Friday, March 5, 2010

အမုန်းဆုံး တစ်ခါက ချစ်သူ

လွမ်းတော့လည်း
လွမ်းခဲ့တယ်လား
ဘာဖြစ်ဖြစ်
အမှတ်တရအဖြစ်တွေ
ရှိမနေချင်ခဲ့
အကြောင်းတိုက်ဆိုင်တော့လည်း
မုန်းရက်နဲ့သတိရ
ဝမ်းမနည်းပေမယ့်
လမ်းခွဲခဲ့တဲ့အဖြစ်.............

တခါက
မောင့်အချစ်ဆုံးသက်ထား
ထာဝရလို့တောင်တင်စား
နွမ်းလျအရိပ်နဲ့
မတမ်းတတော့တဲ့အတိတ်
အိပ်မက်မဟုတ်ခဲ့ပေမယ့်
ခပ်ရေးရေးတော့သတိရ
"မြခွာညို"သီချင်းသံနဲ့
ရူးအောင်ငိုချင်တဲ့စိတ်
မျက်ရည်တွေဝေ့လာတတ်တဲ့
အတိတ်ကမျက်ဝန်းတစုံ
ရူးအောင်ချစ်ခဲ့တဲ့
နှင်းတွေဝေခဲ့တဲ့
ဆောင်းရဲ့နေ့ရက်များ
အလွမ်းစကားမဆိုဖြစ်.............

တမ်းတနေ့ညတွေ
ကုန်လွန်သွားခဲ့
မယုံရဲစိတ်နဲ့တထိတ်ထိတ်ပါကွယ်
တွယ်တာမြတ်နိုး
ဘယ်လောက်ထိဆိုးခဲ့လဲဆို
လိမ်ပြောယင်တောင်ယုံခဲ့တဲ့အဖြစ်
အပြစ်တွေသာဖြစ်တော့မလား
တစ်ကယ်ပါကွယ်
ယုံကြည်တတ်လွန်းတဲ့
ကိုယ့်ရဲ့ ........
အချစ်တစ်ခုတည်းနဲ့ကြည့်တတ်တဲ့
မျက်ဝန်းအစုံက
ကြောင်တောင်ကန်းခဲ့လေသလား
အမှတ်မှားပါကွယ်
ဖောက်ပြားတယ်သူများပြောတောင်
မောင်မယုံတတ်ခဲ့
မျက်စေ့နဲ့တပ်အပ်တွေ့တော့
မောင်စိတ်မဆိုးရက်ခဲ့
ဒါပေမယ့်တို့တတွေ
အမုန်းနဲ့လမ်းခွဲခဲ့ကြ
အဆုံးသတ်မှာတောင်
အမှားနဲ့အမှန် မခွဲနိုင်သေး
ဒီနေ့ထိတွေ့ယင်
ရင်ခုန်ချင်တုန်းလား
ခြံခုန်ခဲ့ဖူးပါတယ်ဆို
မောင်မေ့ထားလေမလား
ဘယ်သူတွေဘာပြောပြော
အမုန်းနဲ့လမ်းခွဲခဲ့တာတောင်
အမှတ်မထားနိုင်သေး
အလှမ်းဝေးတောင်
တမ်းတသေးသယောင်နဲ့
ကိုယ့်ကိုယ်လှည့်စား
မနေရဲအားပြီ.............

သေချာသိခဲ့တာ
အမုန်းနဲ့လမ်းခွဲခဲ့ကြတာ
ကွာရှင်းပြတ်စဲပြီးစီးကြောင်း
စာချုပ်ကသက်သေ
ဒီနေ့ပဲတွေ့ခဲ့ရ
ဘာတဲ့.......
ကွာရှင်းခြင်းဟာ
ပြဿနာကိုပြေလည်စေမယ့်
နည်းလမ်းလား တဲ့
ကဲ...အဲလိုမဖြေရှင်းယင်
တုတ်တပြက်ဒါးတစ်ပြက်
ဖြစ်ကုန်မှာပေါ့
မာယာနှောင်ကြိုးတွေနဲ့
ခုထက်ထိ ဗလာမပါအောင်
ချည်ထုံးဆဲဝေဒနာ
တမ်းတတာမဟုတ်ပေမယ့်
တိုက်ဆိုင်မှုတွေကြုံလာယင်
မုန်းခဲ့တာတောင်
အမှတ်ရနေသေးတယ်
မောင့်ရင်ကိုပူလောင်စေတဲ့
မောင့်ရင်ထဲက ထာဝရမီးလို့ခေါ်တဲ့
ချစ်ခဲ့တဲ့မီးရယ်....................။     ။

3 comments:

ayesnake said...

အလွမ်းမီးထဲက လွတ်မြောက်စေချင်ပါပြီ

ချစ်သူမောင် said...

ဒီလိုပါပဲအေး ရယ် လွမ်းတယ်ဆိုတာထက်သတိရမိတာလေးတွေတိုက်ဆိုင်မှုတွေတွေ့လိုက်မိတိုင်း ရေးဖြစ်သွားတာပါ တစ်ကယ်ဆိုယင် အလွမ်းမီးထဲကလွတ်မြောက်ခဲ့ပါပြီတစ်ကယ်လည်းမုန်းခဲ့ပါပြီ

~ဏီလင်းညို~ said...

ိကိုမောင်ရေ......
ကျွန်တော်ကတော့ အဲ့ဒီအလွမ်းတွေကို...စာတွေထဲ စီးမျောပစ်လိုက်မိတာ... အခါခါ......း((
ခင်မင်တဲ့
ဏီလင်းညို