Tuesday, June 7, 2016

တမ်းတမိသော.....






လွမ်းတယ်.....
ဆိုတဲ့စကားလုံး
အခါခါသုံးပြီး
ကိုယ့်ကိုယ်နှိပ်စက်ခြင်းတွေ
ဝေးအောင်ရှောင်နေလည်း
ကြုံရ ဆုံရ
ဤ ဘဝဝယ်
အလွမ်းအဆွေး
တေးချင်းညည်းဆို
ငိုနေမယ့်ရက်တွေ
အခက်ပွေနေ့ညတွေ
ရတက်ပွေမေ့မရလေတော့
ဪ..... ချစ်ရယ်
အလွမ်းသာ....ကျန်ခဲ့.....

တမ်းတရတဲ့
နေ့ရက်များအဆုံးမှာ
ပြုံးရယ်နိုင်မှာလား
ရုန်းဖယ်ကာမထားနိုင်
အားပြိုင်ချစ်ခြင်းတွေ
မမှားနိုင်အပြစ်ကင်းပေမယ့်
တမ်းတမိတဲ့
တရှိုက်မက်မက်အနမ်း
ဖွဖွရှိုက်တဲ့ နဖူးပြင်
ရင်ကိုမှီနွဲ့စကားဆိုဟန်
အဖန်ဖန်မြင်ယောင်တွေး
မိုးရွာလျှင်အားငယ်တတ်သူ
ချစ်သူအတွက်မောင့်ရင်ခွင်
တမ်းတခြင်းတွေနဲ့
ငိုနေမယ်ကွယ်........

သခင်
အဝေးသွားတော့
တမ်းတပိုကဲ
နှလုံးအိမ်ထဲမှာ
သူမှသူပဲ ပိုင်စိုး
အစဉ် အနားရှိစေချင်
တမ်းတရတဲ့ရင်ခွင်
သခင်သိလေမလား
ခံစားချက်အချို့တလေတွေ
ထပ်တူကျခဲ့သလား
သခင်လွမ်းလျှင်
အလွမ်းပင်လယ်
ရင်မှာဝေတယ်
ကြွေတဲ့မိုးစက်တွေနဲ့အတူ.....

No comments: