Sunday, May 3, 2015

တစ်ကယ်ဆိုယင်

တစ်ကယ်တော့
တွယ်တာတပ်မက်ခြင်း
အနှစ်
အပြစ်မဖြစ်သ၍
နေသာပါတယ်
တွယ်တာယုံပဲ
ဆိုယင်......
မြင်နေယင်ကျေနပ်
ဝမ်းသာယင်လိုက်ပျော်
စိတ်ညစ်ယင်
အားပေး
အလွမ်းအဆွေး
မတွေးကြေးဆို
နေသာပါတယ်
ပျော်ပါတယ်လေ........
မတွေ့ယင်လွမ်း
တွေ့တော့ကျွမ်းလောင်
အလွမ်းနှောင်ဖွဲ့
ချစ်သူသက်ထား
အတွေးများမှာ
မတွေ့ရမမြင်ရယင်
မျက်နှာမွန်ဦး
တွေ့ချင်မိ..........
ချိုသာစကား
နှုတ်ဖျားကနေ
ကြားရယင်ဖြင့်
အတိုင်းမသိ
ပျော်နေမိတယ်
တွယ်တာနှောင်
ရစ်ပတ်မိသူရင်ထဲ
အတွေးမှာအစဉ်ရှိ
မတွေးလည်း
အမြဲရှိတယ်.............
တစ်ကယ်သာဆို
တွယ်တာမိခြင်းဝေဒနာ
အသံကြားယုံ
မြင်ရယုံမျှ
ပြည့်စုံပါတယ်
ချစ်သည်းငယ်ရယ်......


1 comment:

ayesnake said...

ကွယ်ရာကပဲ
ချစ်တော့မယ်။
ငိငိ