Saturday, September 5, 2009

လူအလိုလိုက်ရတာကောင်းတယ်/မကောင်းဘူး

သည်ရက်ပိုင်းအတွင်း ကျွန်တော်ဝိရိယ လျော့နည်းနေပေသည် ။ လူကဟိုယောင်ယောင် သည်ယောင်ယောင်
ဘာတွေလုပ်လို့ လုပ်နေမှန်းမသိ နေထိုင်မကောင်းဖြစ်လားဖြစ်ရဲ့ တုံဏှိဘာဝေ တွေဝေနေလား နေရဲ့ စိတ်ထဲသိပ်
ကြည်ကြည် လင်လင် မဟုတ် အဲဒီအတွက်လည်း ခြေလှမ်းတွေနောက်ကျ ခဲ့ရလေသည် မခံချိမခံသာ ဖြစ်စရာ
စီးပွားရေးကိစ္စတွင် နှောင့်နှေးစေခဲ့မိ၏ ။ ကိုယ့်ကိုယ်ပြန်လည်ဝေဖန်သုံးသပ်ရချေတော့မည် ။ ရှေးဦးစွာမိမိကိုယ်
မိမိပြန်လည်သုံးသပ်ရာတွင် အဓိက ကား မိမိကိုယ်မိမိညှာတာ၍ မဖြစ်ပေ ။ ပထမဆုံးမိမိဘာသာမိမိ ဆန်းစစ်ကြည့်
တော့ ညည့်နက်သန်းခေါင်ကျော်သည်အထိ အရည်မရအဖတ်မရ ရုပ်ရှင်ထိုင် ကြည့်ကာ နံနက် အိပ်ယာထ
နောက်ကျခြင်းပင် အိပ်ယာထနောက်ကျပြီဆိုတည်းက အားလုံး၏နောက်တွင်ကျန်ခဲ့ပြီဟု ကိုယ့်ကိုသုံးသပ် မိလေသည်
အလုပ်ရှိလျှင်လည်း အိပ်ယာထနောက်ကျခြင်း၏အကျိုးကား မိမိ၏ customer များ ၏ငြူစူ ခြင်းကို စတွေ့ခဲ့ခြင်းပင်
ဖုံးတဂွမ်ဂွမ်လာပြီး ဟေ့လူမလာသေးဘူးလား လို့ခဏခဏ အမေးခံနေရသည်ကား စိတ်ဖိစီးမှု ဖြစ်စေခဲ့သည်
ဟိုနေ့က နေထိုင်မကောင်းဖြစ်ခဲ့သည်။ နေထိုင်မကောင်းဟုဆိုခြင်းထက် လေအောင့်ခြင်းသာ ကျွန်တော့တွင်
ထိုရောဂါတစ်ခုလိုရှိနေခဲ့သည် လေအောင့်လျှင်ဘာမှမလုပ်နိုင်တော့ ။ လေအောင့်သည်ကဗိုက်ဘက်အခြမ်းမှမဟုတ်ပဲ
ခါးနားတွင်အောင့်ခြင်း ဖြစ်ရာ အလွန်ခံရခက်ကာ ဘာမှ မလုပ်နိုင်လောက်အောင် ဖြစ်ရလေ သည် ။ထိုနေ့က လည်း
ဘာမှမဟုတ်သောကိစ္စလေးတစ်ခုအတွက် လူတစ်ယောက်တည်းက ဖုံးတစ်ဆယ့်ငါးကြိမ်တိတိ ဆက်ခြင်းခံရသည်ဟု
ဆိုလျှင် နေမကောင်းကြောင်းပြောသော်လည်း နားလည်မှုမရှိတတ်သောလူများ အတွက် ကျွဲမြီးတိုမိသည်မှာ အမှန်ဖြစ်
ချေသည်။ နေမကောင်း၍ မလာနိုင်ဟုပြောသည်ကတမင်ပျင်း၍ မသွားလိုသဖြင့်ပြောခြင်းဟုထင်ကြလေသည်လား
ကျွန်တော့မှာ ကျွန်တော်ရောင်းသည့်ကုန်ပစ္စည်းအတွက်အပြည့်အ၀တာဝန်ယူထားသည့်အတွက်ကျွန်တော့တွင်
ကိုယ်ပိုင်အခွင့်ရေးဟူ၍ မရှိတော့ပြီလား မရှိတော့ဟုဆိုလျှင် ကျွန်တော်သည် လူ့ငနွားသာဖြစ်ချေတော့မည် ။
ခိုင်းတိုင်းခေါ်တိုင်းလာရောက်ပြင်ဆင်ပေး တတ်ပြီးအခကြေးငွေမျှပင်မရလေသော အခိုင်းခံသက်သက်တာဝန်ယူသူ
ဖြစ်ချေတော့မည်။ထိုအတွက်ကျွန်တော်ရသင့်သောတန်ဖိုးကားအဘယ်မှာနည်း။ အနည်းဆုံး ကျွန်တော်သည်
ကျွန်တော်၏ customer ဆိုသူများထံသွား ရန် ခရီးစရိတ်ရှိလေသည်။ အနည်းဆုံး ဒီဇယ်ဖိုးလောက်တော့ရှိသည်
စက်ပြင်ဆရာ တစ်ဦးအနေဖြင့်ကြည့်ပြန်လျှင် လက်ခဟူ၍ ရှိမည်သာဖြစ်သည် ။ကျွန်တော်သည်ပုထုဇဉ် တစ်ဦး
ပြီပြီ အတ္တ ရှိ လေသည် ။ကိုယ့်ကိုနှိမ့်ချအောက်ကျို့လွန်း၍  လူမလေးခြင်းမျိုးဖြစ်နေပြီလား ဟုတွေးမိပြန်သည်။
တခါတရံ မိမိကိုယ်မိမိပင် မည်သို့ပြင်ဆင်ရမည်မသိသော အားနာခြင်း များ ကိုလည်း စိတ်နာမိလေသည် ။
တချို့သော customer များကလည်းသိတတ်ကြပါသည် သူတို့အသိတတ်လွန်၍ ကျွန်တော်အားတုံ့အားနာ အလွန်ဖြစ်
ရသည့် အကြိမ် မရှိမဟုတ်ရှိသည်သာ သို့သော် အကြိမ်ရေနည်းပါးလှ၏ ။ရှာမှရှား ကျွန်တော်အလုပ်လုပ်သောသက်တမ်း
အတွင်း တစ်ကြိမ်သာ သိသိသာသာ ကျေးဇူးတုန့်ပြန်ခြင်းမျိုး ကြုံရဖူးသည်မှာ အမှန်ပင် ။ကျွန်တော်ကူညီခဲ့စဉ်ကလည်း
မည်သည်ကိုမျှော်ကိုး၍ ကူညီခဲ့သည်မဟုတ်ပေ မိမိတတ်နိုင်သည့်ဖက်မှ ကူညီခဲ့ခြင်းသာ ကျွန်တော့အတွက်အပန်း
ကြီးသောကူညီခြင်းမျိုးလည်းမဟုတ် သို့သော် ကျွန်တော်ပြန်ရရှိခဲ့သောကျေးဇူးတုန့်ပြန် ခြင်းကကျွန်တော်ပင် ပြန်လည်
အားနာရလောက်အောင်ဖြစ်ခဲ့သည်။ ကျွန်တော်သည် အမှန် ဆိုရပါမူ ငွေကြေးမမက်မောမဟုတ် မက်မောပါသည် သို့
သော် မိမိ လုပ်အားနှင့်ရရှိသောငွေကြေးမှတပါး အခြားသောမက်မောမှုမျိုးမရှိခဲ့သည်မှာအမှန်ပင် ။ သို့သော် ကျွန်တော်၏
ကြိုးစားအားထုတ် ၀န်ဆောင်ပေးမှုအတွက် ကျွန်တော်၏လုပ်အားခ သို့မဟုတ် ကျွန်တော်၏ ၀န်ဆောင်မှု တန်ဖိုး အတွက်
တစ်ပြား မှမပေးထိုက်ဟုထင်မြင်အခွင့်ကောင်းယူလျှက်ရှိသော ကျွန်တော့၏ customer များ လည်း ရှိနေသည့်အတွက်
ထိုသူများကိုမည်သို့ပြောဆိုပြရမည်ကို ကျွန်တော်ကိုယ်တိုင်မသိနားမလည် တတ်ခဲ့ ပါပေ။ ကျွန်တော့ ကိုအားပေးသူများ
ကိုလည်းကျေးဇူးတင် ပါသည် ထို့နောက် ကျွန်တော့ ကား၏ရှေ့လေကာမှန်တွင် ခြေကြွခမစပါဟူ၍ စာကပ်ရလေ
မည်လား။ သို့တည်းမဟုတ် လက်ခမဲ့ စက်မပြင်ပါဟုကပ်ရလေမည်လား မဝေခွဲတတ်ခဲ့ ။ ထိုသို့ကပ်ခဲ့လျှင်လည်း
ကျွန်တော်ကပဲရိုင်းသည်ဖြစ်မည် ။သို့သော်လောလောဆယ်တော့မနက်စောစောထဖြစ်အောင် ကြိုးစားရဦးမည်
ကျွန်တော်နှင့် ကျွန်တော်ပြိုင်ရဦးမည်ဖြစ်သည်။ကိုယ့်ကိုကိုယ်လည်းမာနဟူသောအရာမွေးတတ်ရန် နှင့် အားမနာတတ်ရန်
ကြိုးစားရဦးမည်။

2 comments:

စန္ဒကူး said...

ဥဥ.. warranty နဲ့ ကိုယ်ရောင်းတဲ့ပစ္စည်းကိုယ် တာဝန်ယူတယ်ဆိုရင် ဈေးပိုမြှင့်ထားတတ်ကျတယ် ဒီမှာတော့ အခုမှစဉ်းစားမိတယ်.. ခြေကြွခ.. gasoline ခ တွေကြိုတွက်ထားတာဖြစ်မယ်..း)

ချစ်သူမောင် said...

ဟား ဟားဟုတ်မှာကူကူးရေ ဥဥကတော့အဲလိုပိုတင်မယ်ကြံလိုက်တိုင်းကို သူတို့ဖက်ကမတင်သေးတာတောင်မှဈေးဆစ်နေကြတာ
:P