Wednesday, May 4, 2016

ဘင်္ဂလား​အော်​ကိုဗဟိုပြု၍





လွမ်းတယ်​ချစ်​ရယ်
နေမရ​အောင်
နှောင်​တွယ်​ကျွမ်းရစ်
သိပ်​ချစ်​သတဲ့
ရင်​ကအပူ
ဘယ်​သူသိ
ဘယ်​သူမြင်
ရင်​တခွင်​ကျွမ်းလုလု.....

တမ်းတတယ်​ချစ်
လွမ်း​နှောင်​ရစ်​​ပေါ့
စူးစူးနစ်​ရင်​ထဲ
နွေလယ်​ပဲ ကျွမ်းလု​အောင်
နေမြဲ​ဝေဒနာ​လေ
တွေ​ဝေဆဲ​ခြေရာ​တွေ အထပ်​ထပ်
နေမတတ်​ပါပြီ..........

နွမ်းလို့သာမှိုင်​​လျော့
နှစ်​ကိုယ်​တူယှဉ်
လျှောက်​ခဲ့ဖူးလမ်း
သတိရ​နေ
တမ်းတ​ထွေကာ
ဝေဒနာဖြစ်
နှလုံးသားမှာ
မျက်​ရည်​မြစ်​​လေ
နှောင်​​နှောင်​တွယ်​တွယ်
တမ်းတမ်းတ.......

ဘင်္ဂလားပင်​လယ်​​အော်
ကပ္ပလီပင်​လယ်​​ကွေ့
မေ​တွေ့သလား
အလွမ်း​ခြေရာ
မ​ဖြေသာပြီ
လှိုင်းနှင့်​အတူ
သခင်​ရှိရာကမ်းစပ်
ဘယ်​နားကသဲ​သောင်
ဘယ်​နားက​ကျောက်​​ဆောင်
မခွဲခြားပါ
သခင်​​နေရာအရပ်
တမင်​​ဖွေရှာကာ ဆက်​စပ်​လို့
လွမ်းနှင့်​​လေဦးမည်​....... ။

No comments: