Friday, April 24, 2015

ရွှေမင်းသမီးနဲ့ဝေးတဲ့ညနေ

မြေနိမ့်​ပြီဆို
လှံကအလိုလို
ပါလာမြဲ​လေ
ရွှေမင်းသမီးလေးရေ
ကိုယ်​ချင်းလည်းစာ
နားလည်​သနား
ရင်​ထဲမှာ​လေ
မင်းတွက်​အပူ
သောကထူ......

ရွှေမင်းသမီးလေးလို
လောကအလယ်
ကျင်လည်သွားစဉ်
အရာရာသတိ
အစဉ်ရှိစေ
တကယ်ဆိုယင်
ကိုယ့်ရဲ့ရင်က
တွယ်တာချစ်ခြင်း
အပြစ်ကင်းစေ
မရွယ်ရည်စူး
တွယ်တာခြင်းသက်သက်
တပ်မက်ခြင်းမပါ
မင်းအတွက်သာလေ
နုနုညံသက်တဲ့
မင်းမျက်ဝန်းအစုံ
ကိုယ်မြင်သာယုံရယ်ပါ.......

နူရာ ဝဲစွဲ
တတ်​သတဲ့​လေ
လဲရာသူခိုး
နှိပ်​စက်​လိမ့်​မည်
ကိုယ်​တိုင်​ဆင်​ခြင်
သတိရှိ​လေ
မြေနိမ့်​​နေတဲ့ကြားထဲ
လှံလာစိုက်​မယ့်​သူ​တွေ
နူ​နေတဲ့ကြား
ဝဲမကူး​စေနဲ့​ပေါ့
လဲမယ်​ဆိုလည်း
သူခိုးမ​ထောင်းတဲ့
နေရာရှာလဲပါ​လေ
ဘဝဆိုတာ
ရေကန်​သာမဟုတ်​သလို
ကြာတိုင်းလဲ
မွှေးမြနိုင်​မယ်​မထင်​ဘူး​လေ။   ။