Tuesday, April 13, 2010

သင်္ကြန်တဲ့လား


ကဲပါကွယ် ....
နှစ်သစ်တဲ့လား
တနှစ်တနှစ်နဲ့
ရင်ခုန်သံမြန်ခဲ့
ကျန်ခဲ့တဲ့နှစ်တွေအတွက်
အပြစ်ကြေချင်တာလား
စဉ်းစား.........

မွေ့လျော်ခဲ့သော
မကောင်းမှုအားလုံး
အရာခပ်သိမ်း
အသာယာ ချုပ်ငြိမ်းစေချင်
စိတ်မှာငြီးငွေ့
အတိတ်ခြေရာတွေ
ပြန်မရှာချင်တော့
ဘာဖြစ်ဖြစ်
ပွင့်နေတဲ့ငုဝါ
ဖူးနေတဲ့ပိတောက်
အပင်ခြောက်တွေနဲ့
ဝေဆာနေတဲ့သင်္ကြန်.......

ဘာပဲဖြစ်ဖြစ်
ပူလိုက်တာနော်....
ငြီးတွားသံတွေ
နွေဟာပြင်းလွန်းလှ
ရင်ကအလွမ်းနဲ့အပြိုင်
နိုင်အောင်ကျဲမလား
မိုင်ထောင်ချီဝေးနေတဲ့
တစ်ယောက်ယောက်ကိုသတိမရနိုင်
အင်ဖနတီဝေးခဲ့တဲ့
ကျောချင်းကပ် ကာ
လမ်းလျောက်သွားသူကိုလည်း
သတိမရနိုင်
ပူလွန်းလို့သတိမေ့နေတာဖြစ်မယ်
အဲလိုပဲမှတ်ချက်ချ.........

အာရုံနောက်တယ်ကွာ
ဘာတွေလာပြောနေတာလဲ
ဒီနှစ်သင်္ကြန် မစည်ဘူးဆိုပဲ
အလကားပါကွာ
နှစ်တိုင်းဒီလိုပြောနေကျပဲ
ပြီးတော့လဲပြီးတာပါပဲ
မပျော်ချင်တော့ဘူးကွယ်
သင်္ကြန်ရယ်လေ............။ ။

No comments: