Wednesday, September 30, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၈)

အမှန်ဆိုလျှင် နှင်းတစ်ကယ် ဘီယာသောက် ချင်ခြင်းမဟုတ် ထို့အပြင် နှင်းသည်အရက်ဘီယာသောက်စားတတ်သော မိန်းက
လေးမျိုးတွင်ပါဝင်သူ မဟုတ်ချေ ။ မြန်မာမိသားစုအသိုက်ဝန်းမှ မွေးဖွားကြီးပြင်းလာသော မြန်မာ အမျိုးသမီး တစ်ယောက်
ဖြစ်သည့်အားလျော်စွာ အရက် ဘီယာဆိုသည်ကား မိန်းကလေးနှင့်လုံးလုံးမအပ်စပ်ကြောင်း သိပါသည် ။ အမှန်တော့
မွေးချင်းမောင်နှမ မရှိသည့်အပြင် မိဘများလည်းကွယ်လွန်ခဲ့ကြပြီမို့ မောင်ကျော် အပေါ်နွဲ့ဆိုးဆိုး ခြင်းသာဖြစ်လေသည် ။
သောက်ရစေဟုရည်ရွယ်လျက် လှမ်းပြောခြင်းမဟုတ် ။ မောင်ကျော်မည်သို့ထင်မည်မသိ နှင်း ကတော့ရုတ်တရက်လေးစား
သည်ထက်ပိုလေးစားရပြန်သည် ။ မောင်ကျော်အကြောင်း တွေးမိပြန်တော့နှင်း ရှက်သွေးဖြာချင်ချင် ။ထိုနေ့က မောင်ကျော်
ပို့လိုက်သောဘီယာတစ်ဖာ မှာလည်း မသောက်ဖြစ် ဒေါ်ဒေါ်မသိအောင် ခုတင်အောက်၌ ဖွက်ထားခဲ့ရလေသည်။
နှင်း မောင်ကျော်ကို တိတ်တခိုး စွဲလန်းမိနေချေ ပြီလားဟု ကိုယ့်ကို သံသယဖြစ်မိလေပြီ ။ အို ငါတစ်ခါမှမတွေ့ဖူးပဲဟုသာ
မျက်စေ့စုံမှိတ်လျှက် ခေါင်းကိုသာခါရမ်းဖြစ်လိုက်ပါသည် ။  မဖြစ်နိုင် ပါဘူးဟူ၍သာ ........
သို့ သော်
မမျှော်လင့် ထားသောအဖြစ်တို့ ဖြစ်တတ်လှချေသော လောကတွင် ကံကြမ္မာ  ကမည်သို့ဖန်တီး လေသည်မသိ
နွေအလွန်ရက်များ သည် နှင်းအတွက်အထီးကျန်ဆန်လွန်းလှသည်  တခါတရံ မောင်ကျော်နှင့်ဖုံးပြော ဖြစ်သည် မှအပ
နှင်းအတွက် ဖော်မဲ့ ရက်များသာဖြစ်စေပါသည် ထို့အတူမဖိတ်ခေါ်ပဲရောက်လာသော ကိစ္စ တစ်ခုကနှင်းရင်ကို ပြောင်းဆန်
စေ လောက်အောင် တုန်လှုပ်ရလေသည်  ကိစ္စ မှာ တစ်ဆိုင်ကျော်မှ ဒေါ်ဒေါ် ၏သူငယ်ချင်း ဒေါ်မိုးသူက သူ့သားအတွက်
နှင်းကို  ဒေါ်ဒေါ် ထံမှတောင်းရမ်း ခြင်းဖြစ်သည် ။ သူ့သားဆိုသည့် ကျော်စွာကို နှင်း မမြင်ဖူးပါချေ စင်္ကာ ပူတွင် ပိုလီ တက်
နေသည်ဟုသာသိရသည် နှင်း ကတော့ဒေါ်ဒေါ် အပြော အောက်တွင် မတုန်မလှုပ်နေဖြစ်ခဲ့ သော်လည်း ရင်တွင်အမှန်ပူ
ချေသည် တစ်ကယ်တော့ နှင်းမောင်ကျော်ကိုချစ်မိလေပြီ ဖြစ်သည် ။ သို့သော် မောင်ကျော်ကား မထုံတက်သေး နိုင်လှ
သည် ။ မိန်းကလေးကစ၍ ဖွင့်ပြောရဲလောက်အောင်သတ္တိ နှင်းတွင်မရှိပါချေ .............
ဒါဆို
မာယာလေးဆယ်ဘယ်သွားထားမလဲဟုဆို ကြမည် ဆိုစေတော့ နှင်းဖက်က အတတ်နိုင်ဆုံးအိနြေ္ဒ သိက္ခာ ထိန်းသိမ်းလျက်
မောင်ကျော်သိအောင် သို့မဟုတ် တနည်းတဖုံ ပြောရလျှင် ရေလာစေရန်မြောင်းဖောက် ခဲ့ သော်လည်း ရေမလာခဲ့ မထုံ
တက်သေး မသိဟန်ဆောင် နေသော မောင်ကျော်အားအနားမှာရှိလျှင် ထုရိုက်ပစ်ချင်လောက်အောင် စိတ်တိုရသည် သို့
သော် နှင်းသည်မြန်မာမိန်းကလေး ဒေါ်ဒေါ် အားလည်း ရည်းစားမရှိဟု အတိလင်းကြေငြာ ထားပြီးဖြစ်သည် ၊ဒေါ်ဒေါ်က
တော့ ခေတ်မှီသူတစ်ယောက်ဖြစ်သည့်အားလျော်စွာ အတင်းအကျပ်မစီစဉ်ချင်ဟု ပြောသည် ။လောကကြီးတွင် သံယော
ဇဉ်တွယ်စရာ သည်တူဝရီးနှစ်ယောက်တည်း ရှိလေသည်မို့ အခြေနေကား နှင်းဖက်တွင်မရှိ ။ ဒေါ်လေးစကား ကို မြေ၀ယ်
မကျ နားထောင်ရမည်ဖြစ်ချေတော့သည် ။ထိုသို့သောအချိန်များတွင် အဖော်အဖြစ် မောင်ကျော်ရှိ နေသည်  မောင်ကျော်ကို
ရင်ဖွင့်စရာသူ ငယ်ချင်း တစ်ဖြစ်လည်း အစ်ကိုတစ်ယောက် သို့မဟုတ်နှင်းဖက်ကတော့ထို့ထက်ပိုလေသည် ။

 ယုံကြည်ကိုးစားခြင်းသည် လူချင်း မမြင်တွေ့ဖူးစေကာမူ ရင်ချင်းနားလည်သောအခါ မိုင်ပေါင်းမည်မျှဝေးစေကာမူ တစ်သား
တည်းဖြစ်ချေတော့သည်။

1 comment:

ayesnake said...

ကဲ ဘာဆက်လုပ်ကြမလဲ