Thursday, May 7, 2015

မိုးစက်ပုံပြင်

တိမ်ညိုလေးတွေ
မြေကိုသက်ဆင်း
ခနှင်းရောက်စဉ်
ရွာချင်တယ်ဆို
ပြိုချင်လျက်နဲ့
မပြိုခင်အကြောင်းကြားကာ
မှာတမ်းချွေဖွင့်ဟဆိုဦး........

မိုးရေမှုန်တွေ
မြေမှာခလို့
အစုဝေးဖွဲ့ကာ
ရေအိုင်ငယ်ဖြစ်တော့
ရာသီရယ်အေးမြစေဦး.....

အလွမ်းရာသီရယ်
ရင်မှာခိုက်လို့
ပိုက်ပိုက်ထွေးထွေး
ထွေးပွေ့ပါရစေဦး......

နှစ်ကိုယ်အတူ
ယှဉ်ကာလျှောက်တဲ့
စင်္ကြန်လမ်းလေးထက်မှာ
ထွေးပွေ့လိုအနမ်းခြွေ
ရွှေလည်တိုင်မော့လို့ထားဦး
နဖူးဆံစမွှေးမြချင်လို့........

တမ်းတသူ
တွယ်ရာမဲ့ပေါ့
ရင်ခွင်ကိုအလွမ်းတိုးဝှေ့စဉ်
တိုင်တည်စရာနေရာမဲ့ပေါ့
တစ်ကိုယ်တည်းလွမ်းတေးညည်းစဉ်
ပျော်ရွှင်ရာနေရာရှာခဲ့ဖို့
ကူလှည့်ခဲ့ဦး......


No comments: