Friday, September 11, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၂)

နောက်တစ်နေ့ မောင်ကျော် မျှော်နေမိသည် ရင်ခုန်ခြင်းတော့မဟုတ် သူမနှင့်စကားပြောရသည်ကို (ချတ်ရသည်ကို)
မောင်ကျော် ပျော်မိသည်။ အလုပ်များလွန်း၍ စိတ်ဖိစီးမှုများလွန်းလို့လားဟုကိုယ့်ကိုဝေဖန်ဆန်းစစ်မိသည် ။ထိုသို့လည်း
မဟုတ်ပြန် အွန်လိုင်းမှာ တွေ့သူများလှပြီ မောင်ကျော်စိတ်မ၀င်စားခဲ့ ထူးထူး ခြားခြား သည်နှင်းဆိုသောကောင်မလေး
နှင့်မှ မောင်ကျော့်စိတ်တွေဘယ်လိုဖြစ်မှန်းမသိ ကိုယ့်ကို ကိုယ်လည်းအံ့သြမိလေသည် ။ သို့သော်မိမိတို့အရွယ်က
တည်ငြိမ်သင့် ပြီလေ ။ စိတ်ကစားခြင်း မျိုးလည်းမဟုတ် ဖောက်ပြန်ခြင်းလည်းမပါခဲ့ ပါချေ ။ သို့သော် မောင်ကျော်
မျှော်နေမိ၏ တစ်ခါ မှမမြင်ဖူးသေးသောနှင်း ဆိုသည့်ကောင်မလေးကို စိတ်ထဲက ခင်မင်နေမိ၏ ။ အလုပ်စားပွဲပေါ်မှ
မော်နီတာကိုငေးစိုက်နေစဉ်မှာပင်

hinn : ဟဲ့ နင်အွန်လိုင်းပေါ်မှာအမြဲရှိနေတာလား
မောင်ကျော် : အင်းလေ နင့်ကိုတွေ့ချင်လို့မျှော်နေတာ

မောင်ကျော်ပွင့် လင်းစွာ ၀န်ခံမိ လေသည်

hinn : ငါကယုံရမှာလား ချတ်တင်မှာ အဲလိုပြောတဲ့သူပေါင်းများပြီလေ
မောင်ကျော် : ယုံချင်လဲယုံပါ မယုံချင်လည်း မတတ်နိုင်ဘူးပေါ့ဟာ
                  ယုံတာမယုံတာနင့်အလုပ်ပါ ဟာ နင့်စိတ်တိုင်းကျပဲ

မောင်ကျော်တုံးတိစွာပြောမိလေသည်

hinn : နင်ငါ့ကိုစိတ်ဆိုးနေလားဘုပြောနေသလိုပဲ
မောင်ကျော် : ဟင့်အင်း စိတ်မဆိုးပါဘူးဟာ ၊ငါစကားမတတ်လို့ဖြစ်ပါလိမ့်မယ်
hinn : အလယ် လယ် စကားမတတ်ဘူးလို့ပြောပုံက စကားတတ်မယ့်ပုံပဲ
မောင်ကျော် : ဟုတ်ပါဘူးဟာ နင်စိတ်ထင်လို့ပါ ဒါနဲ့ ငါမနေ့က မေးတဲ့ကိစ္စ
hinn : ဘယ်ကိစ္စလဲ
မောင်ကျော် : မသိချင်ယောင်ဆောင်နေပြန်ပြီ ခုနင်ဘယ်မှာလည်း ဆိုတာရယ်
                  နင့်အသက် ပြောချင်လည်းပြောမပြောချင်လည်းနေတော့
hinn : နင်ကလည်းစိတ်ချည်းပဲ ငါလည်းသိပါရစေဦး နင်ကရော
မောင်ကျော် : ငါ ကခုရန်ကုန်မှာ ငါ့အသက် က

မောင်ကျော်စဉ်းစားနေမိ၏ အမှန်အတိုင်းပြောသင့်မပြောသင့် အမှန်တိုင်းပြောလျှင် နှင်းဆိုသောကောင်မလေး နှင့်
ချတ်ခွင့်ရပ်ဆိုင်းသွားမှာ မောင်ကျော်စိုးရိမ်မိလေသည် ။ထိုကြောင့်

                   နှစ်ဆယ့်ငါး
hinn : ငါယုံလိုက်ရတော့မလား
မောင်ကျော် : ယုန်လိုက်ချင်ယင်တောထဲသွား ငါကတော့နင့်ကိုမလိမ်ပါဘူး

အပြောင်အပျက်စကားဆိုမိ၏ ။ မလိမ်ပါဘူးဟုလိမ်ပြောမိချေသည် နှင်းဆိုသော ကောင်မလေးနှင့် စကားမပြောရမှာ
ကြောက်သည်ကိုးကွယ်။ အမှန်တော့မိမိမှာလွတ်လပ်သည်မဟုတ်သော်လည်းလုပ်ငန်းချိန်တွင်တော့ စိတ်ထွက်ပေါက်
တစ်ခုဖြစ်လာခဲ့ပေသည် ။ နှင်းနှင့်ချတ်ရသည်မှာပျော်သည်ကိုးကွယ်။

hinn : အင်းပါဟာထားပါတော့ ငါယုံပါတယ် ယုန်တော့မလိုက်ပါရစေနဲ့ တော
         ထဲမသွားပါရစေနဲ့
မောင်ကျော် : :)
                   ကဲ ဒါဆိုနင့်အကြောင်းပြောတော့
hinn : အင်း.....ငါက ခုမန္တလေးကနေချတ်နေတာ ငါ့အသက်ကနင့်ထက်ငယ်တယ်
         ဒါပေမယ့်နင်နဲ့ငါပဲပြောခွင့်ပြုပါလား အဲလိုပြောရတာသူငယ်ချင်းပိုဆန်မလားလို့
         အစ်ကိုတို့ အကိုဆိုတာမျိုးတွေခေါ်ရတာ သူငယ်ချင်းမဆန်ဘူး ငါကတော့လွတ်လပ်
         ပွင့်လင်းစွာပဲဆက်ဆံချင်တယ် အဲငါ့ကိုယ်ငါပဲမိတ်ဆက်ပါ့မယ် ငါ့နာမည်က နှင်းနှင်းနွေ တဲ့
         နွေဦး ရဲ့ နှင်းတွေကျနေတဲ့ နေ့တစ်နေ့မှာ ငါ့ကိုမွေးခဲ့လို့ ငါ့အဖေကပေးခဲ့တဲ့နာမည်ပါ
         ခုတော့ငါ့မှာမိဘနှစ်ပါးလုံးမရှိကြတော့ဘူး ငါအခုအစ်မကြီးနဲ့နေတယ် မန္တလေးရဲ့ နာမည်
         ကြီး ဈေးဖြစ်တဲ့ ဈေးချိုမှာ အစ်မကြီးနဲ့ အတူ ဈေး ရောင်းတယ်။စာရိုက်ရတာပျင်းဖို့ကောင်းတယ်ဟာ
မောင်ကျော် : အင်းငါ့ကိုခုလိုယုံကြည်စွာပွင့်ပွင့်လင်းလင်းဆက်ဆံတဲ့အတွက် နင့်ကိုကျေး
                  ဇူးတင်ပါတယ် ငါ့အကြောင်းကတော့သိပ်ထူးခြားမှုမရှိပါဘူး နိုင်ငံခြားနဲ့ ဆက်သွယ်
                  အလုပ်လုပ်တယ် ။ နိုင်ငံခြားနဲ့ဆိုလိုကအရမ်းအထင်မကြီးနဲ့ဦး မြန်မာနိုင်ငံနဲ့ နီးနီးလေး
                  တရုတ်နဲ့ ဒါပေမယ့်မဖြစ်စလောက်ပွဲစားအလုပ်လေးပါဟာ ။ငါ့နာမည်က မောင်ကျော်ပါပဲ
hinn : နင့်ကိုအထင်ကြီးလာပြီ ငါတို့နိုင်ငံမှာလည်း အင်တာနက်ကနေစီးပွားရေး လုပ်နေတဲ့သူ
         ရှိပါလားဆိုပြီးတော့
မောင်ကျော် : ဟတ် ဟား ငါကပွဲစားပါဆိုနေမှ ဒီမှာကုန်ဝယ်ချင်တဲ့သူတွေကို ဟိုဖက်မှာရှိတဲ့
                  ငါ့သူငယ်ချင်းဆီကိုကုန်မှာပေးတယ် ငါ့သူငယ်ချင်းက ပစ္စည်းဝယ်ပို့တယ် ငါနဲ့
                  ငါ့သူငယ်ချင်းက ပွဲခတစ်ဝက်စီရကြတယ် ။ ကုန်မှာဖို့တယ်လီဖုန်းဖိုးမတတ်နိုင်လို့
                  ဂျီတော့ကနေ စကားပြော အီးမေးလ်ပို့သင့်တာပို့ လိုချင်တဲ့ပစ္စည်းရဲ့ဓါတ်ပုံကိုကို
                  စကင်ဖတ်ပြီးမေးလ်ကနေပို့ အဲလောက်ပါဟာ
hinn : အေးလေငါကတော့ နင့်ထက်ညံ့တာပေါ့ ဟာ
မောင်ကျော် : ညံ့တာတော်တာဘာဆိုင်လဲဟ ခုနင်နဲ့ငါသူငယ်ချင်းမဟုတ်လား
                  ဘာခက်လဲလိုတဲ့အကူညီတောင်းပေါ့ ဟီး ငွေချေးတာကလွဲယင်
hinn : အင်းနင်ကကပ်စီးနဲလိုက်တာ ငါကလည်းငွေမချေးတတ်ပါဘူး ငါ့လုပ်အားနဲ့
         ရတဲ့ပိုက်ဆံမဟုတ်ယင် ငါမလိုချင်ဘူး ငါက အချောင်ရတဲ့ ငွေမလိုချင်ပါဘူး
         နောက်ပြီး သူများကိုအကြွေးတင်မှာ ငါအကြောက်ဆုံးပဲ နောက်ဘ၀မှာဝဋ်ခံပြီး
          ဆပ်ရတတ်တယ်လိုကငါဖတ်ဖူးတယ်
မောင်ကျော် : ငါလည်းနင့်ကိုလေးစားသွားပြီ ငါ့မှာလည်းအွန်လိုင်းမှာသူငယ်ချင်း
                  မိန်းကလေးဆိုလို့နင်တစ်ယောက်တည်းရယ်
hinn : ငါကတော့သိပ်မယုံနိုင်ပေမယ့် ငါ့သူငယ်ချင်းဆိုတော့ ယုံလိုက်ပါ့မယ်ဟာ
မောင်ကျော် : ကျေးဇူး
                  တစ်ကယ်ပါ  ဟာ ငါဆက်ပြောယင်ဘုပြောတယ်လို့နင်ကပြောဦးမယ်
hinn : ဟဲ့ ဒါနဲ့ hi5 မှာ အကောင့်လုပ်တတ်လား
မောင်ကျော် : ဘယ်က hi5 လဲ

အမှန်တော့ မောင်ကျော်သိပါသည် မောင်ကျော် က ပညာရှင်အဆင့်မဟုတ်ပေမယ့် ၀ါသနာရှင်အဆင့် မို့ နဲနဲတော့
နားလည်ပါသည် အစကဆိုရှယ်နက်ဝပ် မသုံးဘူးဟုပြောထားမိသောကြောင့် မောင်ကျော်ပိရိစွာလိမ်မိလေသည် ။
www.hi5.com တွင်မောင်ကျော့် အကောင့်တစ်ခုရှိသည်ပဲနဲနဲတော့နားလည်သည် ။

hinn : ဟာနင်ကလည်းညံ့လိုက်တာအင်တာနက်သုံးနေပြီးတော့ ငါလင့်ခ်ပေးလိုက်မယ်
          နင်လုပ်တတ်ယင် လုပ်ပေးပါဟာ ငါသိပ်မလုပ်တတ်လို့
          www.hi5.com
မောင်ကျော် : ဘာလုပ်ပေးရမှာလဲဟင်
hinn : music player မထည့်တတ်လို့ နောက်ပြီး တွမ်ခရု ရိုက်ထားတဲ့ cocktail ရုပ်ရှင်ထဲကသီချင်း
         လေးတင်ထားချင်လို့ပါ
မောင်ကျော် : အလယ်လယ် ခက်လိုက်တာကြီးကို ငါဘယ်လိုလုပ်ရပါ့
                  မလဲအေးအေး ငါ့သူငယ်ချင်းတွေမေးပြီးလုပ်ပေးမယ်
                  နင့်မှာအကောင့်ရှိပြီးသားလား အဲဒီသီချင်းကရောဘာသီချင်းလဲ
hinn : အင်း ၊Don't worry be happy တဲ့
မောင်ကျော် : အဲတာဆို user name နဲ့ password ပေး ငါ့ကိုယုံတယ်ဆိုယင်ပေါ့လေ
                  အဲဒါပေမယ့်ငါ့မှာအဲဒီသီချင်းမရှိဘူးဟ
အောက်ဆုံးစာကြောင်းလေး အနီရောင်ဖြင့်ပေါ်လာသည် မောင်ကျော် အားမလိုအားမရနှင့် နှုတ်တောင်မဆက်လိုက်ရ
ပါးစပ်လှုပ်ပြီးကွန်နက်ရှင်ကိုဆဲမိသည် ။ အဲဒီနေ့က မောင်ကျော်လည်း သူ့ရဲ့ user name နှင့် password မရခဲ့။
               

1 comment:

ayesnake said...

ဆက်ရေးနော်
ပြီးအောင်လည်းရေဦး ကိုကြီးချစ်။