Tuesday, June 7, 2016

တမ်းတမိသော.....






လွမ်းတယ်.....
ဆိုတဲ့စကားလုံး
အခါခါသုံးပြီး
ကိုယ့်ကိုယ်နှိပ်စက်ခြင်းတွေ
ဝေးအောင်ရှောင်နေလည်း
ကြုံရ ဆုံရ
ဤ ဘဝဝယ်
အလွမ်းအဆွေး
တေးချင်းညည်းဆို
ငိုနေမယ့်ရက်တွေ
အခက်ပွေနေ့ညတွေ
ရတက်ပွေမေ့မရလေတော့
ဪ..... ချစ်ရယ်
အလွမ်းသာ....ကျန်ခဲ့.....

တမ်းတရတဲ့
နေ့ရက်များအဆုံးမှာ
ပြုံးရယ်နိုင်မှာလား
ရုန်းဖယ်ကာမထားနိုင်
အားပြိုင်ချစ်ခြင်းတွေ
မမှားနိုင်အပြစ်ကင်းပေမယ့်
တမ်းတမိတဲ့
တရှိုက်မက်မက်အနမ်း
ဖွဖွရှိုက်တဲ့ နဖူးပြင်
ရင်ကိုမှီနွဲ့စကားဆိုဟန်
အဖန်ဖန်မြင်ယောင်တွေး
မိုးရွာလျှင်အားငယ်တတ်သူ
ချစ်သူအတွက်မောင့်ရင်ခွင်
တမ်းတခြင်းတွေနဲ့
ငိုနေမယ်ကွယ်........

သခင်
အဝေးသွားတော့
တမ်းတပိုကဲ
နှလုံးအိမ်ထဲမှာ
သူမှသူပဲ ပိုင်စိုး
အစဉ် အနားရှိစေချင်
တမ်းတရတဲ့ရင်ခွင်
သခင်သိလေမလား
ခံစားချက်အချို့တလေတွေ
ထပ်တူကျခဲ့သလား
သခင်လွမ်းလျှင်
အလွမ်းပင်လယ်
ရင်မှာဝေတယ်
ကြွေတဲ့မိုးစက်တွေနဲ့အတူ.....

Tuesday, May 31, 2016

ရင်ခွင်အတု အိပ်မက်အစစ်















ဘာပြောရမလဲကွယ်
ခဏခဏ
ပျက်ပြယ်တတ်တဲ့
အိပ်မက်တွေအကြောင်း
တဖွဲ့တနွဲ့ဆိုပြန်ယင်လည်း
လွန်တယ်ထင်မယ်......

တစ်ကယ်ကျတော့
အိပ်မက်တွေ
ခဏခဏပြယ်တာ
လက်တွေ့ဘဝမှာ
အကြောင်းတရား
တခုမဟုတ် တခုကိုရှိတယ်......

တိုက်ဆိုင်ခြင်းတွေများလာတော့
အဲတာဟာ
သာမာန်တိုက်ဆိုင်ခြင်းလား
တစုံတဦးက
ရည်ရွယ်ချက်နဲ့
လွင့်ပြယ်စေသလား
ထင်မှတ်မားဆဲတွေဝေ
မနေသာနေ့ရက်တွေမှာ
အဖြေရှာတွေ့ပေမယ့်
ဟုတ်လေနိုးနိုး
ထင်ယောင်မှား...........

မနေသာတဲ့နေ့ရက်တွေ
မဖြေသာတဲ့နေ့ရက်တွေ
ရင်ခွင်ကိုတိုက်စား
ခြွေယူပါများလာတော့
ရင်ကခပ်ပါးပါး
သောကဟာအလကားဆိုပြီး
နေသားတောင်ကျလာတယ်..........

မပျော်ချင်လဲနေတတ်
မရယ်မပြုံးတဲ့သက်ရှိအရုပ်ဟာ
အတ္တတောင်မဲ့ပြီလား
တွေဝေမှတ်မှား
တစ်ကယ်ဆို
ဘာမှ အမြဲမရှိတဲ့
လောကဓံဟာလည်း
ခပ် ပါးပါးပုတ်လို့
မရယ်တတ်တဲ့မျက်ဝန်းတစ်စုံရယ်
ပျော်စရာမဲ့ရင်ခွင်တခု
အတုများလား...........


Tuesday, May 17, 2016

သံသယ


ရင်ခွင်မှာတိမ်းမူ
တွယ်ငြိလို့ရူးရသမျှ
ခုဘဝမှာပြေရာပြေကြောင်း
ကြေပါစေ၊

တွေးလို့မရ
ခက်ခဲတဲ့ဘဝတွေ
ငိုချင်လျက်
လက်တို့ခက်တဲ့အဖြစ်
မငိုချင်လည်း
ခက်လို့မရတဲ့အဖြစ်တွေ၊

တွေဝေတိမ်းမူး
ရူးခဲ့သမျှ
ဒီဘဝ ဒီမှာ
ကြေပါစေ၊

ဝဋ်ကြွေးဆပ်တယ်
စိတ်မှာထား
သိက္ခာတရားတွေ
စိတ်မှာအမှားမပွေချင်
မထိတ်သာစကားတွေ
မစေချင်ပါ၊

ဘဝရဲ့သောက
ဘယ်တော့မှပြီးမလဲ
အတွေးတွေအထပ်ထပ်ပွေ
အမေးတွေလည်း
တရစပ်ဝေ....... ။     ။

Monday, May 16, 2016

လွမ်း၍ကြွေသော....


မျက်နှာမွန်ဦး
မော်ဖူးချင်လည်း
ဆုံဖြစ်ခဲသည့်
နေ့ရက်များတွင်
တမ်းတခြင်းသည်
အဆုံးစမရှိတဲ့
ကောင်းကင်ပြင်.......

နှစ်ကိုယ်တူကြည်ဖြူ
ချစ်ရည်လူးညများ
တမ်းတခြင်းသာ
အစားတိုးဝင်
နေရာယူစဉ်
ရင်မှာလွမ်းလျှက်
လောင်မြိုက်ခြင်း.....

တမ်းတတဲ့အခါ
လွမ်းရတဲ့အခါ
နွမ်းလျတာလည်း
အကြိမ်ကြိမ်
ကြယ်တွေနဲ့အတူ
စကြဝဋာအပြင်ဖက်
ပြေးထွက်သွားယင်း
စိတ်အစဉ်
ထိတ်လို့သာငိုချင်
ငိုချင်လျှက်ပင်
တရှိုက်မက်မက်
တမ်းတခက်တဲ့
နွေလယ်ည
ဝေဒနာများ........

ခဏဝေးလျှင်
ရင်ကအပူ
သောကဆူကာ
မဟာစကြဝဋာကို
တိုင်တည်ကာလှုပ်ကိုင်
တီးတိုးစကားဆိုယင်း
တမ်းတရေရွတ်ခြင်းမှ
တိုင်တည်သစ္စာ
နှောင်တွယ်မေတ္တာသည်
စက္ကန့်မလပ်ပင်
သူ..သူ..သူ...သာလျှင်
အစဉ်စိုးမိုး
အတွေးတိုင်းတခဏ
အသွေးသားက
တမ်းတခြင်း......

တကယ်ပါဆို
မောင်တို့တွေလေ
ခဏများဝေးယင်
ကြယ်အစင်းစင်း
ကြွေမယ်ထင်.......။


Thursday, May 5, 2016

နွယ်ရာတိမ်းလို့သူစိမ်းမှမဟုတ်ပဲ




ဒီတစ်ညတော့
ငိုခွင့်ပြုပါ
မောင့်ချစ်သူရယ်
တွယ်တာတမ်းတ
လွမ်းရတဲ့ခါ
ရင်ခွင်မှာလေ
ငိုချင်လျက်လက်တို့
ထိန်းမရလို့ပါကွယ်.......

ရာသီတွေအခါခါပြောင်း
မဟောင်းနိုင်တဲ့အချစ်
အမြဲအသစ်ပါကွယ်
ခဏတာလေး
အဝေးသွားယင်
တမ်းတမျှော်မော
လွမ်းရသောရင်က
သောကထုတည်
မထင်သာပြီ
မျှော်ကာငေးမော
တမ်းတသည်..........

ထိန်းမရတဲ့အလွမ်း
အနမ်းမသင့်ပြီပဲ
ကျွမ်းရင့်လို့နေ
ရင်မှာကြွေ
ဖြေဆည်ရာနေရာ
နတ္ထိ ပစ္စက္ခ
ကျွမ်းလောင်မောလျ
စိတ္တဇလေ
ခါခါခိုဝင်
ရင်ခွင်ကအပူမီး
ဘယ်လိုသူသိလေမလဲကွယ်
လည်သလိုနေကြည့်ခဲ့လေလည်း
ဖယ်ခွာတိမ်းလို့သူစိမ်းမှမဟုတ်ပဲ.........
တွယ်ရာယိမ်းလို့ လူပြိန်းမှမဟုတ်ပဲ
နွယ်ရာလွမ်းလို့
ချစ်ဦးမောင့်ချစ်သည်း........

Wednesday, May 4, 2016

ဘင်္ဂလားအော်ကိုဗဟိုပြု၍




လွမ်းတယ်ချစ်ရယ်
နေမရအောင်
နှောင်တွယ်ကျွမ်းရစ်
သိပ်ချစ်သတဲ့
ရင်ကအပူ
ဘယ်သူသိ
ဘယ်သူမြင်
ရင်တခွင်ကျွမ်းလုလု.....

တမ်းတတယ်ချစ်
လွမ်းနှောင်ရစ်ပေါ့
စူးစူးနစ်ရင်ထဲ
နွေလယ်ပဲ ကျွမ်းလုအောင်
နေမြဲဝေဒနာလေ
တွေဝေဆဲခြေရာတွေ အထပ်ထပ်
နေမတတ်ပါပြီ..........

နွမ်းလို့သာမှိုင်လျော့
နှစ်ကိုယ်တူယှဉ်
လျှောက်ခဲ့ဖူးလမ်း
သတိရနေ
တမ်းတထွေကာ
ဝေဒနာဖြစ်
နှလုံးသားမှာ
မျက်ရည်မြစ်လေ
နှောင်နှောင်တွယ်တွယ်
တမ်းတမ်းတ.......

ဘင်္ဂလားပင်လယ်အော်
ကပ္ပလီပင်လယ်ကွေ့
မေတွေ့သလား
အလွမ်းခြေရာ
မဖြေသာပြီ
လှိုင်းနှင့်အတူ
သခင်ရှိရာကမ်းစပ်
ဘယ်နားကသဲသောင်
ဘယ်နားကကျောက်ဆောင်
မခွဲခြားပါ
သခင်နေရာအရပ်
တမင်ဖွေရှာကာ ဆက်စပ်လို့
လွမ်းနှင့်လေဦးမည်....... ။


Saturday, April 30, 2016

လွမ်းလို့သာနေ......



လွမ်းတယ်ချစ်ရယ်

တနယ်တရွာ
အဝေးသွားယင်
လွမ်းလိုမဖြေသာ
တမ်းတလို့နေပါသည်......

လွမ်းသည်သခင်
ခဏတာခွဲရတဲ့ခိုက်
လွမ်းရက်တွေက
စက္ကန့်တိုင်းဟာကြာခဲ့
တွယ်တာတပ်ငြိခဲ့သော
သံယောဇဉ်ကြိုးစများ
မရုန်းဖယ်သာ
ရင်မှာမြိုသိပ်သော
သောကဝေဒနာတို့
ရင်ခွင်ကိုသာ
လောင်မြိုက်သွားယင်း
နွေ အပူကို အံတုခဲ့........

တမ်းတသည်ခင်
ပျော်ရွှင်စွာ
နှစ်ကိုယ်ယှဉ်ခဲ့သော
အရပ်သည်
အထီးကျန်ဆန်
မြင်ရာနေရာတကာ
အလွမ်းသာလျှင်
စိုးမိုးကာသာ
မပျော်ပိုက်လည်း
အလွမ်းထွေးပွေ့
ဝေဒနာနေ့တွေ
နှုတ်ခွန်းဆက်ကာ
မပျော်သောရင်က
တမ်းတမ်းတ.......

နွမ်းလျရက်တွေ
မြို့ပြညနေခင်း
လောင်မြိုက်သွားယင်း
ရင်ကအပူ
သောကဆူခဲ့
နွေလည်နေ့ခင်း
တမ်းတယင်းပင်
အသက်ပင်ကြွေလု
အခက်တွေပွေ
နေလည်းမပျော်
ဗျာပါဒညနေခင်း
ရေခပ်ဆင်းချိန်လား
ပကာသနညနေခင်းရဲ့
ရုံးဆင်းအိမ်ပြန်ချိန်လား
မကွဲပြားပါလေ..........



Thursday, May 7, 2015

မိုးစက်ပုံပြင်


တိမ်ညိုလေးတွေ
မြေကိုသက်ဆင်း
ခနှင်းရောက်စဉ်
ရွာချင်တယ်ဆို
ပြိုချင်လျက်နဲ့
မပြိုခင်အကြောင်းကြားကာ
မှာတမ်းချွေဖွင့်ဟဆိုဦး........

မိုးရေမှုန်တွေ
မြေမှာခလို့
အစုဝေးဖွဲ့ကာ
ရေအိုင်ငယ်ဖြစ်တော့
ရာသီရယ်အေးမြစေဦး.....

အလွမ်းရာသီရယ်
ရင်မှာခိုက်လို့
ပိုက်ပိုက်ထွေးထွေး
ထွေးပွေ့ပါရစေဦး......

နှစ်ကိုယ်အတူ
ယှဉ်ကာလျှောက်တဲ့
စြင်္ကန်လမ်းလေးထက်မှာ
ထွေးပွေ့လိုအနမ်းခြွေ
ရွှေလည်တိုင်မော့လို့ထားဦး
နဖူးဆံစမွှေးမြချင်လို့........

တမ်းတသူ
တွယ်ရာမဲ့ပေါ့
ရင်ခွင်ကိုအလွမ်းတိုးဝှေ့စဉ်
တိုင်တည်စရာနေရာမဲ့ပေါ့
တစ်ကိုယ်တည်းလွမ်းတေးညည်းစဉ်
ပျော်ရွှင်ရာနေရာရှာခဲ့ဖို့
ကူလှည့်ခဲ့ဦး......


Tuesday, May 5, 2015

တိမ်တွေညိုပြိုတော့မယ့်အရပ်ဆီ


နွေနှောင်းရာသီ
အပူဒါဏ်မခံစားနိုင်တော့
မှိုင်းလို့မှုန်ဝေ
မိုးရာသီကို
တမ်းတမ်းတ....

ရွာမယ့်ဟန်ပြင်လဲလေပေါ့
အပူမစဲနိုင်ဘူး
ဆူဆဲ လေပူထဲမှာလ
မှိုင်းလို့သာမှုန်ဝေ
ဟန်ရေးအခါခါကြွယ်လေပေါ့
မိုရေမှုန်ကျ
ဝဿန်လကို
မျှော်မှန်းတမ်းတ
မိလေသော...........

ပူချက်ကယ်ကမ်းကုန်
ငရဲပြည်ရောက်လုလုမှတ်တယ်
ရွာမယ့်ဟန်ပြင်တော့
တိမ်တွေညိုကာလေ
ပြိုတော့မယ့်အရပ်ဆီ
အပြေးသော့နှင်
ရွာဟန်ပြင်သူ
မိုးမင်းသမီး
လာမယ့်အရပ်ဆီ
အကြိုထောက်
အရောက်လာကာ
တမ်းတ တတ
မျှော်မိလေကြောင်း............

တိမ်ပလီနွေနှောင်း
ဝဿန်ကူးလု
ဥတုသည်လေ
အပူခိုးဝေ
နွေနေ့တွေမတွေ့ချင်တော့
ရာသီအပြောင်း
မျှော်မိလေကြောင်း
နှုတ်ဖျားမှပင်
ဖွင့်ဟကာလျှင်
တမ်းငြီးမိ..........


Sunday, May 3, 2015

တစ်ကယ်ဆိုယင်

တစ်ကယ်တော့
တွယ်တာတပ်မက်ခြင်း
အနှစ်
အပြစ်မဖြစ်သ၍
နေသာပါတယ်
တွယ်တာယုံပဲ
ဆိုယင်......
မြင်နေယင်ကျေနပ်
ဝမ်းသာယင်လိုက်ပျော်
စိတ်ညစ်ယင်
အားပေး
အလွမ်းအဆွေး
မတွေးကြေးဆို
နေသာပါတယ်
ပျော်ပါတယ်လေ........
မတွေ့ယင်လွမ်း
တွေ့တော့ကျွမ်းလောင်
အလွမ်းနှောင်ဖွဲ့
ချစ်သူသက်ထား
အတွေးများမှာ
မတွေ့ရမမြင်ရယင်
မျက်နှာမွန်ဦး
တွေ့ချင်မိ..........
ချိုသာစကား
နှုတ်ဖျားကနေ
ကြားရယင်ဖြင့်
အတိုင်းမသိ
ပျော်နေမိတယ်
တွယ်တာနှောင်
ရစ်ပတ်မိသူရင်ထဲ
အတွေးမှာအစဉ်ရှိ
မတွေးလည်း
အမြဲရှိတယ်.............
တစ်ကယ်သာဆို
တွယ်တာမိခြင်းဝေဒနာ
အသံကြားယုံ
မြင်ရယုံမျှ
ပြည့်စုံပါတယ်
ချစ်သည်းငယ်ရယ်......


Friday, April 24, 2015

ညီမလေးအလွမ်း

အေးစက်လွန်းလှတဲ့
ရိုးမရဲ့ဆောင်းကို
ခံစား ယင်း
အမှတ်တရ
အတွေးတွေ
ရင်ကိုရိုက်ခတ်
ပညတ်နဲ့ပရမတ္တသဘော
စောကြောကာနေယင်း
တချိန်က
ညီမလေး နဲ့
ချစ်ကြင်ခဲ့စဉ်ကဆောင်းရဲ့
အ ငွေ့သက်တို့
ရင်ခွင်မှာခိုဝင်လာခဲ့
မမေ့ သေး ဘူး
ညီမ လေး ရေ
ညည်းကိုလွမ်းလို့
ပင့်သက် ဝေ
တမ်းတတာထက်
လွမ်းတယ်ပဲဆို
ညီမလေးနဲ့
မနီးခင်က
အထီးကျန်တဲ့
ဆောင်းရဲ့အ တွေး
အလွမ်းတွေနဲ့
ဟိုအဝေးမှာ
တပြည်တရွာ
ဖော်ကွာဝေးညည်းချင်းဆိုသည်လား
မပျော်ပါအတွေး တွေးယင်းငိုသည်လား
အတွေးမှာချာလည်
ခုတော့ညီမ
ဘယ်ဘဝများ
ရောက်သည်လည်း
လေလွင့်လိပ်ပြာ
တမ်းချင်းငိုယင်းဆိုသည်
ရင်မှာပူကြွ
သောကထုစိုင်
ငေးယင်းငိုင်ယင်း
အလွမ်းရွာတည်။


ရွှေမင်းသမီးနဲ့ဝေးတဲ့ညနေ



မြေနိမ့်ပြီဆို
လှံကအလိုလို
ပါလာမြဲလေ
ရွှေမင်းသမီးလေးရေ
ကိုယ်ချင်းလည်းစာ
နားလည်သနား
ရင်ထဲမှာလေ
မင်းတွက်အပူ
သောကထူ......

ရွှေမင်းသမီးလေးလို
လောကအလယ်
ကျင်လည်သွားစဉ်
အရာရာသတိ
အစဉ်ရှိစေ
တကယ်ဆိုယင်
ကိုယ့်ရဲ့ရင်က
တွယ်တာချစ်ခြင်း
အပြစ်ကင်းစေ
မရွယ်ရည်စူး
တွယ်တာခြင်းသက်သက်
တပ်မက်ခြင်းမပါ
မင်းအတွက်သာလေ
နုနုညံသက်တဲ့
မင်းမျက်ဝန်းအစုံ
ကိုယ်မြင်သာယုံရယ်ပါ.......

နူရာ ဝဲစွဲ
တတ်သတဲ့လေ
လဲရာသူခိုး
နှိပ်စက်လိမ့်မည်
ကိုယ်တိုင်ဆင်ခြင်
သတိရှိလေ
မြေနိမ့်နေတဲ့ကြားထဲ
လှံလာစိုက်မယ့်သူတွေ
နူနေတဲ့ကြား
ဝဲမကူးစေနဲ့ပေါ့
လဲမယ်ဆိုလည်း
သူခိုးမထောင်းတဲ့
နေရာရှာလဲပါလေ
ဘဝဆိုတာ
ရေကန်သာမဟုတ်သလို
ကြာတိုင်းလဲ
မွှေးမြနိုင်မယ်မထင်ဘူးလေ။   ။


Thursday, April 23, 2015

ပင်လယ်ရှိုက်သံရပ်တံ့သွားတဲ့ည



ညက
ပင်လယ်ရှိုက်သံတွေ
တိတ်ဆိတ်ငြိမ်သက်
လှိုင်းပုတ်သံသဲ့သဲ့
ရပ်နား

ညက
ယပ်တောင်တွေမကယ်
ပူလောင်ခြင်းလှိုင်းတွေ
အထပ်ထပ်
ရစ်ပတ်

ညက
တိုးတိတ်တိတ်ရှိုက်သံ
ပင့်သက်ချ
မောပန်းနွမ်းလျ
အချစ်နှုတ်ဖျားက
ပန်းဖူးပွင့်တဲ့
နွေညတစ်ည

ညက
သောင်ပြင်တွေ
တိတ်ဆိတ်
လေမထန်
လှိုင်းမတိုး
အနမ်းမိုးတွေ
နွေအလယ်မှာ
ရွာပစ်ခဲ့

ညက
ပူလောင်အိုက်စပ်
ညက
ရင်ခုန်ကြည်နူးကျေနပ်
ညက
ပင့်သက်ရှိုက်
ညက
အနမ်းနုနု
ညက
ချွေးသံရွှဲရွှဲ
ညက
..........
ညက
..........
ညက
.............
ညက
ပင်ပန်လွန်းပေမယ့်
ညက
ပူအိုက်လွန်းပေမယ့်
ညက
ပျော်ပါတယ်....။     ။


Saturday, April 11, 2015

နှစ်သစ်ဆုတောင်း

နှစ်သစ်မှာမိတ်ဆွေအပေါင်း
ကျန်းမာချမ်းသာကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ပါသည်
ရွှင်လန်းချမ်းမြေ့ကြပါစေ








Monday, April 6, 2015

တကျော့ပြန် mobile blogging

နှစ်သစ်အကြိုဆုတောင်းနဲ့အတူ ကွန်ပြူတာမဖွင့်ပဲ အလွယ်တကူ ကျနော့ရဲ့ဖုန်းလေးကနေ ဘလော့ပြန်ရေးပါတော့မယ်ခင်ဗျာ
ဘလော့ဂါမောင်နှမအပေါင်းကျန်းမာချမ်းသာလန်းဖြာစေကြောင်းဆုမွန်တောင်းယင်း
ပျော်ရွှင်ဖွယ်ရာနှစ်သစ်ကို ကြိုဆိုကြပါစို့လို့