲ ကျေနပ်ပါပြီ~~~

Thursday, March 18, 2010

ကြောက်ပါပြီဗျ

Photobucket



မနေ့ က ကျွန်တော် ခရီးသွားခဲ့ပါသည် ခေတ္တ မျှသာ၊ ဘယ်ကိုလည်းဆိုတော့ ရွှေမြို့တော် နေပြည်တော် သို့ပါ.....
ကားကြုံရှိ၍ လည်းပါပါသည် ကျွန်တော် တို့သွားတော့ အမြန်လမ်းမကြီးမှသွားခဲ့ ခြင်းဖြစ်ပါသည် ။ ခရီးတစ်ထောက်နားစဉ်
ညနေစာဝင်စားဖြစ်ခဲ့သည် feel express ဆိုပါကလား.... အင်းကျွန်တော်ခုတော့တော်တော်တောဆန် နေပြီလို့ပြောရမလို
နေပြည်တော်အမြန်လမ်းမကြီး မှာ ထိုသို့သော ဆိုင်ရှိမည်ကိုထင်မှတ်မထားသည်ကကျွန်တော့အမှားပါ စားစရာဆို လိုတာရမည်
ဘာဖြစ်ဖြစ် ကျွန်တော် ခေတ်အ တော်နောက် ကျကျန်ခဲ့ပြီ ... ထမင်းဝင်စားဖြစ်တော့ ည ဆယ့်တစ်နာရီ သို့ပေမယ့် မီးရောင်
တွေ ထိန်ငြီးနေ သည် လမ်းတစ်လျောက်လုံးတော့လည်းမီးရောင်မရှိပါ တံတားနေရာတွေသာ အကွေ့ အကောက်များလွန်းလှသော
အမြန်လမ်း မှာကွန်ကရိဖြင့် အတိပြီးသောလမ်းဖြစ်သည့်အားလျော်စွာ ကားမောင်းရ သည်မှာ ကတ္တ ရာ လမ်းကဲ့သို့ ခပ်ညက်ညက်
အထိတွေ့မရှိ မာကျောကျောနိုင်လှ၏ သို့သော် လှိုင်းအနည်းငယ် ရှိယုံမှအပ အလုံးစုံကောင်းမွန်ပါသည် ။ထိုသို့လမ်း မျိုးဖြင့်သာ
ထိုခရီးကိုသွားရမည်ဆိုလျှင် ဘယ်လိုသွားသွား .... ဘယ်နှစ်ခေါက်သွားသွားကိစ္စ မရှိ တစ်ကယ်မောင်းလျှင်လေးနာရီကျော်ကျော်သာ
ကြာမည့်ခရီး ဘာဖြစ်ဖြစ် ဘ၀င်တွေ့သည် ကိုယ်ပိုင်ကားဖြင့်သွားသည်ကိုး ။

Express ဆိုသောစကား လုံးကိုမည်သို့အဓိပ္ပာယ်ဖွင့်ဆိုသည်ကို ကျွန်တော်၏လက်စွဲတော် long man အဘိဓါန်ဖွင့်၍ သေချာရှာရတော့
မည် အင်းတွေ့ပါပြီ express adj [A] 1 going or sent quickly : an express train ဆိုပါလား အမြန်သွား ချင်ယင် express ကားစီး
ဆိုတဲ့သဘောပေါ့နော် ဟုတ်ကဲ့ စီးစရာသည်အိတ်စပရက်ကားပဲရှိ တော့တာကိုး ဘာလို့လဲဆိုတော့ ကျွန်တော်သွားလုပ်တဲ့ အလုပ်ကိစ္စ
ကညတွင်း ချင်းပြီးသွားပြီမို့နောက်ပြီးအကြုံလိုက်သွားတဲ့ကားကလည်းအဲသည်ကကားဖြစ်နေတာကိုး အဲဒီအချိန်မှာကျွန်တော့ရဲ့စီးတော်
ယာဉ်လေးကိုသတိရလိုက်မိသေးတယ် ဒါပေမယ့်တတ်နိုင်ဘူးလေ အလုပ်ကိစ္စဟာကိုး (တစ်ကယ်တော့ဆားဗစ်ပါ တစ်ကယ့် free service)
ပြန်မယ် အမြန်ပြန်ချင်တာ ကျွန်တော့မှာအလုပ်တွေတစ်ပုံကြီးကို အဲတာနဲ့ ရွှေမြို့တော်ကြီး ကနေ အိတ်စပရက်ကား လက်မှတ်ဖြတ်လိုက်ပါ
တော့တယ် မနက်ငါးနာရီခွဲထွက်မယ့်ကားနဲ့ပေါ့။ညဖက် ရွှေမြို့တော်ကြီးက စည်ကားလျှက်ပါ။
မယုံဘူးလား ပေါင်းလောင်းလမ်းထိပ်ဖက်လာကြည့် ကိုယ်တွေ့ ဆိုင်ကယ်သံတဝေါဝေါနဲ့ မနက်လေးနာရီကျော်တဲ့အထိပဲ ။ ဘာတွေလဲဆိုတာတော့ကျွန်တော်မစပ်စုမိခဲ့ဘူး ခွင့်လွှတ်ကြပါဗျာ :P။

ရေးချင်ရာတွေလျှောက်ရေးနေပြန်ပြီရေးချင်တဲ့ အကြောင်းအရာပျောက်သွားပြန်ပြီ ။ အင်းအိတ်စပရက်(စ) ကားအကြောင်း .........
မနက်ငါးနာရီထိုးတော့ရွှေမြို့တော်ကြီးရဲ့ အဝေးပြေးဝင်း ကိုအရောက်သွားရပါတယ် အိတ်စပရက်(စ)ကား ကစည်းကမ်းကြီးသကိုး
သူကငါးနာရီခွဲထွက်မှာ ဆိုတော့နေရာယူရအောင် စီးရမယ့်ကားလိုက်ရှာမိတယ် အယင်ဦးဆုံးအနေနဲ့ ဟောတွေ့ပါပြီ အိတ်စပရက်(စ)
ကား.... ညတ်ချွာဖြား .... ဒီကားကြီးစီးပြီးတော့.......ရန်ကုန်ဆိုတဲ့ပမွှားမြို့ လေးကို .....ပြန်ရမှာ ..??????....!!!!!!!!!
ဝေခွဲလို့မရခဲ့ ဘူးရွှေမြို့တော်ကြီးကဟီးထလို့ စီးရမယ့်ကားက ???? ရန်ကုန်ပြည်လိုင်းက ကျတဲ့ အိတ်စပရက်(စ)ကား ဗုဒ္ဓေါ... ဘာတွေဖြစ်
ကုန်ပလဲ ကဲထားပါတော့လက်မှတ်တော့အဆုံးမခံနိုင်ဘူး ရန်ကုန်ဆိုတဲ့ ပမွှား မြို့ သေးသေးလေးဆီအမြန်ရောက်ပြီးရော ဘာဖြစ်ဖြစ် စီးမယ်
ခုထိဘယ်လမ်းကသွားမယ်ဆိုတာတော့မသေချာသေး လာတုန်းကလိုဖြောင့်တန်းမယ်အထင်ရှိတုန်းကိုး ။ ကဲကားစထွက်ပါပြီ ကျွန်တော်က
အကျင့် တစ်ခုရှိတယ် ခရီးထွက်ပြီဆိုယင် အပြန်ခရီးလမ်းမှာ ထီးဆိုင် ရဲ့ ရန်ကုန်တော့ဖြည်းဖြည်းပေါ့သီချင်းညည်း တတ်တယ် အဲမှာစတာပါ
ကားက အမြန်လမ်းဆီကို ဦးမတည်ပဲ ပျဉ်းမနားဖက်ကိုဦးတည် တော့တယ် ဟာ...ဒုက္ခ ဒီလမ်းကလမ်းဟောင်းကြီး ပျင်းစရာကြီး ကျွန်တော်
အခေါက်ပေါင်းများစွာ ရန်ကုန်နဲ့ မန္တလေး ကူးချည်သန်းချည် လုပ်ခဲ့တဲ့လမ်းကြီး .... အား...၀ါး....ပျင်းဖို့အတော်ကောင်းသွားပြီ ပျဉ်းမနား
မရောက်ခင်အထိ ကားပေါ် မှာလူဘယ်နှစ်ယောက်ပါခဲ့ တယ်ထင်လဲ အိတ်စပရက်(စ)ကားကြီးတစ်စီးလုံး မှကိုးယောက်ပဲပါတယ် အဲဒီအချိန်ထိ
ပျော်နေတာချောင် ချောင် ချိချိစီးရပြီဆိုပြီး.... ပျဉ်းမနားရောက်တော့ လူထပ် တင်တယ် ကျွန်တော်တော့တော်တော်စိတ်ပျက်စပြုနေပြီ
ကားကလိပ်သွားသလိုလို ယုန်လမ်းလျှောက်သလိုလိုလုပ်နေတာ နောက်ပြီးလေအိတ်တွေလဲမကောင်းတော့ဘူးထင်ပါရဲ့ ကားကညိမ့်ညိမ့်
ညောင်းညောင်းမရှိဘူး ချိုင့်ဆောင့်လိုက်ယင်ခါးတွေနာလို့ အင်းဒုက္ခ ဒုက္ခ။ လမ်းတစ်လျှောက် အစောကြီးထွက်လာတဲ့ ကားမို့ လားတော့
မသိဘူး လူတွေအပြည့်အသိပ်တင်တယ် ရန်ကုန်ကအထူး ဆိုတဲ့ မထူးကားတွေလိုပြည့်အောင်တင်တယ် အလယ်ခုံပြည့်တော့ ဘယ်က
ပလပ်စတစ်ခုံလေးတွေထွက်လာလဲမသိ ရန်ကုန် ကမထူး ကားတွေကျပ်တာအိတ်စပရက်(စ) ကပျင်းသေးတယ် ကားစီးရတာ လက်မှတ်ခက
အိတ်စပရက်စလက်မှတ်ခနဲ့ သာမာန် ကားအတိုင်းပဲ မှတ်တိုင်တိုင်းရပ်တဲ့ ဘတ်(စ)ကားလို မြို့သေးသေးလေးတွေပါမကျန် တွေ့ကရာအကုန်
ရပ်သော အိတ်စပရက်(စ) ကားစီးမိပါပြီ သူကလူသာရပ်တင်တာ အစားသောက်တော့ရပ်ပြီးမစားခိုင်းပါဘူး ကျွန်တော်က ရွှေမြို့တော်ကြီး ဂိတ်စ
မနက် ငါးနာရီခွဲတည်းက ဘာမှမစားရသေးပဲလိုက်လာတာ အလာတုန်းက ဖြူးမြို့ နားက feel express ကိုအိပ်မက်မက်နေတာ ဒါပေမယ့်
တဘီးချင်း တလိမ့်ချင်း လိပ်ပြေးသလိုလို ယုန်လမ်းလျှောက်သလိုလိုဆိုတော့ ရောက်ရောက်နိုင်ပဲကိုး ဘာဖြစ်ဖြစ် ပါလာတဲ့ ရေဘူးပဲဖိသောက်နေရတော့တာပေါ့။
ခဏနေတော့အိပ်ပျော်သွားရော မအိပ်ခံနိုင်ရိုးလားညကတစ်ညလုံးတစ်မှေးမှမမှေး ရသေးပဲကို ဆာဆာနဲ့
အိပ်မက် မက်နေခဲ့တယ် တစ်ချိန်က ARROW EXPRESS , LEO EXPRESS အဲယားကွန်း တောက်လျှောက်ဖွင့်ပြီး မနက်စာပါကျွေးသေးတာ ။ ခုများတော့လဲအပုံကြီးကွာပါပေါ့ လား နတ်သံပဲနှောရမလိုလို မူလီသံကိုပဲကျိုရတော့မလိုလို အင်း
အိတ်စပရက်(စ) စီးရတဲ့ဒုက္ခ နောက်တော့ ထမင်းစားဖို့ ရပ်ပေးတယ် နေ့လည် ဆယ့်နှစ်နာရီထိုးပြီ ဆာဆာ နဲ့ဝင်စားမယ်လုပ်တော့
ဟိုဟင်းမရှိ ဒီဟင်းကကုန်နေတဲ့ ခပ်စုတ်စုတ်ထမင်းဆိုင်ကိုရောက်ပါတယ် စားဆိုတော့မစားနိုင်တော့ ဘူး ဘယ်စားနိုင်မလဲ ရန်ကုန်
ညောင်ပင်လေးဈေး ဟောင်းတုန်းက ဦးစံဆိုင်ကငစိန်ဆန်ကိုစားလို့ရတယ် စားနိုင်တယ် မှာချင်တဲ့ဟင်းကလည်းရတာကိုး ခုကစားချင်
တာလဲမှာမရဆန်ကလည်း ငစိန်လိုလို မီးတုန်းလိုလို ပေါ်ကျွဲလိုလို ဘာတစ်ခုမှမဟုတ်ဘူး အင်း အိတ်စပရက်(စ)ကားစီးရတဲ့ဒုက္ခ မသေးပါလား
နော်.......အဲဒါနဲ့ ဖြစ်သလိုလေး စား အဆာပြေယုံ ကြားထဲ "ကူကူး" ဘလော့ထဲကဟင်းတွေသတိရနေလိုက်သေး စိတ်များ အလိုလိုက်ထားယင်တော်တော်မကောင်းဘူး အဲလိုနဲ့ ဗျာ စားပြီးသောက်ပြီး ကားပြန်ထွက်ပြန်ပေါ့ တင်လိုက်တဲ့လူတွေ တက်လိုက်ဆင်းလိုက် အင်းစိန်ဆူးလေကား
အရှုံးပေး ရအောင်လူတွေအတင်အချလုပ်ပြီးသကာလ ရွှေမြို့ တော်က မနက်ငါးနာရီခွဲထွက်တဲ့ အိတ်စပရက်(စ)ကား ရန်ကုန် ကိုရောက်ပါတယ်
ညနေ လေးနာရီမိနစ်သုံးဆယ်တိတိ အချိန်ကိုက်မောင်းလားအောင်းမေ့ရ ။ ကားစီးရချိန် ဆယ့်တစ်နာရီတိတိ စပ်စုပြီး ကျွန်တော့ကို ဘယ်အိတ်
စပရက်(စ) လဲ လို့တော့ မမေးကြပါနဲ့ ရိုးမလို့ သေတောင်ပြောပြဘူး။ဘာပဲဖြစ်ဖြစ် စိတ်တော့အတော်လေးကုန်သွားတယ် ချိန်းထားခဲ့တဲ့ရန်ကုန်က အလုပ်ကိစ္စတွေလည်းမပြီးနိုင် ဆိုတော့ အော်လိုက်ချင်ပါတယ် အိတ်စပရက်(စ) ဆိုကြောက်ပါပြီဗျလို့သာ..........

Friday, March 5, 2010

အမုန်းဆုံး တစ်ခါက ချစ်သူ

လွမ်းတော့လည်း
လွမ်းခဲ့တယ်လား
ဘာဖြစ်ဖြစ်
အမှတ်တရအဖြစ်တွေ
ရှိမနေချင်ခဲ့
အကြောင်းတိုက်ဆိုင်တော့လည်း
မုန်းရက်နဲ့သတိရ
ဝမ်းမနည်းပေမယ့်
လမ်းခွဲခဲ့တဲ့အဖြစ်.............

တခါက
မောင့်အချစ်ဆုံးသက်ထား
ထာဝရလို့တောင်တင်စား
နွမ်းလျအရိပ်နဲ့
မတမ်းတတော့တဲ့အတိတ်
အိပ်မက်မဟုတ်ခဲ့ပေမယ့်
ခပ်ရေးရေးတော့သတိရ
"မြခွာညို"သီချင်းသံနဲ့
ရူးအောင်ငိုချင်တဲ့စိတ်
မျက်ရည်တွေဝေ့လာတတ်တဲ့
အတိတ်ကမျက်ဝန်းတစုံ
ရူးအောင်ချစ်ခဲ့တဲ့
နှင်းတွေဝေခဲ့တဲ့
ဆောင်းရဲ့နေ့ရက်များ
အလွမ်းစကားမဆိုဖြစ်.............

တမ်းတနေ့ညတွေ
ကုန်လွန်သွားခဲ့
မယုံရဲစိတ်နဲ့တထိတ်ထိတ်ပါကွယ်
တွယ်တာမြတ်နိုး
ဘယ်လောက်ထိဆိုးခဲ့လဲဆို
လိမ်ပြောယင်တောင်ယုံခဲ့တဲ့အဖြစ်
အပြစ်တွေသာဖြစ်တော့မလား
တစ်ကယ်ပါကွယ်
ယုံကြည်တတ်လွန်းတဲ့
ကိုယ့်ရဲ့ ........
အချစ်တစ်ခုတည်းနဲ့ကြည့်တတ်တဲ့
မျက်ဝန်းအစုံက
ကြောင်တောင်ကန်းခဲ့လေသလား
အမှတ်မှားပါကွယ်
ဖောက်ပြားတယ်သူများပြောတောင်
မောင်မယုံတတ်ခဲ့
မျက်စေ့နဲ့တပ်အပ်တွေ့တော့
မောင်စိတ်မဆိုးရက်ခဲ့
ဒါပေမယ့်တို့တတွေ
အမုန်းနဲ့လမ်းခွဲခဲ့ကြ
အဆုံးသတ်မှာတောင်
အမှားနဲ့အမှန် မခွဲနိုင်သေး
ဒီနေ့ထိတွေ့ယင်
ရင်ခုန်ချင်တုန်းလား
ခြံခုန်ခဲ့ဖူးပါတယ်ဆို
မောင်မေ့ထားလေမလား
ဘယ်သူတွေဘာပြောပြော
အမုန်းနဲ့လမ်းခွဲခဲ့တာတောင်
အမှတ်မထားနိုင်သေး
အလှမ်းဝေးတောင်
တမ်းတသေးသယောင်နဲ့
ကိုယ့်ကိုယ်လှည့်စား
မနေရဲအားပြီ.............

သေချာသိခဲ့တာ
အမုန်းနဲ့လမ်းခွဲခဲ့ကြတာ
ကွာရှင်းပြတ်စဲပြီးစီးကြောင်း
စာချုပ်ကသက်သေ
ဒီနေ့ပဲတွေ့ခဲ့ရ
ဘာတဲ့.......
ကွာရှင်းခြင်းဟာ
ပြဿနာကိုပြေလည်စေမယ့်
နည်းလမ်းလား တဲ့
ကဲ...အဲလိုမဖြေရှင်းယင်
တုတ်တပြက်ဒါးတစ်ပြက်
ဖြစ်ကုန်မှာပေါ့
မာယာနှောင်ကြိုးတွေနဲ့
ခုထက်ထိ ဗလာမပါအောင်
ချည်ထုံးဆဲဝေဒနာ
တမ်းတတာမဟုတ်ပေမယ့်
တိုက်ဆိုင်မှုတွေကြုံလာယင်
မုန်းခဲ့တာတောင်
အမှတ်ရနေသေးတယ်
မောင့်ရင်ကိုပူလောင်စေတဲ့
မောင့်ရင်ထဲက ထာဝရမီးလို့ခေါ်တဲ့
ချစ်ခဲ့တဲ့မီးရယ်....................။     ။