Thursday, February 18, 2010

ညနေခင်းအလွဲများ

ခွန်းဆင့်သံချို
ပိုကာနှောလို့
မှား၍ခေါ်သော
ထိုထိုဖုန်း
အလို....
ဟဲလို...ကိုကိုတဲ့ ဆိုပါလား......

မူနွဲ့သံပို
ဆိုလှာနှုတ်ခွန်း
နွဲ့နွဲ့ခရာ
သံချိုလေးနှင့်
ပြောကာဆိုကာ
မှားလာသော
ထိုထိုဖုန်း.....

ဟဲလို....ကိုကြီး
ဒီနေ့ ဘာကောင်းလဲလို့
ညနေပိုင်းမှာ
ချိုသံသာနှင့်
ဆိုလာသောဖုန်း

ထိုထိုဖုန်းများ
ခဏခဏမှား၍လာသည်
ကွန်ရက်တွေများ
ပျက်ပြီလားလို့
အတွေးမှာထင်မြင်........

တစ်ကယ့်တစ်ကယ်
အလုပ်အတွက်
ဆားဗစ်နဲ့ဝယ်သူတွေ
ခါခါဆက်ပေမယ့်
မရနိုင်တဲ့ဒီဖုန်း
ဆက်သွယ်မှုဧရိယာပြင်ပလို့
ပြောလိုပြော
စက်ပိတ်ထားတယ်လို့ဆိုလိုဆို
မအားသေးပါပြောလိုပြော
လူချင်းတွေ့မှသိရတယ်
ခက်ပြီနော်သည်မောင်မှာ
အလုပ်များတဲ့ကြားက
တစ်ကယ်ရူးလိမ့်မယ်ပ
ဖုန်းဆက်ချင်ယင်
နံပါတ်တစ်ကယ်သေချာမှ
ဆက်ကြပါဗျို့................။



 :o နေ့တနေ့၏ညနေခင်းအလွဲများကိုရည်ညွှန်းပါသည် :o

3 comments:

စန္ဒကူး said...

ဥဥကလေ.. ကိုကိုလားဆိုတာနဲ့ရင်ခုန်နေတာ ဘဲ... ဖုန်းမှားတိုင်းရင်မခုန်နဲ့အုံး...
ဖုန်းလိုင်းတွေကကောင်းတာမဟုတ်

~ဏီလင်းညို~ said...

ကိုမောင်ရေ...
ဟုတ်ပဗျာ...။
ဒီမှာလည်း...နံပါတ်မှားနှိပ်ပြီး... ကျွန်တော့်ဆီကိုဝင်ဝင်လာတတ်တယ်...ပြီးတော့ မလေးစကားတွေနဲ့ ပြောရောလေ....။
ကဗျာလေးဖတ်ရင်း...ပြုံးမိနေတယ်ဗျ....း)
ခင်မင်တဲ့
ဏီလင်းညို

ချစ်သူမောင် said...

ဟားဟား အဲဒီနေ့တစ်ညနေလုံးလွဲနေခဲ့တယ်ဗျာ
ညဖက်အဲမနက် ၂နာရီကျော်မှာအစ်မအခေါ်ခံရသေးဗျ
ခေါ်တဲ့သူကမသိတဲ့သူမဟုတ်ပဲသေချာသိနေတဲ့
ပင့်(ခ)ဂိုလ်းဆိုယင်.........:)
တစ်ကယ်လွဲတဲ့နေ့လို့ပဲပြောရမှာနဲ့တူပါတယ်
အဲတာနဲ့စိတ်ညစ်ပြီးအိပ်ကရောဗျို့