Friday, February 26, 2010

လွန်မြောက်သွားစေသော....အတွေး၏ပုံရိပ်

ဘာပဲဖြစ်ဖြစ်လေ
အမှတ်တရပါလို့ပြောချင်ပြော
အလွမ်းဓါတ်ခံရှိလို့ဆိုချင်ဆို
ဒီနေ့မနက်က ညီမလေးဆီ
ကိုယ်ရောက်ဖြစ်တယ်..........

တစ်ကယ်တော့.....
သူဆုံးခဲ့တာလို့ပြောမလား
ကိုယ့်ကိုထာဝရခွဲသွားတာလို့ဆိုမလား
ဒီနေ့မနက်ပိုင်းဆိုယင်
ခြောက်နှစ်တင်းတင်းပြည့်ပေါ့............

ညီမလေးရေ
ကိုကို ကတော့ မိသားစုနဲ့
ပြည့်စုံနေချိန်မှာ
ညီမ တစ်ယောက်တည်း
အထီးကျန်နေမလား
ကိုကိုထင်တယ် ဒီနေ့မနက်မှာ
 ညီမလေးကို
ချစ်ပါတယ်ဆိုတဲ့
ညီမရဲ့
အစ်ကိုတွေလည်း....မလာတော့
ခါတိုင်းဆို ကိုကို တွေ့တွေ့နေတယ်
သူတို့က ကိုကို့ကိုမတွေ့ချင်ပါဘူးလို့ ပြောထားလို့
ကိုကို ရှောင်ခဲ့ရတယ်
အဲ.... ဒီနှစ် သူတို့လဲမလာ
ကိုကို သာညီမ နားရှိခဲ့
အလွမ်းတွေ တင်းကြမ်း ပြည့်လို့
ငိုင်တွေစွာနဲ့ ကိုကိုရောက်ခဲ့
ညီမလေး ရဲ့ ဓါတ်ပုံတောင်
နေစားလွန်းလို့
ညှိုး မှိန်နေ ပြီ
ကဲပါ... ကိုကို
အသစ် ပြန်ပြီး အစားထိုးပေးပါ့မယ်...........

ညီမ ကြိုက်တဲ့ နှင်းဆီ အ၀ါ
ဒီနေ့ ကိုကို ၀ယ်မရခဲ့
သောကတွေနဲ့ဝေဒနာလမ်းမှာ
 မောလျစွာနေယင်း
တမ်းတတာမဟုတ်ပေမယ့်
နွမ်းလျစွာအိမ်ပြန်ခဲ့တဲ့ရုပ်
ကိုယ့်ကိုယ်မသိခဲ့
တွေဝေဆဲ ပါကွယ်................

တစ်ကယ်တော့ ......
မတမ်းတချင်တာမဟုတ်
ကိုကို့ ရဲ့ သံယောဇဉ် ဆိုတဲ့
နှောင်ကြိုးတမျှင် ကြောင့်
ညီမသွားလမ်း မဖြောင့်တန်းဘူးလို့ထင်ခဲ့
ခွဲခဲ့ ရသည် နှစ်လရှည်ကြာ
လူသေသော်ငြား
အချစ်တွေမသေခဲ့
အပြစ်ဖွဲ့ခဲ့သူတွေတောင်မှ
ကိုယ်တို့အကြောင်း
မေ့ကုန်ကြပြီပဲ
ကဲညီမရယ်.....
တမလွန်ဘုံမှာ
ပျော်ရွှင်စွာမှေးစက်
နေရက်ခဲ့တော့...
တစ်ခုတော့တောင်းဆိုပါရစေလေ
ညီမရေ.....
တစ်ကယ်လို့သာ
လူဝင်စားဖြစ်ခွင့်ရှိခဲ့ယင်
ကိုကို့ မိသားစုဝင်ဖြစ်ဖြစ်
လာဖြစ်လှည့်ပါကွာလို့
တမ်းတဖြစ်နေပေမယ့်
နွမ်းညစ်စွာနေရစ်မပျော်ဖြစ်ခဲ့......

နောက်ဘ၀တစ်ခုသာ
ညီမလေးရခဲ့မယ်ဆိုယင်လေ
သံသရာရေမြေဆုံးစေ တော့
ဆုံဖြစ်အောင်ဆုံကြဖို့
ကိုကိုလေ...အမြဲကမ်းလင့်
ကြိုနေချင် .......
ကိုကို့မနော အစဉ်ရယ်က
တီးတိုးပြောကာတောင်းဆုချွေ.........။ ။

3 comments:

~ဏီလင်းညို~ said...

ကိုမောင်ရေ...
တစ်ကယ်ချစ်တတ်ခဲ့သူတွေအတွက် အချစ်ဆိုတဲ့အရာက မှိန်ဖျော့ပျောက်ကွယ်မသွားနိုင်ဘူးဆိုတာ ဟုတ်တယ်ဗျာ...။
ကဗျာလေးကို ခံစားသွားတယ်....။
ခင်မင်တဲ့
ဏီလင်းညို

ပပစိုး said...

သငယ်ချင်းရေ
ဘာပြောလိုပြောရမှန်းတောင်မသိဘူး တော်တော့်ကိုခံစားချက်နဲ့ရေးလိုက်တဲ့အတွက် ဖတ်လိုက်ရတဲ့သူလဲ တကယ်ခံစားလိုက်ရတယ်ဟာ

ချစ်သူမောင် said...

ကိုဏီ ကျေးဇူးပါခင်ဗျာ

ကွန်မန့်တွေသိပ်မရေးတတ်တဲ့ နာ့သူငယ်ချင်းပပစိုး@ပန်းပွင့်ရေ ကွန်မန့်နဲ့အားပေးတဲ့အတွက်ကျေးဇူး