ခွင့်လွှတ်ပါလို့မပြောသာခဲ့
ကိုယ့်အပြစ်နဲ့ကိုယ်ပါ
ခံစားရယင်လည်း
ပြန်သွားပါ့မယ်ကွယ်
ရင်ကိုပူစေ စကားတွေနဲ့
မနှိပ်စက်ပါနဲ့........
သံသယဝင်လို့
စိတ်မှာအတွေးမှားယင်လည်း
မငြူစူပါကွယ်
သူ့အယင်လူ
ချစ်မိသူလေ
ဘဝင်လေဟပ်
အနေမတတ်........
အဖြေရကျပ်တဲ့
မေးခွန်းတွေမေးမနေပါနဲ့
ကိုယ်ရိုးသားတာ
ကိုယ်တိုင်ပဲသိ
မချိတရိစကားတွေ
ခပ်မာမာဆိုဖြစ်တဲ့အခါ
ခွင့်လွှတ်ပါကွာ
မပြောသာခဲ့
နာကျင်နေတဲ့ရင်အစုံ
မင်းမြင်သာယုံပါကွယ်.........။ ။
No comments:
Post a Comment