Tuesday, August 9, 2016

ငွေရတုအလွန်....





အကြာကြီးမက်​ခဲ့တဲ့
အိပ်​မက်​​တွေ
နှစ်​ပတ်​လည်​လို့​ကောင်း​နေတုန်း.......

အလွဲကြီးလွဲခဲ့ကြတဲ့
မဆုံစည်းခဲ့တဲ့
ရင်​ဘတ်​​တွေ
အလွဲကြီးလွဲခဲ့တာ​တွေ
နှစ်​ပတ်​လည်​လို့​ကောင်း​နေတုန်း......

အချစ်​များစွာနဲ့
ဝေးသွားရစ်​ခဲ့ကြတာ
အပြစ်​မဲ့သံသရာမှာ
အ​ဝေးကြီး​ဝေးတာ​တွေ
နှစ်​ပတ်​လည်​လို့​ကောင်း​နေတုန်း.......

ချစ်​ခဲ့တဲ့သက်​​သေ
ဖြစ်​ပျက်​ခဲ့တဲ့မျက်​ရည်
ရင်​ကအလွမ်း​တွေ
ထွေး​ပွေ့ထားခြင်းဟာ
နှစ်​ပတ်​လည်​လို့​ကောင်း​နေတုန်း........

ငိုချင်​လျက်​လက်​တို့
အ​တွေးထဲကအချစ်
ဒဏ္ဍာရီဖြစ်​​အာင်
မျက်​ရည်​သက်​​သေ
အခက်​​ပွေရတက်​​ပွေရက်​​တွေ
နှစ်​ပတ်​လည်​လို့​ကောင်း​နေတုန်း...........

အလွမ်းဟာတိတ်​တဆိတ်
ရင်​ခွင်​ကိုထိုး​ဖောက်​ဝင်
ဘယ်​လိုဖြစ်​ဖြစ်​ဘယ်​လို​နေရစ်​ရစ်
ငွေရတု​တောင်
ကျော်​လာ​ခဲ့​ပေါ့..........

No comments: