နှင်းစက်ရေ
မင်းထွက်သွားတဲ့နေ့က
ငြင်းရက်ခဲ့လို့ထားရစ်ခဲ့လား
အတွေးများစွာ
ခြေရာထင်ရစ်
ရင်ခွင်သစ်ကို
ပြောင်းတယ်လို့ကို
မထင်သာရက်ခဲ့
အနေခက်တဲ့
နေ့ညတွေများ
ဖြေခက်သားလေ.........
အင်းလျားရင်ခွင်
ခိုလှုံချင်လည်း
ခုတော့ဝေးပြီ
ဆောင်းသည်ကုန်ခဲ့
နှင်းစက်နဲ့လေ
ခွဲခွာချိန်လေး
နေရခက်ခဲ
ဝေဒနာပဲလား
ရင်ဆိုင်ရမယ့်နွေဟာ
သောကအပူမီးစ........
ပူတယ်လားလေ
ရင်ကျွမ်းသည်းအူ
ပြတ်လုမတတ်
ခံစားရတမ်း
ငိုကြတမ်းဆို
ချစ်ရသူက
ငိုရမြဲလေ
နှင်းတစ္ဆေ...........
တွယ်ရာမဲ့ပါကွယ်
နွယ်စရာနှောင်ကြိုး
တင်းကာတိုးချင်
မင်းရင်ခွင်သာ
တမ်းတငတ်မွတ်
လွမ်းသည်ဟုဆို
ငိုယိုကာပင်
သောကထင်သည်
တွယ်နှောင်ရစ်တော့
မခက်လား..........
ပြောပြစရာ
သောကဖြစ်စေတဲ့အချစ်
ဒေါသသင့်နေမယ့်အဖြစ်
မောင့်ရင်မှာတော့
လောင်မြိုက်ကျွမ်းသည်
နာရီတွေစပြီလားဆို
ပြောဆိုကာဖြေမဆည်သာ
မောငိုကာမကြည်လင်ပါ
နှုတ်မဆက်ပဲ
ရုတ်တရက်ခွဲထွက်သွားတဲ့
နှင်းစက်ရဲ့ည
တစ်ဘ၀ပဲ
အလွဲလွဲအချော်ချော်
သံယောဇဉ်မှတ်တမ်း
ရင်ခွင်နန်းမှာ
အမြဲစိုးစံစားနေရာယူ
အသေချာရယ်ပူစေပေါ့
ဝေဒနာရယ်နင်ယူတော့လို့
မပြောခဲ့ယင်တောင်
ပြောသယောင်အလား
ကြင်နာများစွာနဲ့
ရင်နာစရာရက်များ...........။ ။
3 comments:
ကိုမောင်ရေ...
ကဗျာလေးကို ခံစားရင်း.သက်ပြင်းချမိသွားတယ်...။
ပျော်ရွှင်ပါစေဗျာ...။
ခင်မင်တဲ့
ဏီလင်းညို
ဥဥရေ...လွမ်းတုန်းဘဲလား..း(
ကိုဏီရေ ဒီလိုပါပဲ
ကဗျာရေးရတာ
ရင်မောစေယင်ခွင့်လွှတ်ပါ
ကူကူးရေ
လွမ်းတုန်း
လွမ်းဆဲ
လွမ်းမြဲမို့
နေဖို့မြေယာ
မရှိပါလေ............
Post a Comment