ဒီတစ်ညတော့
ငိုခွင့်ပြုပါ
မောင့်ချစ်သူရယ်
တွယ်တာတမ်းတ
လွမ်းရတဲ့ခါ
ရင်ခွင်မှာလေ
ငိုချင်လျက်လက်တို့
ထိန်းမရလို့ပါကွယ်.......
ရာသီတွေအခါခါပြောင်း
မဟောင်းနိုင်တဲ့အချစ်
အမြဲအသစ်ပါကွယ်
ခဏတာလေး
အဝေးသွားယင်
တမ်းတမျှော်မော
လွမ်းရသောရင်က
သောကထုတည်
မထင်သာပြီ
မျှော်ကာငေးမော
တမ်းတသည်..........
ထိန်းမရတဲ့အလွမ်း
အနမ်းမသင့်ပြီပဲ
ကျွမ်းရင့်လို့နေ
ရင်မှာကြွေ
ဖြေဆည်ရာနေရာ
နတ္ထိ ပစ္စက္ခ
ကျွမ်းလောင်မောလျ
စိတ္တဇလေ
ခါခါခိုဝင်
ရင်ခွင်ကအပူမီး
ဘယ်လိုသူသိလေမလဲကွယ်
လည်သလိုနေကြည့်ခဲ့လေလည်း
ဖယ်ခွာတိမ်းလို့သူစိမ်းမှမဟုတ်ပဲ.........
တွယ်ရာယိမ်းလို့ လူပြိန်းမှမဟုတ်ပဲ
နွယ်ရာလွမ်းလို့
ချစ်ဦးမောင့်ချစ်သည်း........
No comments:
Post a Comment