Friday, September 25, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၆)

နောက်နေ့များတွင် ဂျီတော့ တွင်စကားမ ပြော ဖြစ်ကြတော့ မောင်ကျော် လည်းရဲဝံ့စွာ ဖုန်းခေါ် ဖြစ်လေသည် မနေ့က
Pfingo ဖြင့်ဖုန်းခေါ်ဖြစ်သည်ကိုလည်းမပြောဖြစ်တော့ နှင်းကလည်း ဘာမှထပ်မမေး တော့ချေ..........သည်လိုနှင့်
ခင်မင်ရင်း နှီး မှုများပိုလာခဲ့ချေသည် ။သူ့အကြောင်း ကိုယ့်အကြောင်းဖလှယ် ဖြစ်ကြသည် သို့သော်မောင်ကျော်အတွက်
စိတ်ပင်ပန်းလှချေ၏ ။ ဟန်ဆောင်မှုများဖုံးကွယ်ထားခြင်းဖြင့် နှင်းအားလိမ်ညာဆက်ဆံ ခြင်းအပေါ် ကိုယ့်ကို ကိုယ် အပြစ်
တင်နေမိခြင်းဖြစ်ချေသည်။ လိမ်ညာရန်မရည်ရွယ်ပါပဲ နှင့် လိမ်ညာမိနေခြင်းပင် ။သို့သော် မောင်ကျော်အတွက် နောက်
ကျောလုံခဲ့ ပါသည် လိပ်ပြာသန့်ခဲ့ပါသည် ။ နှင်းနှင့်ပါတ်သက်၍ ခင်မင်မှုထက်လုံးဝ နယ်မကျော်ခဲ့ဟုမောင်ကျော်ရဲရဲ
ဝံ့ဝံ့ အာမခံဝံ့ ပါသည် ။ သည်လိုနှင့် နွေဦးရောက်ခဲ့ပြီ နှင်းနှင့် ခင်မင်မှုရက်ပေါင်းတော်တော်များခဲ့ လေပြီဖြစ်သည် ။
ဘာရယ်တော့မဟုတ် မောင်ကျော်အတွက် တွေးမိသမျှ ကဗျာလေးတွေဖြစ်ချေသည် ။

လွမ်းမိပါသည်
တွေးယင်းမောသည်
မဟုတ်သည်နှင့်
ချစ်ကြည်ခဲ့သော
နေ့ရက်များသည်
အတွေးကဗျာ..တစ်စ
စိတ်မှာဒုက္ခ
သောကပွေစရာ
ဖြေရာမရှိ ရင်မချိခဲ့........

လွမ်းမိပါသည်
တွေးယင်းမောသည်
မဟုတ်သည်နှင့်
ရင်းနှီး ခဲ့သော
နေ့ရက်များသည်
ပျားသကာဖြစ်
စိတ်နစ်မြုပ်ခဲ့
ရုန်းမထွက်သာ
ဒုက္ခတွေသာ
ထပ်ထပ်ကြုံ............

လွမ်းမိပါသည်
တွေးယင်းမောသည်
မဟုတ်သည်နှင့်
စကားပြောဖြစ်သည့်
ရှည်လျားလှစွာသော
နွေရဲ့ညများ
သကာမြစ်လား
စီးဆင်းခဲ့လေ
အသံလေးကြားယုံ
ဖုံးဆက်ယုံနဲ့
ရင်မှာ ပျော်သည်
မောင့်အဖြစ်..........


နှင်း စိတ်ထဲတွင်တော့ သံယောဇဉ်တစ်စ တိုးလာသည်ဟုထင်မြင်မိပြန်လေသည် မောင်ကျော့်ကိုလည်း အထင်ကြီး
လေးစားမိသည် အဘယ်ကြောင့်ပါနည်း အဖြေကားခက်လှချေသည် နှင်းအနေဖြင့် အမှန်တစ်ကယ် မောင်ကျော်ကဲ့
သို့သောယောက်ျား လေးမျိုး မတွေ့ဖူးခဲ့ပါ ။ နှင်းချစ်သူမထားခဲ့ဘူး၍ မဟုတ် သင့်တင့်သောအရွယ်တွင် နှင်းအချစ်
ကို စတင်တွေ့ရှိခဲ့ဖူးသည်  သို့သော် မောင်ကျော်နှင့်လားလားမျှမဆိုင် ၊ထိုသို့ပြောလျှင် နှင်းအပြောအပိုဖြစ် နေမည်
လားမဆိုတတ် ။ မောင်ကျော်၏စိတ် နေသဘောထားကိုနှင်း နောကျေအောင်သိခဲ့ရပြီ ဖြစ်သည် ။မောင်ကျော်နှင့်ဖုံး
စကားပြောဖြစ်သည့်အချိန်တိုင်း တည်ငြိမ်လေးနက်မှုကိုခံစားရသည် ပြောလိုက်သည့်စကားတိုင်းတွင် လေးနက်မှု
ရှိသည် ။ ဖုံးလည်းခဏခဏပြောဖြစ်ကာ မောင်ကျော်အား လေးစားခဲ့မိသည် နှင်းရဲ့ အပြစ်တွေပဲလား ။
သင်္ကြန်ကျတော့မည် ။အညာမြေမှာငုတွေဖူးသစ်ခဲ့ပြီ ။ ညနေဖက်ဥသြတွန်သံက ရင်ကိုလွမ်းစေသည် ဘာကိုလွမ်းရမှန်း
နှင်းမသိခဲ့ ဘာကိုမှမလွမ်းပဲမနေ ။

ဖြူစင်တဲ့ရင်က

အမှတ်တမဲ့နဲ့
ကပ်ဖဲ့လို့မနေပါနဲ့ကွယ်........
လွမ်းစရာမဟုတ်တဲ့ ဇတ်လမ်းတစ်ပုဒ်ကို
မှတ်တမ်းသရုပ်လုပ်ပြီး
မာယာတွေအကုန်ထုတ်လို့
ညာကာလည်း
တမင်မရှုပ်ပါနဲ့
နာကျင်ခြင်းရဲ့ဆုလာဘ်
ခုလည်းမတတ်သာ
အမြဲခွာခွာနေ
ရင်မှာလည်းမကြွေပါ......
နေစရာမရှိခဲ့ပေမယ့်
ဖြေဆည်ရာတော့ရှိပါတယ်....
ကွာတ့်(ဇ) နာရီတစ်လုံးလို
ခပ်ပြုံးပြုံးပဲသွားမယ်
ဓါတ်ခဲကုန်တဲ့အခါတော့
ခဏရပ်ပေါ့
အဲဒီလိုပေါ့ပေါ့လေးတွေး
ရင်ထဲမှာ တအုံနွေးနွေး မထားချင်
ယုန်ဖြူလေးလိုအမြဲနေချင်
ဘာကိုမှလည်းတွေးမနေချင်ပါ။    ။

1 comment:

ayesnake said...

ဇာတ်ရှိန်မြင့်လာပြီ :-)