Wednesday, March 31, 2010

တစ်ချိန်က.........

ဘာအကြံမှမရှိပါဘူး
သူ့ကိုချစ်ခဲ့ယုံသက်သက်ပါ
သမုဒ္ဒရာထဲက ပြောင်းလဲတတ်တဲ့
ရေစီးကြောင်းတွေအကြောင်း
သူကျွန်တော့ကိုပြောပြတော့
ကျွန်တော်ပါးစပ်အဟောင်းသားနဲ့ငေးလို့~~~~~

ဘာကိုမှမလိုချင်ပါဘူး
ချစ်မိယုံနဲ့သူ့အတွက်ပေးဆပ်ဖို့သက်သက်ပါ
ဘာသာဗေဒနဲ့ပါတ်သက်တဲ့ အကြောင်း
ကျွန်တော်ပြောပြတော့သူကငေးကြည့်ပြီးမေးတယ်
အချစ်ကဘာသာဗေဒလား ယုတ္တိဗေဒလားတဲ့
ကျွန်တော်မဖြေနိုင်ခဲ့ပါဘူး~~~~~

တွယ်ငြိတမ်းမက်နေယုံနဲ့တော့
ကျွန်တော်သူ့ကိုမချစ်ပါဘူး
ဘာပဲဖြစ်ဖြစ် ကျွန်တော့ရဲ့အချစ်မှာ
လိုချင်တာဘာမှမပါခဲ့ပါဘူး
သူငယ်ချင်းတွေကတော့ပြောကြတယ်
သောက်ရူးဆိုလားပဲ~~~~အင်း ဟုတ်ချင်ဟုတ်မှာ
ပုထုဇနောဥမ္မတကောဆိုတာကိုး~~~~~

ခက်တာက
ဘာလိုလိုညာလိုလို တန်ခိုးရှင်လိုလိုသူတို့တွေပါပဲ
ဒါပေမယ့် ဘာမှမဟုတ်ခဲ့ကြ
ကာရံနဲ့ လွန်ဆွဲပွဲမှာ ကဗျာကဒုတိယတဲ့
ကဲ.....ကောင်းကြသေးရဲ့လား~~~~~

အဲဒီအချိန်မှာ ကျွန်တော်ကချစ်သူကိုကဗျာစာအုပ်
တစ်အုပ် ချုပ်ပြီး ပေးခဲ့တယ် ယမင်းရုပ်လေးရယ်
မင်းကိုချစ်တာငါ့ရင်ကခံစားချက်သက်သက်ဆိုတာယုံပါ
ခုတော့ အပြောခံရပေါ့ ပေါ လိုက်တာဆိုပဲ~~~~~

သြော် ....ခုတော့လည်း
ဘယ်ရောက်နေလဲယမင်းရုပ်လေးရယ်
ဘကြီးအောင်ကတော့ညာမြဲပါပဲ
တစ်ကယ်တမ်း ၀န်ခံရယင်တော့
ဘာမှမလိုချင်ပဲချစ်တဲ့ ငါပါ မင်းဆီကလည်းပြန်လိုချင်တာ
"ချစ်တယ်"ဆိုတဲ့ အဖြေမဟုတ်ပါဘူး
မြတ်နိုးရတဲ့ မျက်ဝန်းလေးက စိမ်းကားစွာနဲ့ကြည့်တဲ့အကြည့်ကို
ဖယ်ခွါပေးယင်ပဲ ကျေနပ်ပါပြီ~~~

3 comments:

စန္ဒကူး said...

ဥဥ..ခံစားချက်အသစ်လား

ဏီလင်းညို said...

ကိုမောင်ရေ.......
ကဗျာလေးကောင်းတယ်....
ခံစားမိတယ်......
ဒါပေမယ့်ကောင်မလေးလွန်တယ်......။
စိမ်းကားလွန်းလို့.........း((
ခင်မင်တဲ့
ဏီလင်းညို

ချစ်သူမောင် said...

ဟာ ဟပြောပြဘူး ကူကူးကို ခံစားချက်သစ်လားဟောင်းလားလို့

ကိုဏီရေ
ရယ်ချင်ရယ်လို့ရပါ့ တစ်ချိန်တုန်းကတက္ကသီလာကျောင်းတော်ကြီးမှာပေါ့ဗျာ အဲလိုကောင်လေးနဲ့ အဲလိုကောင်မလေးရှိခဲ့တယ် ကောင်မလေးကိုအပြစ်မဆိုသာပါဘူးဘာလို့လဲဆိုတော့ယမင်းရုပ်လေးကိုချစ်တဲ့သူကချစ်တာကိုးမလွန်ပါဘူးဗျာ....:)