Wednesday, March 31, 2010

တစ်ချိန်က.........

ဘာအကြံမှမရှိပါဘူး
သူ့ကိုချစ်ခဲ့ယုံသက်သက်ပါ
သမုဒ္ဒရာထဲက ပြောင်းလဲတတ်တဲ့
ရေစီးကြောင်းတွေအကြောင်း
သူကျွန်တော့ကိုပြောပြတော့
ကျွန်တော်ပါးစပ်အဟောင်းသားနဲ့ငေးလို့~~~~~

ဘာကိုမှမလိုချင်ပါဘူး
ချစ်မိယုံနဲ့သူ့အတွက်ပေးဆပ်ဖို့သက်သက်ပါ
ဘာသာဗေဒနဲ့ပါတ်သက်တဲ့ အကြောင်း
ကျွန်တော်ပြောပြတော့သူကငေးကြည့်ပြီးမေးတယ်
အချစ်ကဘာသာဗေဒလား ယုတ္တိဗေဒလားတဲ့
ကျွန်တော်မဖြေနိုင်ခဲ့ပါဘူး~~~~~

တွယ်ငြိတမ်းမက်နေယုံနဲ့တော့
ကျွန်တော်သူ့ကိုမချစ်ပါဘူး
ဘာပဲဖြစ်ဖြစ် ကျွန်တော့ရဲ့အချစ်မှာ
လိုချင်တာဘာမှမပါခဲ့ပါဘူး
သူငယ်ချင်းတွေကတော့ပြောကြတယ်
သောက်ရူးဆိုလားပဲ~~~~အင်း ဟုတ်ချင်ဟုတ်မှာ
ပုထုဇနောဥမ္မတကောဆိုတာကိုး~~~~~

ခက်တာက
ဘာလိုလိုညာလိုလို တန်ခိုးရှင်လိုလိုသူတို့တွေပါပဲ
ဒါပေမယ့် ဘာမှမဟုတ်ခဲ့ကြ
ကာရံနဲ့ လွန်ဆွဲပွဲမှာ ကဗျာကဒုတိယတဲ့
ကဲ.....ကောင်းကြသေးရဲ့လား~~~~~

အဲဒီအချိန်မှာ ကျွန်တော်ကချစ်သူကိုကဗျာစာအုပ်
တစ်အုပ် ချုပ်ပြီး ပေးခဲ့တယ် ယမင်းရုပ်လေးရယ်
မင်းကိုချစ်တာငါ့ရင်ကခံစားချက်သက်သက်ဆိုတာယုံပါ
ခုတော့ အပြောခံရပေါ့ ပေါ လိုက်တာဆိုပဲ~~~~~

သြော် ....ခုတော့လည်း
ဘယ်ရောက်နေလဲယမင်းရုပ်လေးရယ်
ဘကြီးအောင်ကတော့ညာမြဲပါပဲ
တစ်ကယ်တမ်း ဝန်ခံရယင်တော့
ဘာမှမလိုချင်ပဲချစ်တဲ့ ငါပါ မင်းဆီကလည်းပြန်လိုချင်တာ
"ချစ်တယ်"ဆိုတဲ့ အဖြေမဟုတ်ပါဘူး
မြတ်နိုးရတဲ့ မျက်ဝန်းလေးက စိမ်းကားစွာနဲ့ကြည့်တဲ့အကြည့်ကို
ဖယ်ခွါပေးယင်ပဲ ကျေနပ်ပါပြီ~~~

Thursday, March 18, 2010

ကြောက်ပါပြီဗျ

Photobucket



မနေ့ က ကျွန်တော် ခရီးသွားခဲ့ပါသည် ခေတ္တ မျှသာ၊ ဘယ်ကိုလည်းဆိုတော့ ရွှေမြို့တော် နေပြည်တော် သို့ပါ.....
ကားကြုံရှိ၍ လည်းပါပါသည် ကျွန်တော် တို့သွားတော့ အမြန်လမ်းမကြီးမှသွားခဲ့ ခြင်းဖြစ်ပါသည် ။ ခရီးတစ်ထောက်နားစဉ်
ညနေစာဝင်စားဖြစ်ခဲ့သည် feel express ဆိုပါကလား.... အင်းကျွန်တော်ခုတော့တော်တော်တောဆန် နေပြီလို့ပြောရမလို
နေပြည်တော်အမြန်လမ်းမကြီး မှာ ထိုသို့သော ဆိုင်ရှိမည်ကိုထင်မှတ်မထားသည်ကကျွန်တော့အမှားပါ စားစရာဆို လိုတာရမည်
ဘာဖြစ်ဖြစ် ကျွန်တော် ခေတ်အ တော်နောက် ကျကျန်ခဲ့ပြီ ... ထမင်းဝင်စားဖြစ်တော့ ည ဆယ့်တစ်နာရီ သို့ပေမယ့် မီးရောင်
တွေ ထိန်ငြီးနေ သည် လမ်းတစ်လျောက်လုံးတော့လည်းမီးရောင်မရှိပါ တံတားနေရာတွေသာ အကွေ့ အကောက်များလွန်းလှသော
အမြန်လမ်း မှာကွန်ကရိဖြင့် အတိပြီးသောလမ်းဖြစ်သည့်အားလျော်စွာ ကားမောင်းရ သည်မှာ ကတ္တ ရာ လမ်းကဲ့သို့ ခပ်ညက်ညက်
အထိတွေ့မရှိ မာကျောကျောနိုင်လှ၏ သို့သော် လှိုင်းအနည်းငယ် ရှိယုံမှအပ အလုံးစုံကောင်းမွန်ပါသည် ။ထိုသို့လမ်း မျိုးဖြင့်သာ
ထိုခရီးကိုသွားရမည်ဆိုလျှင် ဘယ်လိုသွားသွား .... ဘယ်နှစ်ခေါက်သွားသွားကိစ္စ မရှိ တစ်ကယ်မောင်းလျှင်လေးနာရီကျော်ကျော်သာ
ကြာမည့်ခရီး ဘာဖြစ်ဖြစ် ဘ၀င်တွေ့သည် ကိုယ်ပိုင်ကားဖြင့်သွားသည်ကိုး ။

Express ဆိုသောစကား လုံးကိုမည်သို့အဓိပ္ပာယ်ဖွင့်ဆိုသည်ကို ကျွန်တော်၏လက်စွဲတော် long man အဘိဓါန်ဖွင့်၍ သေချာရှာရတော့
မည် အင်းတွေ့ပါပြီ express adj [A] 1 going or sent quickly : an express train ဆိုပါလား အမြန်သွား ချင်ယင် express ကားစီး
ဆိုတဲ့သဘောပေါ့နော် ဟုတ်ကဲ့ စီးစရာသည်အိတ်စပရက်ကားပဲရှိ တော့တာကိုး ဘာလို့လဲဆိုတော့ ကျွန်တော်သွားလုပ်တဲ့ အလုပ်ကိစ္စ
ကညတွင်း ချင်းပြီးသွားပြီမို့နောက်ပြီးအကြုံလိုက်သွားတဲ့ကားကလည်းအဲသည်ကကားဖြစ်နေတာကိုး အဲဒီအချိန်မှာကျွန်တော့ရဲ့စီးတော်
ယာဉ်လေးကိုသတိရလိုက်မိသေးတယ် ဒါပေမယ့်တတ်နိုင်ဘူးလေ အလုပ်ကိစ္စဟာကိုး (တစ်ကယ်တော့ဆားဗစ်ပါ တစ်ကယ့် free service)
ပြန်မယ် အမြန်ပြန်ချင်တာ ကျွန်တော့မှာအလုပ်တွေတစ်ပုံကြီးကို အဲတာနဲ့ ရွှေမြို့တော်ကြီး ကနေ အိတ်စပရက်ကား လက်မှတ်ဖြတ်လိုက်ပါ
တော့တယ် မနက်ငါးနာရီခွဲထွက်မယ့်ကားနဲ့ပေါ့။ညဖက် ရွှေမြို့တော်ကြီးက စည်ကားလျှက်ပါ။
မယုံဘူးလား ပေါင်းလောင်းလမ်းထိပ်ဖက်လာကြည့် ကိုယ်တွေ့ ဆိုင်ကယ်သံတဝေါဝေါနဲ့ မနက်လေးနာရီကျော်တဲ့အထိပဲ ။ ဘာတွေလဲဆိုတာတော့ကျွန်တော်မစပ်စုမိခဲ့ဘူး ခွင့်လွှတ်ကြပါဗျာ :P။

ရေးချင်ရာတွေလျှောက်ရေးနေပြန်ပြီရေးချင်တဲ့ အကြောင်းအရာပျောက်သွားပြန်ပြီ ။ အင်းအိတ်စပရက်(စ) ကားအကြောင်း .........
မနက်ငါးနာရီထိုးတော့ရွှေမြို့တော်ကြီးရဲ့ အဝေးပြေးဝင်း ကိုအရောက်သွားရပါတယ် အိတ်စပရက်(စ)ကား ကစည်းကမ်းကြီးသကိုး
သူကငါးနာရီခွဲထွက်မှာ ဆိုတော့နေရာယူရအောင် စီးရမယ့်ကားလိုက်ရှာမိတယ် အယင်ဦးဆုံးအနေနဲ့ ဟောတွေ့ပါပြီ အိတ်စပရက်(စ)
ကား.... ညတ်ချွာဖြား .... ဒီကားကြီးစီးပြီးတော့.......ရန်ကုန်ဆိုတဲ့ပမွှားမြို့ လေးကို .....ပြန်ရမှာ ..??????....!!!!!!!!!
ဝေခွဲလို့မရခဲ့ ဘူးရွှေမြို့တော်ကြီးကဟီးထလို့ စီးရမယ့်ကားက ???? ရန်ကုန်ပြည်လိုင်းက ကျတဲ့ အိတ်စပရက်(စ)ကား ဗုဒ္ဓေါ... ဘာတွေဖြစ်
ကုန်ပလဲ ကဲထားပါတော့လက်မှတ်တော့အဆုံးမခံနိုင်ဘူး ရန်ကုန်ဆိုတဲ့ ပမွှား မြို့ သေးသေးလေးဆီအမြန်ရောက်ပြီးရော ဘာဖြစ်ဖြစ် စီးမယ်
ခုထိဘယ်လမ်းကသွားမယ်ဆိုတာတော့မသေချာသေး လာတုန်းကလိုဖြောင့်တန်းမယ်အထင်ရှိတုန်းကိုး ။ ကဲကားစထွက်ပါပြီ ကျွန်တော်က
အကျင့် တစ်ခုရှိတယ် ခရီးထွက်ပြီဆိုယင် အပြန်ခရီးလမ်းမှာ ထီးဆိုင် ရဲ့ ရန်ကုန်တော့ဖြည်းဖြည်းပေါ့သီချင်းညည်း တတ်တယ် အဲမှာစတာပါ
ကားက အမြန်လမ်းဆီကို ဦးမတည်ပဲ ပျဉ်းမနားဖက်ကိုဦးတည် တော့တယ် ဟာ...ဒုက္ခ ဒီလမ်းကလမ်းဟောင်းကြီး ပျင်းစရာကြီး ကျွန်တော်
အခေါက်ပေါင်းများစွာ ရန်ကုန်နဲ့ မန္တလေး ကူးချည်သန်းချည် လုပ်ခဲ့တဲ့လမ်းကြီး .... အား...၀ါး....ပျင်းဖို့အတော်ကောင်းသွားပြီ ပျဉ်းမနား
မရောက်ခင်အထိ ကားပေါ် မှာလူဘယ်နှစ်ယောက်ပါခဲ့ တယ်ထင်လဲ အိတ်စပရက်(စ)ကားကြီးတစ်စီးလုံး မှကိုးယောက်ပဲပါတယ် အဲဒီအချိန်ထိ
ပျော်နေတာချောင် ချောင် ချိချိစီးရပြီဆိုပြီး.... ပျဉ်းမနားရောက်တော့ လူထပ် တင်တယ် ကျွန်တော်တော့တော်တော်စိတ်ပျက်စပြုနေပြီ
ကားကလိပ်သွားသလိုလို ယုန်လမ်းလျှောက်သလိုလိုလုပ်နေတာ နောက်ပြီးလေအိတ်တွေလဲမကောင်းတော့ဘူးထင်ပါရဲ့ ကားကညိမ့်ညိမ့်
ညောင်းညောင်းမရှိဘူး ချိုင့်ဆောင့်လိုက်ယင်ခါးတွေနာလို့ အင်းဒုက္ခ ဒုက္ခ။ လမ်းတစ်လျှောက် အစောကြီးထွက်လာတဲ့ ကားမို့ လားတော့
မသိဘူး လူတွေအပြည့်အသိပ်တင်တယ် ရန်ကုန်ကအထူး ဆိုတဲ့ မထူးကားတွေလိုပြည့်အောင်တင်တယ် အလယ်ခုံပြည့်တော့ ဘယ်က
ပလပ်စတစ်ခုံလေးတွေထွက်လာလဲမသိ ရန်ကုန် ကမထူး ကားတွေကျပ်တာအိတ်စပရက်(စ) ကပျင်းသေးတယ် ကားစီးရတာ လက်မှတ်ခက
အိတ်စပရက်စလက်မှတ်ခနဲ့ သာမာန် ကားအတိုင်းပဲ မှတ်တိုင်တိုင်းရပ်တဲ့ ဘတ်(စ)ကားလို မြို့သေးသေးလေးတွေပါမကျန် တွေ့ကရာအကုန်
ရပ်သော အိတ်စပရက်(စ) ကားစီးမိပါပြီ သူကလူသာရပ်တင်တာ အစားသောက်တော့ရပ်ပြီးမစားခိုင်းပါဘူး ကျွန်တော်က ရွှေမြို့တော်ကြီး ဂိတ်စ
မနက် ငါးနာရီခွဲတည်းက ဘာမှမစားရသေးပဲလိုက်လာတာ အလာတုန်းက ဖြူးမြို့ နားက feel express ကိုအိပ်မက်မက်နေတာ ဒါပေမယ့်
တဘီးချင်း တလိမ့်ချင်း လိပ်ပြေးသလိုလို ယုန်လမ်းလျှောက်သလိုလိုဆိုတော့ ရောက်ရောက်နိုင်ပဲကိုး ဘာဖြစ်ဖြစ် ပါလာတဲ့ ရေဘူးပဲဖိသောက်နေရတော့တာပေါ့။
ခဏနေတော့အိပ်ပျော်သွားရော မအိပ်ခံနိုင်ရိုးလားညကတစ်ညလုံးတစ်မှေးမှမမှေး ရသေးပဲကို ဆာဆာနဲ့
အိပ်မက် မက်နေခဲ့တယ် တစ်ချိန်က ARROW EXPRESS , LEO EXPRESS အဲယားကွန်း တောက်လျှောက်ဖွင့်ပြီး မနက်စာပါကျွေးသေးတာ ။ ခုများတော့လဲအပုံကြီးကွာပါပေါ့ လား နတ်သံပဲနှောရမလိုလို မူလီသံကိုပဲကျိုရတော့မလိုလို အင်း
အိတ်စပရက်(စ) စီးရတဲ့ဒုက္ခ နောက်တော့ ထမင်းစားဖို့ ရပ်ပေးတယ် နေ့လည် ဆယ့်နှစ်နာရီထိုးပြီ ဆာဆာ နဲ့ဝင်စားမယ်လုပ်တော့
ဟိုဟင်းမရှိ ဒီဟင်းကကုန်နေတဲ့ ခပ်စုတ်စုတ်ထမင်းဆိုင်ကိုရောက်ပါတယ် စားဆိုတော့မစားနိုင်တော့ ဘူး ဘယ်စားနိုင်မလဲ ရန်ကုန်
ညောင်ပင်လေးဈေး ဟောင်းတုန်းက ဦးစံဆိုင်ကငစိန်ဆန်ကိုစားလို့ရတယ် စားနိုင်တယ် မှာချင်တဲ့ဟင်းကလည်းရတာကိုး ခုကစားချင်
တာလဲမှာမရဆန်ကလည်း ငစိန်လိုလို မီးတုန်းလိုလို ပေါ်ကျွဲလိုလို ဘာတစ်ခုမှမဟုတ်ဘူး အင်း အိတ်စပရက်(စ)ကားစီးရတဲ့ဒုက္ခ မသေးပါလား
နော်.......အဲဒါနဲ့ ဖြစ်သလိုလေး စား အဆာပြေယုံ ကြားထဲ "ကူကူး" ဘလော့ထဲကဟင်းတွေသတိရနေလိုက်သေး စိတ်များ အလိုလိုက်ထားယင်တော်တော်မကောင်းဘူး အဲလိုနဲ့ ဗျာ စားပြီးသောက်ပြီး ကားပြန်ထွက်ပြန်ပေါ့ တင်လိုက်တဲ့လူတွေ တက်လိုက်ဆင်းလိုက် အင်းစိန်ဆူးလေကား
အရှုံးပေး ရအောင်လူတွေအတင်အချလုပ်ပြီးသကာလ ရွှေမြို့ တော်က မနက်ငါးနာရီခွဲထွက်တဲ့ အိတ်စပရက်(စ)ကား ရန်ကုန် ကိုရောက်ပါတယ်
ညနေ လေးနာရီမိနစ်သုံးဆယ်တိတိ အချိန်ကိုက်မောင်းလားအောင်းမေ့ရ ။ ကားစီးရချိန် ဆယ့်တစ်နာရီတိတိ စပ်စုပြီး ကျွန်တော့ကို ဘယ်အိတ်
စပရက်(စ) လဲ လို့တော့ မမေးကြပါနဲ့ ရိုးမလို့ သေတောင်ပြောပြဘူး။ဘာပဲဖြစ်ဖြစ် စိတ်တော့အတော်လေးကုန်သွားတယ် ချိန်းထားခဲ့တဲ့ရန်ကုန်က အလုပ်ကိစ္စတွေလည်းမပြီးနိုင် ဆိုတော့ အော်လိုက်ချင်ပါတယ် အိတ်စပရက်(စ) ဆိုကြောက်ပါပြီဗျလို့သာ..........

Friday, March 5, 2010

အမုန်းဆုံး တစ်ခါက ချစ်သူ

လွမ်းတော့လည်း
လွမ်းခဲ့တယ်လား
ဘာဖြစ်ဖြစ်
အမှတ်တရအဖြစ်တွေ
ရှိမနေချင်ခဲ့
အကြောင်းတိုက်ဆိုင်တော့လည်း
မုန်းရက်နဲ့သတိရ
ဝမ်းမနည်းပေမယ့်
လမ်းခွဲခဲ့တဲ့အဖြစ်.............

တခါက
မောင့်အချစ်ဆုံးသက်ထား
ထာဝရလို့တောင်တင်စား
နွမ်းလျအရိပ်နဲ့
မတမ်းတတော့တဲ့အတိတ်
အိပ်မက်မဟုတ်ခဲ့ပေမယ့်
ခပ်ရေးရေးတော့သတိရ
"မြခွာညို"သီချင်းသံနဲ့
ရူးအောင်ငိုချင်တဲ့စိတ်
မျက်ရည်တွေဝေ့လာတတ်တဲ့
အတိတ်ကမျက်ဝန်းတစုံ
ရူးအောင်ချစ်ခဲ့တဲ့
နှင်းတွေဝေခဲ့တဲ့
ဆောင်းရဲ့နေ့ရက်များ
အလွမ်းစကားမဆိုဖြစ်.............

တမ်းတနေ့ညတွေ
ကုန်လွန်သွားခဲ့
မယုံရဲစိတ်နဲ့တထိတ်ထိတ်ပါကွယ်
တွယ်တာမြတ်နိုး
ဘယ်လောက်ထိဆိုးခဲ့လဲဆို
လိမ်ပြောယင်တောင်ယုံခဲ့တဲ့အဖြစ်
အပြစ်တွေသာဖြစ်တော့မလား
တစ်ကယ်ပါကွယ်
ယုံကြည်တတ်လွန်းတဲ့
ကိုယ့်ရဲ့ ........
အချစ်တစ်ခုတည်းနဲ့ကြည့်တတ်တဲ့
မျက်ဝန်းအစုံက
ကြောင်တောင်ကန်းခဲ့လေသလား
အမှတ်မှားပါကွယ်
ဖောက်ပြားတယ်သူများပြောတောင်
မောင်မယုံတတ်ခဲ့
မျက်စေ့နဲ့တပ်အပ်တွေ့တော့
မောင်စိတ်မဆိုးရက်ခဲ့
ဒါပေမယ့်တို့တတွေ
အမုန်းနဲ့လမ်းခွဲခဲ့ကြ
အဆုံးသတ်မှာတောင်
အမှားနဲ့အမှန် မခွဲနိုင်သေး
ဒီနေ့ထိတွေ့ယင်
ရင်ခုန်ချင်တုန်းလား
ခြံခုန်ခဲ့ဖူးပါတယ်ဆို
မောင်မေ့ထားလေမလား
ဘယ်သူတွေဘာပြောပြော
အမုန်းနဲ့လမ်းခွဲခဲ့တာတောင်
အမှတ်မထားနိုင်သေး
အလှမ်းဝေးတောင်
တမ်းတသေးသယောင်နဲ့
ကိုယ့်ကိုယ်လှည့်စား
မနေရဲအားပြီ.............

သေချာသိခဲ့တာ
အမုန်းနဲ့လမ်းခွဲခဲ့ကြတာ
ကွာရှင်းပြတ်စဲပြီးစီးကြောင်း
စာချုပ်ကသက်သေ
ဒီနေ့ပဲတွေ့ခဲ့ရ
ဘာတဲ့.......
ကွာရှင်းခြင်းဟာ
ပြဿနာကိုပြေလည်စေမယ့်
နည်းလမ်းလား တဲ့
ကဲ...အဲလိုမဖြေရှင်းယင်
တုတ်တပြက်ဒါးတစ်ပြက်
ဖြစ်ကုန်မှာပေါ့
မာယာနှောင်ကြိုးတွေနဲ့
ခုထက်ထိ ဗလာမပါအောင်
ချည်ထုံးဆဲဝေဒနာ
တမ်းတတာမဟုတ်ပေမယ့်
တိုက်ဆိုင်မှုတွေကြုံလာယင်
မုန်းခဲ့တာတောင်
အမှတ်ရနေသေးတယ်
မောင့်ရင်ကိုပူလောင်စေတဲ့
မောင့်ရင်ထဲက ထာဝရမီးလို့ခေါ်တဲ့
ချစ်ခဲ့တဲ့မီးရယ်....................။     ။

Friday, February 26, 2010

လွန်မြောက်သွားစေသော....အတွေး၏ပုံရိပ်

ဘာပဲဖြစ်ဖြစ်လေ
အမှတ်တရပါလို့ပြောချင်ပြော
အလွမ်းဓါတ်ခံရှိလို့ဆိုချင်ဆို
ဒီနေ့မနက်က ညီမလေးဆီ
ကိုယ်ရောက်ဖြစ်တယ်..........

တစ်ကယ်တော့.....
သူဆုံးခဲ့တာလို့ပြောမလား
ကိုယ့်ကိုထာဝရခွဲသွားတာလို့ဆိုမလား
ဒီနေ့မနက်ပိုင်းဆိုယင်
ခြောက်နှစ်တင်းတင်းပြည့်ပေါ့............

ညီမလေးရေ
ကိုကို ကတော့ မိသားစုနဲ့
ပြည့်စုံနေချိန်မှာ
ညီမ တစ်ယောက်တည်း
အထီးကျန်နေမလား
ကိုကိုထင်တယ် ဒီနေ့မနက်မှာ
ညီမလေးကို
ချစ်ပါတယ်ဆိုတဲ့
ညီမရဲ့
အစ်ကိုတွေလည်း....မလာတော့
ခါတိုင်းဆို ကိုကို တွေ့တွေ့နေတယ်
သူတို့က ကိုကို့ကိုမတွေ့ချင်ပါဘူးလို့ ပြောထားလို့
ကိုကို ရှောင်ခဲ့ရတယ်
အဲ.... ဒီနှစ် သူတို့လဲမလာ
ကိုကို သာညီမ နားရှိခဲ့
အလွမ်းတွေ တင်းကြမ်း ပြည့်လို့
ငိုင်တွေစွာနဲ့ ကိုကိုရောက်ခဲ့
ညီမလေး ရဲ့ ဓါတ်ပုံတောင်
နေစားလွန်းလို့
ညှိုး မှိန်နေ ပြီ
ကဲပါ... ကိုကို
အသစ် ပြန်ပြီး အစားထိုးပေးပါ့မယ်...........

ညီမ ကြိုက်တဲ့ နှင်းဆီ အဝါ
ဒီနေ့ ကိုကို ဝယ်မရခဲ့
သောကတွေနဲ့ဝေဒနာလမ်းမှာ
မောလျစွာနေယင်း
တမ်းတတာမဟုတ်ပေမယ့်
နွမ်းလျစွာအိမ်ပြန်ခဲ့တဲ့ရုပ်
ကိုယ့်ကိုယ်မသိခဲ့
တွေဝေဆဲ ပါကွယ်................

တစ်ကယ်တော့ ......
မတမ်းတချင်တာမဟုတ်
ကိုကို့ ရဲ့ သံယောဇဉ် ဆိုတဲ့
နှောင်ကြိုးတမျှင် ကြောင့်
ညီမသွားလမ်း မဖြောင့်တန်းဘူးလို့ထင်ခဲ့
ခွဲခဲ့ ရသည် နှစ်လရှည်ကြာ
လူသေသော်ငြား
အချစ်တွေမသေခဲ့
အပြစ်ဖွဲ့ခဲ့သူတွေတောင်မှ
ကိုယ်တို့အကြောင်း
မေ့ကုန်ကြပြီပဲ
ကဲညီမရယ်.....
တမလွန်ဘုံမှာ
ပျော်ရွှင်စွာမှေးစက်
နေရက်ခဲ့တော့...
တစ်ခုတော့တောင်းဆိုပါရစေလေ
ညီမရေ.....
တစ်ကယ်လို့သာ
လူဝင်စားဖြစ်ခွင့်ရှိခဲ့ယင်
ကိုကို့ မိသားစုဝင်ဖြစ်ဖြစ်
လာဖြစ်လှည့်ပါကွာလို့
တမ်းတဖြစ်နေပေမယ့်
နွမ်းညစ်စွာနေရစ်မပျော်ဖြစ်ခဲ့......

နောက်ဘဝတစ်ခုသာ
ညီမလေးရခဲ့မယ်ဆိုယင်လေ
သံသရာရေမြေဆုံးစေ တော့
ဆုံဖြစ်အောင်ဆုံကြဖို့
ကိုကိုလေ...အမြဲကမ်းလင့်
ကြိုနေချင် .......
ကိုကို့မနော အစဉ်ရယ်က
တီးတိုးပြောကာတောင်းဆုချွေ.........။ ။

Monday, February 22, 2010

HAPPY BIRTHDAY ပါပါးချစ်တဲ့သမီးလေးချိုသဒ္ဒါဇော်

HAPPY BIRTHDAY !!!
ပါပါးချစ်တဲ့သမီးလေးချိုသဒ္ဒါဇော်
မနက်ဖန်မနက်  ၇း၂၀ မှာကျရောက်မဲ့ သမီးရဲ့
တစ်နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ သမီးချစ်တဲ့  ပါပါး မာမားတို့ နှင့်အတူ လိုတရပြီး
ပြီးပြည့်စုံတဲ့ ဘ၀တစ်ခုပိုင်ဆိုင်နိုင်ပါစေ...............

Photobucket

Thursday, February 18, 2010

ညနေခင်းအလွဲများ

ခွန်းဆင့်သံချို
ပိုကာနှောလို့
မှား၍ခေါ်သော
ထိုထိုဖုန်း
အလို....
ဟဲလို...ကိုကိုတဲ့ ဆိုပါလား......

မူနွဲ့သံပို
ဆိုလှာနှုတ်ခွန်း
နွဲ့နွဲ့ခရာ
သံချိုလေးနှင့်
ပြောကာဆိုကာ
မှားလာသော
ထိုထိုဖုန်း.....

ဟဲလို....ကိုကြီး
ဒီနေ့ ဘာကောင်းလဲလို့
ညနေပိုင်းမှာ
ချိုသံသာနှင့်
ဆိုလာသောဖုန်း

ထိုထိုဖုန်းများ
ခဏခဏမှား၍လာသည်
ကွန်ရက်တွေများ
ပျက်ပြီလားလို့
အတွေးမှာထင်မြင်........

တစ်ကယ့်တစ်ကယ်
အလုပ်အတွက်
ဆားဗစ်နဲ့ဝယ်သူတွေ
ခါခါဆက်ပေမယ့်
မရနိုင်တဲ့ဒီဖုန်း
ဆက်သွယ်မှုဧရိယာပြင်ပလို့
ပြောလိုပြော
စက်ပိတ်ထားတယ်လို့ဆိုလိုဆို
မအားသေးပါပြောလိုပြော
လူချင်းတွေ့မှသိရတယ်
ခက်ပြီနော်သည်မောင်မှာ
အလုပ်များတဲ့ကြားက
တစ်ကယ်ရူးလိမ့်မယ်ပ
ဖုန်းဆက်ချင်ယင်
နံပါတ်တစ်ကယ်သေချာမှ
ဆက်ကြပါဗျို့................။

:o နေ့တနေ့၏ညနေခင်းအလွဲများကိုရည်ညွှန်းပါသည် :o

Sunday, February 14, 2010

မိမိအတ္တတစ်ခုတည်းကိုသာကြည့်၍ မည်သည်ကိုမှနားလည်မပေးနိုင်ကြသူများ

ကျွန်တော်ရေးပါမည်စိတ်တွင်းမှ stress အလွန်များနေသည့်အတွက် မရေးဖြစ်သောအကြောင်အရာများစွာရှိသည့်အလျောက်ရေးဖြစ်လျှင်လည်း
စော်ကားသည်ဟုထင်မှတ်မှားမည်ကိုလည်းစိုးရိမ်မိပါသည်။အမှန်တော့ကျွန်တော်၏ စီးပွာရေး လုပ်ငန်းနှင့်လည်း ပါတ်သက်နေသည့်အလျောက်
ပထမဦးစွာပန်ကြားလို သည်က ကျွန်တော်သည် မိမိရောင်းကုန်ပစ္စည်းအပေါ်လုံးလုံးလျားလျားတာဝန်ယူထားသူလည်းဖြစ်ပါသည် ။ထိုအတွက်ပို၍
တာဝန်ပိုကြီးပါသည် ။ သို့သော်ကျွန်တော့်ထံတွင်လူမှုရေးကိစ္စများမရှိရတော့ဘူးလား ဟု ကျွန်တော့၏ customer များကိုလည်းမေးကြည့်ချင်ပါ
သည် ။ ယ္ခု အချိန်တွင် ကျွန်တော်၏ရောင်းကုန်ပစ္စည်းကိုအချိန်ရှည် သုံးကြသူများပါသည် မသုံး ၍ မရတော့သောအခြေနေလည်းဖြစ်ပါသည် ထို
သည်ကိုကျွန်တော်နားလည်ပါသည် သို့သော် ကျွန်တော်၏ရောင်းကုန်ပစ္စည်းတစ်ခုခုဖြစ်သည်နှင့် တာဝန်အရှိဆုံးကျွန်တော့ ထံဖုံးဆက်သည် ထို
သည် လည်းမှန်ပါသည် ။ သို့သော် ချက်ချင်းလက်ငင်း လာရောက်ပြင်ဆင်ပေးရန်ကိစ္စ ထိုကိစ္စကိုလည်းကျွန်တော်ငြင်းဆိုလိမ့်မည်မဟုတ်ပါ
သို့သော် ကျွန်တော်သည်လည်း လူသားထဲမှလူသား ပုထုဇဉ် တစ်ဦးဖြစ်သည့် အားလျော်စွာ တခါတရံ စိတ်တိုစရာအကြောင်းများလည်းရှိပါသည်
ဥပမာပြရလျှင် စက်ပျက်ပြီဆို ချက်ချင်းလာစေချင်ကြ သည် သို့သော် ကျွန်တော်သည် ဂျစ်ကားတစ်စီးသာပိုင်ဆိုင်သူဖြစ်ပါသည် ရန်ကုန်မြို့တွင်း
သွားလာရာတွင်လည်းကျွန်တော်သည် အလျှင် အမြန်ရောက်ရှိရန် ထိုဂျစ်ကားကိုအားကိုးနေရသူဖြစ်သည် ဟယ်လီကော်ပတာလည်းမပိုင်နိုင်သေး
ချက်ချင်းဆိုသည့်ကိစ္စ ကား ရန်ကုန်မြို့တွင်းယာဉ်ကြောပိတ်ဆို့ခြင်း ခရီးလမ်းကွာဝေးခြင်း ထို့ပြင်လုပ်လက်စအလုပ်တစ်ချို့ မပြီးစီးသေးခြင်း
အပြင် စီနီယာအလိုက် လိုက်လံပြုင်ခြင်း ဖြစ်ရကား at once ဟူသော customer တို့အလိုကျဖြစ်ရန် ကျွန်တော်မည်သို့ကြိုးစား စေကာမူ
ရောက်နိုင်ရန်မစွမ်းသာပါ ။ ထို့အတွက် အပြစ်မြင်လိုကလည်း ကျွန်တော်မတတ်နိုင်ပါ ။ ထို့ ပြင် ခေါ်တုန်းကခေါ်ကာပြင်ဆင်ပြီးမှ ဘယ်လောက်
ကျလဲဟုမေးဖေါ်မရသော သူများအတွက် နောက်တစ်ခါစာရင်းတွင်နောက်ဆုံးဖြစ်ပေလိမ့်မည် ။ ထို့အတွက် ကျွန်တော့အားစိတ်မဆိုးကြပါနှင့်
ကျွန်တော် customer များထံလာရန် ဒီဇယ်ဆီကိုအရင်းပြုကာ ကျွန်တော်၏ စီးတော်ယာဉ်ဖြစ်သောဂျစ်ကားကို အသုံးပြုရသေး၏ ကျေးဇူးများပေး
ယုံဖြင့် ကားထဲထည့်မောင်း၍ မရပါ ။ထို့အပြင် ယ္ခုသုံးနှစ်တာကာလအတွင်း ကျွန်တော့် ကားလှိုင်သာယာ တံတားဖြတ်ခွင့်မရအောင် ကျေးဇူး
များဖြင့်လေးလံကာ သုံးတန်ကျော်နေပြီဖြစ်သည်။ ထိုသည်ကား ပထမအချက် ဒုတိယအချက်ကားကျွန်တော်သည် ယ္ခုလိုရာသီမျိုးတွင် လူရော
စိတ်ပါ လုပ်ငန်းတွင်းနှစ်လျှက် လုပ်ကိုင်နေသူဖြစ်ပါသည် ထိုအတွက် ကျွန်တော့၏လူမှုရေးကိစ္စများလုပ်နိုင်ရန် အချိန်မရနိုင်ခဲ့ပေ တခါတရံမဟုတ်
အမြဲတမ်းလိုလိုလူမှုရေး ကိစ္စ များတွင်ပျက်ကွက်ခဲ့ သည်ကအကြိမ်ကြိမ် မိမိကတော့မိမိ ၏ customer များ၏အလိုလိုက် အကြိုက်ဆောင်သော်ငြား
ကျွန်တော့ပါတ်ဝန်းကျင်တွင်တော့ ကျွန်တော်သည်လူမှုရေးခေါင်းပါးသူဖြစ်မှန်မသိဖြစ်လာရပြန်သည် ။ ဒီနေ့ကဲ့သို့ကျွန်တော်တို့ အထွဋ်အမြတ်
ထားရာနှစ်ကူး(နှစ်ဆန်းတစ်ရက်နေ့)
နေ့တွင်ပင် အလွတ်မပေး နားလည်မပေးနိုင်သူများ လည်းရှိနေပေသေးသည် မိမိ တို့အကျိုးစီးပွားကိုသာ ကြည့်လျှက် တပါးသူအားနား
လည်မပေးတတ်သောကျွန်တော်၏ cstomer များတဖြစ်လည်း စက်တစ်လုံးဝယ်ပြီး တစ်သက်တာဆားဗစ်လိုချင်သော ကျွန်တော်၏ကျေးဇူး ရှင်များ
အားဤ ဆောင်းပါဖြင့် တရုတ် နှစ်သစ်ကူးကာလ မင်္ဂလာရှိချိန်တွင် ဂုဏ်ပြုလိုက်ရကြောင်း.......... ထို့ပြင် ကျွန်တော်၏ကားမှန်တွင်လည်း
၁။ ဘာမှအလကားမရပါ

၂။လူမှုရေးသိတတ်ပါ

၃။လမ်းကြုံ မလာတတ်ပါ

၎။စက်ပြင်ပြီးလျှင် လက်ခမစပါ
အစရှိသဖြင့် ... စာကြောင်းလေးများရေး၍ ကပ်ထားမည်ဖြစ်ပါသည် ထို့အတွက် ကျွန်တော့အားရိုင်းသည်ဟုမထင်ကြပါရန်နှင့် နယူတန်၏
တတိယနိယာမဖြစ်သော သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်ဟူ၍ သာ.............မှတ်ယူစေလိုပါသည်။
ထို့ပြင် သင်္ကြန်ကာလတွင်း တွင်လည်း ကျွန်ုပ် အားဤ ကဲ့ သို့ဆောင်းပါး မျိုးနောက်တစ်ပုဒ်ရေးဖြစ်ရန် တိုက်တွန်းစေ့ဆော်မှု မပြုကြရန်တောင်းပန်အပ်ပါသည်။

ခင်မင်လေးစားလျှက်

ချစ်သူမောင်

Friday, February 12, 2010

HAPPY LUNAR NEW YEAR !

HAPPY LUNAR NEW YEAR !



နှစ်သစ်မှာနိုင်ငံတကာနှင့် ပြည်တွင်းမှ ဘလော့ဂါ


မောင်နှမအပေါင်းနှင့်အွန်လိုင်းမှသူငယ်ချင်းအပေါင်း


ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ






ချစ်သူမောင်

Wednesday, February 10, 2010

ညီမလေးရေ................

nnt4
စာ မရေးဖြစ်သည်မှာကြာခဲ့ပြီ ဖြစ်သဖြင့် ရေးရန်အတွက်လက်တွန့်နေမိ၏ ။ တောင်စဉ်းစား မြောက်စဉ်းစားနှင့် အတွေးရေလျဉ်မှာမျောပါမိ
သည့်နောက် အတွေးစတချို့ကိုဆွဲထုတ်ဖြစ်လေသည်။ ခက်သည်က သည်အချိန်သည်ကာလ ကျွန်တော့အတွက် ပူဆွေးစရာအချိန်ပေမို့
အလွမ်းစာများမရေးချင်သော်လည်း ပေါ်လာသည့် အကြောင်းအရာများ က ညီမလေး အကြောင်းများသာ အဆွေးဟုမဆိုသာ သောအလွမ်း
များ သို့တည်းမဟုတ် တမ်းတမိတဲ့ ညီမလေးအကြောင်း သိုတည်းမဟုတ် မေ့မရသော သေသောသူ ဆိုလျှင် ဘ၀အတွက်ခါးသီးသည့်အမှတ်
တရ များ ရင်ကိုနင့်စေသောအခြင်းအရာများ ထိုအရာအားလုံးက ဘ၀အတွက် မှတ်တမ်းပင်ဖြစ် လေမည်လား ။ ထိုအခြင်းရာကိုကေလေး
သိခဲ့လျှင် ၀ဋ်လည်တာလို့ ဆိုပြီး လှောင်ရယ်နေမည်လား တစ်ကယ်တော့ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း အထိ ကေလေး ပါ ၀င်ပါတ်သက်ခဲ့၏ ။
ကျွန်တော်ကစိမ်းကားသူကြီးအဖြစ်နှင့် ရပ်တည်ခဲ့မိ၏ ။ဘ၀၏အမှား သို့မဟုတ်မဆုံခဲ့သောရေစက် သို့မဟုတ် ကုန်ခဲ့ သောရေစက် ထို့ထက်
ပို ၍ လည်းကျွန်တော်မပြော တတ်တော့ပါ ။ တစ်ချိန်က မောင့်ရဲ့ရှုမငြီးတဲ့ချစ်ဇနီးလေး သမီး (ကေလေး) ဘ၀တစ်ခုထူထောင်ရန် အကြောင်း
ပြည့်စုံပါလျက် ကျွန်တော်က လက်တွဲဖြုတ်ခဲ့ သည် ထိုဝဋ်ကလည်ခဲ့သည်လား ကျွန်တော်မတွေးတတ်ခဲ့ ။ခက်သည်က သံယောဇဉ်တစ်ခုတည်း
ကေလေးအပေါ် ထားခဲ့မိသည်ထင်သည် အချစ်မပါ ဟုလည်းထင်ခဲ့သည် ကျွန်တော်မှားခဲ့ပါသည် ထာဝရမီးဟုခေါ်သူက ကျွန်တော့ အပေါ်
ဖောက်လွှဲဖေါက်ပြန်ပြု မူလာပြန်သောအခါ ကျွန်တော်ရင်နာယုံမှတပါး အမုန်းနှင့်လမ်းခွဲခြင်းအဖြစ်ရောက်ရှိခဲ့ လေသည်။ဘ၀၏အချိုး အဆစ်များ
ကွေ့ ၍ ဖြတ်သန်း လာခဲ့ပြန်သော် သမီး နှင့်ဆုံရ ပြန်လေသည် ။သမီးသည်လည်း ကိုကို ဟုနှုတ်ဖျားမှမချတမ်းချစ်ခဲ့ ၏သို့သော် ကျွန်တော်နှင့်
ဆုံရန် အကြောင်းဖန်မပါခဲ့ချေ ......မည်သို့ဖြစ်ပါစေ ကျွန်တော်သည်လူကြမ်း မဟုတ် သို့သော် ကံကြမ္မာကကြမ်း၏ ။ထို့နောက် ညီမလေးနှင့်
ဖူးစာဖက်ပေါင်း ပေါင်းပေးခဲ့ ၏ အချိန်သည်ကား မကြာလိုက်ပါ တစ်ကယ်တွက်စစ်တော့ တစ်နှစ်နှင့် လေးရက်တိတိမှာ ညီမလေး ခွဲသွား၏
အပြီးတိုင်ပါ ။ ဘယ်သူမြင်မိ သိရှိလေမလဲ တစ်ကယ်တော့ညီမလေး ဆိုတာ ဟိုးလွန်ခဲ့ သော ဆယ်စုနှစ်တစ်ခုအကျော်တည်း (ခုတွက်ယင်
နှစ်ပေါင်း နှစ်ဆယ်နီးပါး) လောက်တည်းကကျွမ်းဝင် ခင်မင်ခဲ့သူပေမို့ ။ကျွန်တော့အပေါ်မီး သစ္စာဖျက်၍ လက်တွဲဖြုတ်ခဲ့စဉ် လူတောထဲ
မတိုးချင်လောက်အောင် စိတ်ပျက်နေချိန်များတွင် သူငယ်ချင်းတစ်ယောက် (သူနှင့်ကျွန်တော် ကနာမည်ချင်းတူတူ) မင်္ဂလာဆောင် (အမှန်တော့
အဒီတုန်းက ကျွန်တော်လူတောထဲမသွားချင် သူမို့ အဲဒီမင်္ဂလာဆောင် ကိုမသွားချင် သို့သော် အလွန်ချစ်ရသောသူငယ်ချင်း အပြင် သူနှင့်ကျွန်
တော်က နိုင်ငံပြင်ပမှာအလုပ်သွားလုပ်စဉ်ကလည်း အကူညီအပြန်လှန်ပေးကာ နားလည်မှု တစ်ယောက်နှင့် တစ်ယောက် အပြည့်ဝရှိသူ သူ
အိမ်ထောင်ကျပြီးနောက်တော့မသိ) ထို့အတွက်ကျွန်တော်သွားဖြစ်၏ ။ညီမလေးနှင့်အဆက်သွယ်ပြတ်နေသည်မှာ နှစ်ပေါင်းအတန်ကြာ မှ
ပြန်တွေ့ သည့် အတွက်ဝမ်းသာအားရ ညီမလေးငယ်စဉ်ကလို ပင် ဆံပင်များကိုဖွကာ နှုတ်ဆက်မိသည်
ပွင့်လင်းစွာညီမလေး၏တုန့်ပြန်သံ
ကိုကြားမှ သတိလက်လွတ်ဖြစ်သွားသောကိုယ့်ကိုပြန်ထိန်းသိမ်း မိချေတော့သည် ။"ကိုကိုနော် လူတွေကြားမှာညီမလေး မလှအောင်မလုပ်နဲ့"
အဲဒီစကားလေးကအစအမှတ်ရနေယင် ကျွန်တော်လွန်မလား ။အဲဒီနောက်တော့ ညီမလေး၏အိမ်သို့ မရောက်ဖြစ်ရာမှ ခြေဦးပြန်လှည့်ဖြစ်
ခဲ့သည် ။မှတ်မှတ်ရရ ညီမလေး၏ မွေးနေ့တစ်ခုတွင် အချိန်နှင့်ဒီရေသည် လူကိုမစောင့် ယောက်ျားယူတော့လို့ ပေါ်ပေါ်ထင်ထင် သတိပေး
စာရေးပြီး မွေးနေ့လက်ဆောင်ပေးခဲ့ ဖူးသည်ကိုအမှတ်တရ ။ ထိုစဉ်က ညီမလေးပြန်ပြောသော စကားတစ်ခွန်းအမှတ်တရဖြစ်နေပြန်သည်
ညီမလေးမှာလက်တစ်ဖက်မသန်တဲ့ အစ်ကိုတစ်ယောက် နဲ့ ခြေထောက်တစ်ဖက်မသန်တဲ့ အစ်ကိုတစ်ယောက် ရှိနေတာပဲ အိမ်ထောင်ပြုဖို့
မလိုပါဘူး အဲဒီအစ်ကိုတွေနဲ့ အမြဲနေမှာလို့ ပြောခဲ့သည်။တစ်ကယ်တော့ ညီမလေးမှာ တစ်ကယ်လက်မသန်သော အစ်ကိုရင်း တစ်ယောက်
ရှိခဲ့ သည် ခြေထောက်တစ်ဖက်မသန်တဲ့ အစ်ကိုဆိုသည်ကကျွန်တော်ပင် ထိုစဉ်က ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ကာ သွားလေရာ တုတ်ကောက်ပါ
ခဲ့ သည် ။ကျွန်တော်က တစ်ကယ်နေနိုင်လို့လားဟု ရယ်ကာမောကာမေးဖြစ်တော့ အစ်ကိုတွေကဒီတိုင်းပဲဆိုယင် ညီမလေးလဲမပြောင်းလဲ
ဘူးလို့ဖြေခဲ့ဖူးတာကိုပြန်သတိရနေပြန်၏။လူချင်းဝေးနေလည်း အကြောင်းကိစ္စ တခုခုရှိလျှင်ဖုံးဆက်တိုင်ပင်ဖြစ်ကြသည်။ ဘိုဘိုဟန်၏သီချင်း
ကဲ့သို့ လာစမ်းပါဦး ဟိုနားလိုက်ပို့ လို့ ပူဆာတာညီမလေးပင် အမှန်တော့ ကျွန်တော်တစ်ယောက်တည်း အမှောင်ချောင် မှာနေသည်ကို
မမြင်လို၍ ဖြစ်ကြောင်းနောက်ပိုင်းမှ ကျွန်တော်သဘောပေါက်လာခဲ့၏ ။ဘာသင်တန်းရှိလို့ လိုက်ပို့ပေးဦးကိုကို ဆိုတာမျိုး ဘယ်သင်တန်းလိုက်
အပ်ပေးပါဦး ကိုကိုရေလို့ ချွဲနွဲ့ ပြောတတ် သောညီမလေး၏အသံ ကြားယောင်နေဆဲ ကျွန်တော်၏စိတ် တွင်လည်းထင်ဟပ်ဆဲ တစ်နေ့
လက်တွဲကြရမည် ပြီးလျှင် အပြီးတိုင် သေခွဲခွဲရမည်ကိုထိုစဉ်ကမသိခဲ့ရိုးအမှန်ပင်ဖြစ်ချေ၏။

Tuesday, February 2, 2010

မင်္ဂလာဆောင်ခြင်း

 choco


မင်္ဂလာဆောင်ခြင်းတည်းဟူသော အကျိုးအကြောင်းတို့သည်မှာ မိသားစုတစ်ခုနှင့်တစ်ခုပေါင်းစည်းခြင်း ပုံစံမတူသောအရာနှစ်ခု
ပေါင်းစပ်ခြင်းအလျဉ်းဖြစ်ပေမည် သို့သော် ကျောက်ပြင်နှင့်သနပ်ခါးကဲ့သို့ ကိစ္စများ အတွက်မည် သူတာဝန်ယူမည်နည်း ။
ပရုပ်လုံးကဲ့သောလျော့ပါးခြင်းမျိုးကြုံတွေ့လာလျှင် ဘဝဆိုသောစကားကိုသတိရမည်။ လောကဓံ ရှစ်ပါးတည်းသာရှိသောကြောင့်
သာ ကိုးပါးဆယ်ပါးလောက်ရှိကာတစ်ခုနှစ်ခုပိုလာခဲ့လျှင် မည်သို့ဖြစ်မည်မသိ။ပေါ့(ပ)သီချင်းတပုဒ် သို့မဟုတ် ယ္ခုခေတ်စားနေ
သော ဟစ်ဟော့သီချင်းတပုဒ် သို့မဟုတ်ဖတ်ပြီးဘာမှနားလည်မှာမဟုတ်တဲ့ ဒေါင်လိုက်ဖြန့်ပြထားတဲ့မော်ဒန်ကဗျာတပုဒ်
တခါတလေ စကားပြေနဲ့မကွဲလွဲတဲ့ကဗျာရှည်များ ။သိက္ခာ သစ္စာတရား ဘယ်ခါမှရှာတွေ့နိုင်တော့မှာမဟုတ်တဲ့ ကျောက်ခေတ်
ဘာသာစကား၏ရုပ်ကြွင်း ထိုအရာများတွဲစပ်ကြည့်မည်ဆိုပါလျှင်။
စလေဦးပုည၏တေးထပ်များ လှိုင်ထိပ်ခေါင်တင်ဘောလယ် ၏ ကျောက်ဖြစ်ရုပ်ကြွင်း စာဆိုလျှင် မည်သည့်web page သို့မဟုတ်
မည်သည့်စာအုပ်ကိုမျှလိုလိုလားလားမဖတ်ချင်သူများ web page ဆိုလျှင်ဓါတ်ပုံပါမှစိတ်ဝင်စားသူများထိုသူ များလည်းရှိမည်အမှန်
အွန်လိုင်းကိုချတ်တင်နှင့် Q ခြင်းမှတပါးမသုံစွဲချင်သူများ ထိုသူများလည်းမဆန်းပါ ။ ချစ်ခြင်းနှလုံးသား၏ ကျောက်ဖြစ်ရုပ်ကြွင်းကို
ရှာဖွေတွေ့ရှိသူမှာ မိုက်ကယ်အိုဝင်ဟူအမှတ်မှားသူများ ။ ချဲလ်ဆီးမှချဲလ်ဆီး မန်ယူမှမန်ယူဖြစ်နေသူများအတွက် လီဗာပူးမှလီဗာပူး
ဖြစ်နေသူများ ကပြောစရာမရှိ သို့သော် ပြိုင်ပွဲဟုသဘောမထားတတ်သူများအတွက် မောင်းအောင်ခြင်းကသာ အဆင်ပြေ၏။
အဆိုးနှင့်အကောင်း အကျိုးနှင့်အကြောင်း ဆင်ခြင်ပါကလည်း ဘာမဟုတ်သောကိစ္စအတွက်အချင်းများမည်သာ ။ ဘာမှမပြော
တော့လည်း ဘာမှမဟုတ်ပါ အမှတ်တမဲ့ကျော်ဖြတ်သွားရမည့်အရာတစ်ခုက ထင်ရှားပေါ်လွင်လာသောအခါသစ္စာဆိုသည် မှာ
ပျောက်ကွယ် သွားတော့မည်လား အပြောလွယ် သလောက်အလုပ်ခက်သောကိစ္စသာ ။မည်သို့ပင် ဆိုစေကာမူ ဟုဆိုလိုက်သည်နှင့်
ဘာပဲဖြစ်ဖြစ် အချည်းနှီး ဖြစ်ပေတော့မည်။
လွယ်ကူခြင်းခက်ခဲခြင်းတို့သည် မည်ကာမတ္တ ပညတ်သာဖြစ်ပေမည် ။
ထို့အတူယ္ခု စာပိုဒ်အားနားလည်ပေးကြပါကုန် ပုထုဇနောဥမ္မတကောဟုဆိုကြသည်မို့

အိပ်မက်မှာတင်ထားတဲ့ပို့စ်လေးကိုပြန်တင်လိုက်ပါတယ်


Monday, January 25, 2010

ညီမလေးကိုလွမ်းတဲ့ည

nnt7

ဘာပဲပြောပြော
ပြောချင်တာပြော
ကြ ပစေတော့
ညီမလေးရေ..........

တမလွန်ရောက်နေတဲ့
မင်းရဲ့ဘဝလေး
အေးချမ်းသာယာပါစေ.....

အမှတ်တရတွေ
မင်းထားသွားလို့
တနှစ်တနှစ်
မေ့မပစ်ရက်
အခက်ပွေ
သောကဝေစေ
ရင်မှာဝေဒနာ
ဒီရေအလား
မဟုတ်တောင်
တရိပ်ရိပ်တော့တိုး
အလွမ်းမိုးနဲ့အတူ
နွမ်းလျမော
ဝေဒနာတွေ
ရင်မှာထင်ကျန်
မခံစားနိုင်အောင်ပဲ
အလွမ်းထဲတဝဲလည်လည်......

တစ်ကယ်သာဆို
ကိုကို့ကိုမင်းထားရစ်
အလွမ်းနှစ်တွေပါကွာ
တစ်ကယ်ဆို
ခြောက်နှစ်တင်းတင်း
ပြည့်တော့မည်လေ.......

တစ်နေ့တစ်ရက်မှ
မေ့မရဘူးဆို
ကိုယ်လိမ်မိသလား
အဲလိုလဲမဟုတ်ရပါ
တမ်းတမိတာအခါခါပေါ့
လောကထဲလမ်းလျှောက်ယင်း
ပြိုလဲချင်တဲ့အချိန်ကျတော့
မင်းကိုပိုသတိရ........

"သေသောသူကြာယင်မေ့တဲ့လား"
သွားပါကွာ..အလကား ထင်ရာတွေ
တစ်ကယ်ဆို အလုပ်များနေချိန်တောင်
ပင့်သက်ရှိုက်တဲ့အခါ
မင်းမျက်နှာလေးတွေးမြင်
မပီပြင်ဝို့တဝါး
မျက်ရည်စတွေတောင်မှ
ထွက်ခဲ့ဖူးပါရဲ့........

အလွမ်းထဲမနေရဲပေမယ့်
ကျွမ်းဝင်တဲ့နေရာ
သည်နေရာဟာ
ရွာတည်လို့သာနေဖြစ်
အချစ်ဆိုတဲ့စကား
ကိုယ်တို့ကြားမှာ
ယုံမှားသံသယဖြစ်စရာမရှိ
တချိန်ကပြိုလဲခဲ့စဉ်
အနားမှာရပ်တည်ပေးတာ
မင်းမှမင်းပါကွယ်
နှင်းထဲမှာမင်းမပါလဲ
ကိုယ်တစ်ယောက်တည်း
ကြောင်တောင်တောင်နေဖြစ်
ငယ်ကချစ်ရေ
အလွမ်းနှစ်တွေ
ကျွမ်းရစ်သက်သေတွေပါ........

ငိုချင်ရက်လက်တို့ဆိုမလား
အတွေးကြားမှာ
မျောလွင့်စိတ်ဝေဒနာ
ပြောပြမချင့်ချိန်ချင်တော့ပါလေ
တမလွန်ခရီးကို
အပြီးစီးထွက်သွားခဲ့တဲ့
ကိုကို့ရဲ့ ညီမလေး
ကိုကိုကတော့လေ
အလွမ်းတေးတွေ
ဆိုနေရဦးမှာ
အလွမ်းကဗျာတွေ
ရေးဖြစ်နေဦးမှာ
နွမ်းလျတဲ့ရုပ်နဲ့
၂၆.၂.၂၀၁၀မှာ
ညီမလေးရှိတဲ့နေရာ
ကိုကိုလာဦးမှာ............

အလွမ်းပြေမဟုတ်ပေမယ့်
တစ်ကယ်တမ်းတော့လေ
နွမ်းလို့ကြွေ............

မှတ်ချက်။     ။NNT ညီမလေးရေ ခွဲသွားခဲ့တာတစ်ကယ် ခြောက်နှစ်ပြည့်တော့မယ် ကိုကိုလည်း
                   သတိရတမ်းတယင်း အလွမ်းကဗျာတွေသီ နွမ်းစာတွေစီဖြစ်နေခဲ့ သတိတရပါပဲကွာ။


Sunday, January 17, 2010

နှင်းပုံပြင်

နှင်းစက်ရေ
မင်းထွက်သွားတဲ့နေ့က
ငြင်းရက်ခဲ့လို့ထားရစ်ခဲ့လား
အတွေးများစွာ
ခြေရာထင်ရစ်
ရင်ခွင်သစ်ကို
ပြောင်းတယ်လို့ကို
မထင်သာရက်ခဲ့
အနေခက်တဲ့
နေ့ညတွေများ
ဖြေခက်သားလေ.........

အင်းလျားရင်ခွင်
ခိုလှုံချင်လည်း
ခုတော့ဝေးပြီ
ဆောင်းသည်ကုန်ခဲ့
နှင်းစက်နဲ့လေ
ခွဲခွာချိန်လေး
နေရခက်ခဲ
ဝေဒနာပဲလား
ရင်ဆိုင်ရမယ့်နွေဟာ
သောကအပူမီးစ........

ပူတယ်လားလေ
ရင်ကျွမ်းသည်းအူ
ပြတ်လုမတတ်
ခံစားရတမ်း
ငိုကြတမ်းဆို
ချစ်ရသူက
ငိုရမြဲလေ
နှင်းတစေ ္ဆ...........

တွယ်ရာမဲ့ပါကွယ်
နွယ်စရာနှောင်ကြိုး
တင်းကာတိုးချင်
မင်းရင်ခွင်သာ
တမ်းတငတ်မွတ်
လွမ်းသည်ဟုဆို
ငိုယိုကာပင်
သောကထင်သည်
တွယ်နှောင်ရစ်တော့
မခက်လား..........

ပြောပြစရာ
သောကဖြစ်စေတဲ့အချစ်
ဒေါသသင့်နေမယ့်အဖြစ်
မောင့်ရင်မှာတော့
လောင်မြိုက်ကျွမ်းသည်
နာရီတွေစပြီလားဆို
ပြောဆိုကာဖြေမဆည်သာ
မောငိုကာမကြည်လင်ပါ
နှုတ်မဆက်ပဲ
ရုတ်တရက်ခွဲထွက်သွားတဲ့
နှင်းစက်ရဲ့ည
တစ်ဘဝပဲ
အလွဲလွဲအချော်ချော်
သံယောဇဉ်မှတ်တမ်း
ရင်ခွင်နန်းမှာ
အမြဲစိုးစံစားနေရာယူ
အသေချာရယ်ပူစေပေါ့
ဝေဒနာရယ်နင်ယူတော့လို့
မပြောခဲ့ယင်တောင်
ပြောသယောင်အလား
ကြင်နာများစွာနဲ့
ရင်နာစရာရက်များ...........။     ။

Friday, January 15, 2010

Expo' 2010

မနှင်းသီတာဂျီတော့က နေ တဂ်( tag ) လို့  ရေးဖြစ်မှာပါ......ဒီကုန်စည်ပြပွဲခေါ်မလား Expo ဆိုတဲ့ဂုဏ်ပုဒ်ကနည်းမှမနည်းတာကို
ဒီပွဲကို ဖြစ်မြောက် အောင် မိန်းစပွန်ဆာက  AA eletronic (samsaung) ဖြစ်ပါတယ် ။ကျွန်တော့စိတ်အထင်တော့ ဆမ်ဆောင်းရဲ့
LED (light emitting diode) TV  သွင်းကုန်သစ် အတွက် sponsor ပေးပြီးကျင်းပတဲ့ ပွဲလို့ ထင်မြင်မိပါတယ် ။အထင်နော် မှန်ချင်မှ
မှန်မယ်။ co-sponsor များကတော့ Global ပဲဆီသန့်နဲ့ နှမ်းဆီမွှေး နှင့် တာယာအဟောင်းလေးပေးပြီး တာယာ အသစ်လေးပြန်ယူ
သွားပါဆိုတဲ့ ဟိုးအယင်ကစကားနဲ့ပြောယင် တာယာကွန်ပေါင်းပေါ့နည်းပညာသစ် အအေးပေါင်းစံနစ် နဲ့ပန်းသားအသစ်တင် ပေးတဲ့
Super Cool Kyi Brothers ကုမ္ပဏီပါ။
ပြပွဲပထမနေ့မှာပဲ အတော်လေးစည်ကားပါတယ် ကွန်ပျူတာ ကုမ္ပဏီ အနေနဲ့ Blue Ray နဲ့ KMDနှစ်ဦးပဲတွေ့ခဲ့ပါတယ် နောက်ပြီး
ရေနွေးစက် ကုမ္ပဏီနှစ်ခု တစ်ခုက Ever seiko နဲ့ နောက်တစ်ခုကတော့ သိပ်မသိပါ။ နောက်အချိုရည် ကုမ္ပဏီတွေကတော့များ
ပါတယ် မှတ်မိနေတာကတော့ Asia Lion နဲ့ RC cola နောက်ပြီးအတွင်းခန်းတွေမှာသဘာဝ အသီးဖျော်ရည်ကုမ္ပဏီ အပြင်တန်းအနေနဲ့
တော့ ဘယ်ဖက်အခြမ်းမှာတော့ E7 ကနေစတွက်ယင် RCcola ၊မလေးရှားဒံပေါက်၊Peace Brothers တစ်လုံးထိုးအသံငြိမ်မီးစက်၊
SHOW ကတော့ ဘယ်လိုမျက်နှာပြင်မျိုးပေါ်မှာမဆို Printing လုပ်နိုင်တဲ့ နည်းပညာပြခန်း ၊မွေးရေ၀န်ကြီးဋ္ဌာနအရောင်းဆိုင် ၊
နောက်တစ်ခန်းကနာမည်မေ့နေတဲ့ sausage ,bacon,ငါးဖယ်လုံး စတာတွေရောင်းပေးတဲ့ဆိုင်ခန်းနဲ့ ထိပ်ထောင့်ဆုံးကတော့
LION အချိုရည်ပါ၊ နောက်ညာဖက်ခြမ်း ၀င်ဝင်ခြင်းကတော့ pedrollo ရေပန့် ၊နောက်ပြည်တွင်းကားထုတ်လုပ်ရေးပြခန်းတစ်ခု
နောက်တစ်ခန်းက အစိမ်းရောင်စူပါကော်ဖီမစ် ၊ညာဖက်အစွန်ဆုံးကတော့ အရစ်ကျရောင်းပေးတဲ့ DODOCOCOပြခန်းပါ ။
ပင်မအ၀င်ဝ ရဲ့ဘယ်ဖက်ခြမ်းကတော့ဂလိုဘယ်ပဲဆီသန့်ပြခန်း ညာဖက်ကတော့Kyi Brothers ရဲ့ပြခန်း အ၀င်ဝနဲ့တည့်တည့်
ကတော့ Main sponsor ဖြစ်တဲ့ SAMSAUNG ပြခန်းပါ ၊ဆမ်ဆောင်းပြခန်းကတော့ အရမ်းကိုကြီးကျယ်ခန်းနားနေတာပေါ့
ပြထားတာတွေကတော့ ဆမ်ဆောင်းရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ LEDTV ရေခဲသေတ္တာ အ၀တ်လျှော်စက် EVD စက်နဲ့အဲယားကွန်း
တွေပါ ။မှတ်မိသလောက် ဆမ်ဆောင်းရဲ့ ဘေးမှာတော့ ဆာကူရာ ပြခန်း အဲဒီမှာလည်း DVD ,EVD ,TV ရေအေးစက် အစရှိသဖြင့်
ပေါ့။ထူးခြားတဲ့အတန်းတစ်တန်းရှိသေးတယ်အဲဒီနားမှာ ခြင်ဖြတ်မပျံရဲအောင်ပဲ တစ်ဖက်ကဖျန်းတဲ့ခြင်ဆေးနဲ့ အင်းဆက်ကေလာ
ရောင်းတဲ့ဆိုင် တစ်ဖက်ကတော့ခြင်တွေအရှင်ဖမ်းတဲ့စက်ရောင်းတဲ့ဆိုင် တွေးမိသေးတယ် ငါသာခြင်ဖြစ်ယင် အဲ့နားကဖြတ်မသွား
ရဲအောင်ပဲလို့ ၊နောက်အိုလံပစ်လဖက်ခြောက် အစရှိတဲ့ပြခန်းတွေပါ ၊ အများဆုံးကတော့ကော်ဖီမစ်ပါပဲ ကုန် စည်ပြပွဲဆိုတာထက်
အရောင်းတွေကများနေတော့တာပေါ့ ၊ နောက်တွေ့သေးတယ် ပဲပိစပ်ဆီတို့ မွှေ့ယာတို့ နောက်ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ TOYO
Battery ပြခန်း ၊ နောက်တခု ဖိနပ်ဝါသနာအိုးတွေအတွက် shoes gallery နဲ့ lily တို့လည်းလာပြတာတွေ့ပါတယ်။
တော်တော်လေးများပါတယ် အရောင်းလည်းတော်တော်ကောင်းကြပါတယ်၊ ကွန်ပျူတာနဲ့ပါတ်သက်လို့ KMD ပြတဲ့
ပြခန်းနှစ်ခုတွေ့မိပါတယ် PROLINK NOTE BOOK နဲ့ အခြားပစ္စည်းတော်တော်များများ ဈေးချရောင်းပေးနေတာတွေ့ရပါတယ်
 Blue Ray မှာတော့ တော်တော်စုံပါတယ် AUSUS ,ACER အစရှိတဲ့နုတ်ဘုတ်တော်တော်များများ လည်းဈေးနှုန်းသင့်တင့်စွာနဲ့
ရောင်းချနေတာလည်း တွေ့ရပါတယ်။ခုချိန်မှာ ၁၀.၁လက္မ နုတ်ဘုတ် တစ်လုံးကိုငွေသုံးသိန်းပတ်ဝန်းကျင်နဲ့ ၀ယ်ယူလို့ရနိုင်တာ
မုဒိတာပွားစရာပါ ။သည်လိုနည်းပညာခေတ်ထဲမှာ နုတ်ဘုတ်လေးမှမပိုင်ရယင်လူဖြစ်ကျိုးမနပ်တော့သလိုဖြစ်နေရတော့အား
ငယ်စရာသိပ်မရှိတော့ဘူးပေါ့ ။ကျွန်တော်ကတော့ ကွန်ပျူတာပစ္စည်းဆိုလို့DVD-RW 8mm သုံးချပ် Photo paper ခြောက်ထုပ်
Prolink external modem တစ်လုံး လောက်ပဲဝယ်ဖြစ်ပါတယ် နောက် ရန်ကုန်မြို့ကိုသိပ်မသွားတတ်လို့ YANGON CITY GUIDE
တစ်အုပ် နောက်ခြင်ဖမ်းစက်တစ်လုံး အဲတာလောက်ပဲဝယ်ဖြစ်ခဲ့ပါတယ် အော် နောက်တစ်ခုရှိသေးတယ် ASIA LION ကနေခြောက်
လုံးတစ်ကဒ် ၀ယ်သောက်မိလို့ကံစမ်းမဲပေါက်ထားတဲ့ စားပွဲတင်စာကြည့်မီးချောင်းလေး တစ်ခုကိုလည်းရရှိခဲ့ပါတယ်။ကျွန်တော်လည်း
အနည်းငယ် ရောင်းရပါတယ်..............

အစဉ်ခင်မင်လေးစားလျှက်
ချစ်သူမောင်

Tuesday, January 12, 2010

Expo2010

ရင်ငြိမ်း.............မင်းလေးရဲ့နာမည်အဲ့လိုပဲခေါ်လား ဘာပဲဖြစ်ဖြစ် မင်းမျက်နှာလေးမြင်ရတော့တို့ရင်မှာတစ်ခုခု စွဲငြိသလိုဖြစ်ခဲ့တယ်လို့
ဆိုယင် မင်းလေးကယုံကြည်မလား ။ ဒီနေ့ Expo 2010 ရဲ့ နောက်ဆုံးနေ့လည်းဖြစ်တယ် လေးရက်တာပင်ပန်းနွမ်းနယ်ခဲ့သမျှတွေ အားလုံး
ပြီးဆုံးခဲ့တဲ့နေ့လေးတစ်နေ့ပေါ့။ပင်ပန်းတယ်လို့သာ ဆိုရတာ တစ်ကယ်ပြီးပြီဆိုတော့  ရင်ထဲမှာဟာတာတာ နဲ့ဝမ်းနည်းသလိုလို
ခံစားရတယ်...တစ်ကယ်ပါ ၈.၁.၂၀၁၀ နေ့က စဖွင့်တဲ့ Expo 2010 ကျင်းပပြီးစီးခဲ့တာဒီနေ့ ဘာပဲဖြစ်ဖြစ် အမှတ်တရဖြစ်သွားရမယ့်
လေးရက်တာကာလပါ။ စဖွင့်တဲ့ နေ့က တော့ ဘာမှမသိသေးမတွေ့သေးပဲ ခပ်ငေါင်ငေါင်ပါ နောက်တော့ ပြပွဲလာသူတွေကိုယ့်ကုန်
ပစ္စည်းအကြောင်းရှင်းပြယင်း ပြပွဲထဲဝင်စယင်းနောက်ယင်း နဲ့ သတိထားမိခဲ့တာမင်းလေးတစ်ယောက်တည်းပါ။ဘာပဲဖြစ်ဖြစ် ကိုယ်ကလုပ်ငန်းရှင်
တစ်ဦးအနေနဲ့ ထိန်းသိမ်းရမယ့်စည်းကမ်းတွေ ရှိနေပြန်ပေါ့ သိက္ခာနဲ့ သမာဓိတည်ငြိမ်သင့်တာမဟုတ်လား .........တည်ငြိမ်ခဲ့တာပါ
ခက်တာက မင်းတို့အုပ်စု နားနေရာအခန်းလေးကကိုယ့်ပြခန်းတည့်တည့်လောက်မှာ ရှိနေတယ်လေ ။ ကိုယ် ကမတွေ့လည်းမြင်နေတော့
သတိထားမိခဲ့တော့တာပေါ့ညီမလေးရယ် တစ်ကယ်ပါ နှစ်လိုဖွယ်ကောင်းတဲ့ မင်းရဲ့ အပြုံး ကြည်လင်တဲ့ မင်းရဲ့အသံလေးရဲ့နောက်ကို
မျောပါခဲ့ မိသလားမဆိုသာဘူး ဒါပေမယ့်သန့်ရှင်းတဲ့ ဖြူစင်တဲ့ခင်မင်လိုစိတ် လေးတစ်ခုတည်းပါ ပထမနေ့သတိထားမိတယ် နောက်
တစ်နေ့ တော့ပိုသတိထားမိလာတယ်လေ မင်းပြုံးတဲ့ အပြုံးထဲ မှာ ခင်မင်နှစ်လိုဖွယ်လေးတွေပါနေတာကိုး ဒီလိုနဲ့သတိထားမိလိုက်
ကိုယ့်အလုပ်ထဲကိုယ်အာရုံရောက်သွားလိုက် ဘာပဲဖြစ်ဖြစ်စိတ်ထဲကတော့ညီမလေးတစ်ယောက်လိုခင်မင်နေမိခဲ့တယ်...............
ဘာပဲဖြစ်ဖြစ် Expo2010 ကတော့စည်ကားမြဲပါပဲ။ပြခန်းအချင်းချင်းစယင်းနောက်ယင်း အချိန်တွေတရွေ့ရွေ့ ဖြတ်သန်းခဲ့တယ် လေ...
ဒီနေ့နောက်ဆုံးနေ့ အမှတ်ရစရာလေးတွေကလည်း မနည်း ခင်မင်မှုတွေစခဲ့ organizer အစ်ကိုက မိတ်ဆက်ပေးတော့
မင်းနဲ့မှတည့်တည့်လားညီမလေးရေ တစ်ကယ်တော့ တွေ့တွေ့ချင်းခင်မင်မိတဲ့ ကိုယ့်ရဲ့စိတ်က ဟိုးတစ်ချိန်က အငြိမ့်သမလေးကို
သဘောကျလို့ အငြိမ့်သမလေး ကလေရာနောက်တစ်ကောက်ကောက်ပါတဲ့တောသား တစ်ယောက်ရဲ့စိတ်လိုမျိုး ဖြစ်နေမလားပဲ....
မင်းရဲ့ပရိတ်သတ်တစ်ယောက်ဟာကိုယ်ပါကွယ်.....အမြဲအားပေးနေမယ် အောင်မြင်ပျော်ရွှင်ပါစေ .....တချိန်ကြလို့ပြန်ဆုံဖြစ်ကြယင်
မင်းအောင်မြင်ကျော်ကြားနေတာကို မြင်ချင်ပါတယ်ကွယ် .....
အစဉ်အားပေးနေမယ့် ရင်ငြိမ်းရဲ့ပရိတ်သတ် တဦး............

တစ်ဦးတစ်ယာက်ရဲ့ခံစားချက်အား ရင်ဘတ်ချင်းမိတ္တူပွားပြီး ရင်ခုန်ခံစားရေးဖွဲ့လိုက်ပါတယ်
Expo 2010 ဓါတ်ပုံလေးတွေကြည့်ယင်း ပျော်ရွှင်နိုင်ကြပါစေ

ခင်မင်လေးစားလျှက်
ချစ်သူမောင်

Photobucket

Photobucket



Photobucket
ရင်ငြိမ်းအေးရဲ့အက

Photobucket

Photobucket

Photobucket
ကိုချိုကြီးရဲ့မော်ဒယ်လ်များ ဆမ်ဆောင်းအတွက်တာဝန်ယူပုံ

Photobucket

Photobucket

Photobucket



Photobucket
ခန်းမအရှေ့ဘယ်ဖက်ခြမ်းမှဆိုင်တန်းများ

Photobucket

Photobucket



Photobucket

Photobucket

Peace Brothersတစ်လုံးထိုးအသံငြိမ်မီးစက်ရဲ့ စပွန်ဆာ

Photobucket
နှုတ်ဆက်လက်ပြခွဲခွာချိန်

Photobucket

Thursday, January 7, 2010

မိုးရေထဲမျှောမိတဲ့မျက်ရည်သမိုင်းရဲ့အပိုင်းအစ

ဘာပဲဖြစ်ဖြစ်
နှစ်တနှစ်ကုန်
ရင်မခုန်ပါ
လွမ်းစရာတွေ
တွေးသာကြည့်တော့
အမှတ်တရ
တိတ်တိတ်မြတ်နိုး
ဖြည်းဖြည်းကြိုချင်
နှစ်သစ်ရင်ခွင်
ကြိုကာပျော်မြူး
သည်ညဦးမှာ
မိုးတွေရွာခဲ့..........

မိုးတွေရွာလျှင်
အတိတ်ရင်ခွင်
ခိုလှုံချင်တဲ့
လွမ်းသည့်စိတ်က
ဖုံးမရချင်
အတူပျော်ဖူးတဲ့
ရေတမာလမ်း
ကံ့ကော်တန်းနဲ့
ခုံပြာတန်းတွေ
စီရရီမြင်ကြည့်
အလွမ်းပိစေ
နွမ်းရိခွေလျော့
မိုးစတွေထဲပေါ့
တူရွှင်ပျော်မြူး
နှစ်ကိုယ်ကြည်နူး
ပျော်ဖူးရခိုက်
ရင်ဖိုလှိုက်ခုန်
ပင့်သက်ရှိုက်ချိန်
မောလျချိန်တွေ
မတမ်းတချင်လည်း
အတိတ်ရိပ်ဝေ
လွမ်းစချွေ.............

တူပျော်ဖူးတာပဲ
မိုးသည်းထဲမှာ
လွမ်းယင်းတမ်းယင်း
အင်းလျားစောင်းမှာ
ထီးမဆောင်းပဲ
တူလျှောက်ဖြစ်တဲ့
နေ့တွေများစွာ
တိုးတိတ်ရင်ခုန်
နွမ်းလျယုံသာ
ပုံကာချစ်လို့
တစ်ခါတည်းသာ
ခိုးနမ်းဖူးတဲ့အနမ်း
လွမ်းစရာ့
ဘယ်ပါးပြင်လေး
လွမ်းမိနေသေးလား
ထင်မှတ်မှားဆဲ..............

တချိန်က
မိုးရေထဲမှာ
လက်ချင်းကိုင်ဆုပ်
နွမ်းလျရုပ်နဲ့
ကဲ..သည်မှာပဲ
ခွဲကြစို့လို့
တုန်ရီစွာနဲ့
ပြောဖြစ်ကြတဲ့
နေ့က.... မနေ့ကလား
ထင်မှတ်မှားဆဲ
အလွမ်းထဲမှာ
အလွမ်းသည်းစွာ
ဖြတ်သန်းပုံရိပ်
အတိတ်ဝေဒနာ
တွေဝေစွာနဲ့
မငိုယုံကျန်ရစ်...........

တစ်ကယ်ဆို
မိုးရေတွေနစ်
ငိုဖြစ်သလား
ကျွမ်းသက်ထားရေ
မယုံချင်ပါ
ကျန်ရစ်အတိတ်
အရိပ်ဖြစ်ပါ
စေတနာစကား
ငိုစေသလားကွယ်
မငိုချင်ပါ
ရင်နာလှပေါ့
ပြောဖြစ်ပေမယ့်
အလွမ်းသည်းကာ
လွမ်းထဲမှာပဲ
တဝဲလည်လည်ပါ
ရပ်ပါတော့ကွယ်
ခြောက်လှန့်နေတဲ့
မိုးပုံပြင်ရယ်.............

မပြောသာတော့
လွမ်းခဲ့တဲ့နှစ်တွေ
ကျွမ်းရစ်ရသူ
မောင့်ရင်ပူစေ
ကျိန်ဆိုခဲ့သလား
မောင့်သက်ထားရယ်
ချစ်တတ်သူက
ငိုရမြဲလား...........
သည်းသည်းလှုပ်ခတ်
ရင်နင့်စေတဲ့
ဇတ်မဟာမှာတောင်
ကိန္နရာချောင်းခြားလို့ငိုတာ
တစ်ကယ်တွက်ယင်
ရက်ခုနစ်ရာဆိုတာ
နှစ်နှစ်တည်းလေ...........
တစ်ကယ်တွက်စစ်ယင်
မောင်တို့ချစ်ခဲ့
ခုဆိုနှစ်နှစ်ဆယ်
ကိန္နရီ ကိန္နရာထက်မသာတောင်
မောင်ငိုနေတာ
ကြည့်ရက်သလား
ချစ်ဦးသူသက်ထား
အခက်များပင်ပွေချင်
မျက်ရည်ကိုပင်
မိုးရေနဲ့မျှောပစ်နေခဲ့
နှစ်ပေါင်းနှစ်ဆယ်ဆိုတဲ့
ကာလတစ်ကြောမှာ................

တည်ငြိမ်ချင်ပါပြီ
ချစ်ဦးသူသက်ထား
မောင့်ကိုထားခဲ့
အလွမ်းရက်များ
မိုးရေကြားမှာ
ပုံပြင်မဖြစ်တောင်မှ
ယုံချင်ချင်
ငိုချင်နေရက်
မိုးစက် လက်တို့လို့
မောင်ငိုဖြစ်သည်
နှစ်ဦးစရွာတဲ့
ခပ်ဖွဲဖွဲမိုးထဲဆီ
တမ်းတရုပ်မပီတပီ
နွမ်းလျရုပ်ကသီကရီနဲ့
မျက်ရည်များကို
မိုးဖွဲထဲမှာမျှောလိုက်ပြီ..........။     ။