Monday, September 21, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၅)

hinn : ကျေးဇူးအရမ်းတင်တယ်သူငယ်ချင်း ငါ့ရဲ့ hi5 account လေးလှသွားပြီ
မောင်ကျော် : ရပါတယ်ဟာ ကျေးဇူးတင်စရာမလိုပါဘူး ငါလုပ်နိုင်တာလေးလုပ်
                  ပေးရတာပဲဟာ ၊ ဒါနဲ့ နင့်အကောင့်ရဲ့ password ကိုပြောင်းလိုက်ဦးနော်
hinn : မပြောင်းတော့ပါဘူးဟာ ငါနင့်ကိုယုံပါတယ် ဒါနဲ့
နှင်း စဉ်းစားလိုက်မိသည် မိန်းကလေး ကစ၍ မြင်ဖူးချင်သည် ဟုပြောလျှင် သိက္ခာ ကျလေမည်လားဟု နောက်ပြီး
မောင်ကျော်ဖက် ကရိုးသားလျှင် ဘာမှမဖြစ် မရိုးသားလျှင်လည်း အယင်ကတွေ့ဖူးသူများလိုဘန်းလိုက်မည်ဟုစဉ်းစား
မိပြီးမှ
          နင့်ဓါတ်ပုံကိုဒီဂျီတော့ ပစ်ချာထဲကနေငါ့ကိုပြလို့ရမလား
ရုတ်တရက်ကြီး မောင်ကျော်ခေါင်းနာပန်းကြီးသွားသည် သူ့ပုံကိုပြ၍ မဖြစ်မှန်း သိနေလေသည် ။

မောင်ကျော် : ဟဲ့ ဘာလုပ်မလို့လဲ ကြွက်ချောက်ဖို့တော့မဟုတ်ပါဘူးနော်
hinn : ဟဲ့ ငါနင့်ကိုမြင်ဖူးထားချင်လို့ပေါ့ဟာ

နောက်တော့ မောင်ကျော်သတိရ
သွားသည် ဟိုနေ့က လှမြင့် သူ့စက်လာသုံးပြီးဓါတ်ပုံတွေ ထည့်ထားသည် လှမြင့်၏ပုံကို အမြန်တင်လိုက်ရ၏ လှမြင့်
ကအတန်ချောလေသည် မောင်ကျော်လိမ်ထားသောအသက် ခန့်ဖြစ်သဖြင့်အဆင်ပြေစွာ နှင်းထံမှတုန့်ပြန်သံထွက်
လာသည်

hinn : နင်ကချောသားပဲ
မောင်ကျော် : ဟဲ့ ပလုပ်တုတ်  ငါ့ခေါင်းနဲ့ မျက်နှာကျက်တိုက်မိပြီ
                   အချင်းချင်းတွေစွတ်မြှောက်မနေပါနဲ့ဟာ
အချင်းချင်းတွေဟုမောင်ကျော်သုံးနှုန်းဖြစ်တော့ ရင်ထဲနွေးသွားမိလေသည်
hinn : ဟဲ့ မြှောက်ပြောတာမဟုတ်ဘူး တစ်ကယ်ပြောတာ
မောင်ကျော် : အဲတာလဲမြှောက်တာပဲ
hinn : ငါဘယ်လိုပြောရမလဲ
မောင်ကျော် : ဘယ်လိုမှမပြောနဲ့တော့ရပြီ

မထင်မှတ်သောအလုပ်တစ်ခုကို နှင်းလုပ်မိပြန်ချေပြီ နှင်းရင်ထဲက မောင်ကျော်ကိုစကားသေချာပြောချင်နေမိသည် လေ
ထို့အပြင် မောင်ကျော်ဖက်က ရိုးသားသည် ဟုထင်မှတ်လာ ပြန်သည့်အတွက် လည်းဖြစ်သည် ။

hinn : ငါ့ရဲ့ဖုန်းနံပါတ်က 09-21309xx  လေ ငါ့ကိုခင်ယင်ခုပဲဖုန်းဆက်လိုက်ဟာ ငါ
         စာရိုက်ရတာပျင်းလာလို့
ဟိုက် မောင်ကျော်အတွက်တော့ ဒုက္ခလှလှတွေ့ချေပြီ ဖုန်းဆက်လိုက်ပြန်လျှင် သူ့ဖုံးကို နှင်းရသွားမည် ထိုသို့မဖြစ်စေ
ချင်ပါ မောင်ကျော် ဖက်ကရိုးသားစွာခင်ချင်ပါသည်။ စကားလည်းပြောချင်သည်လေ ရင်ဘတ်တွေကခက်လေသည်မို့
ချက်ချင်းသတိရသည်က ဟိုတနေ့က မှတစ်ဆယ်ဖိုး သွင်းထားသော Pfingo အကောင့် ကိုပြေးမြင်လေတော့သည်။
မောင်ကျော်ချက်ချင်း Pfingo ဖြင့်လှမ်းခေါ်သည် ။
"ဟဲလို  နှင်းလား "
"ဟင် မောင်ကျော်လား ငါ့ဖုံးမာဘာလို့နံပါတ်မပေါ်တာလဲ နင်ငါ့ကိုတမင်လျှိုထားတာလား"
ရှတတ အသံသြသြ လေးကိုကြားရတော့မောင်ကျော် နည်းနည်းပျော်သွားသည် ဆက်ပြီးစချင်သဖြင့်
"ငါ့နံပါတ် မပေါ်တာနင့်ဖုန်းမကောင်းလို့နေမှာပေါ့"
"ဟဲ့ငါ့ဖုန်းမကောင်းရအောင် တနေ့ကမှဒေါ်လေး ကြွေးတောင်းလို့ရတဲ့အထဲက အသစ်ဝယ်ထားတာဟဲ့"
မောင်ကျော်ထင်ထားသည့်အတိုင်း ခပ်စွာစွာအသံလေး ကြား ရသည့်အတွက် အတော်ပျော်သွားသည်
"အလကားစတာပါဟာ ငါ တမင်သက်သက် ငါ့နံပါတ်မပေါ်အောင်ခေါ်တာမဟုတ်ပါဘူး တခုခုကြောင့်မပေါ်တာနေမှာပေါ့
လိုရင်းကနင်နဲ့ငါစကားပြောလို့ရဖို့အဓိကမဟုတ်လား"
"အင်းပါ အင်းပါပြီးရောလေ"
ထိုနေ့ကမောင်ကျော်တို့ ဖုံးပြောဖြစ်သည် မိနစ်နှစ်ဆယ်ကြာလေသည် ။ ဖုံးပြောရသည်ကိုမောင်ကျော်ပျော်သည်။
ရင်ထဲမှာတော့သိပ်မရှင်းလင်းပါချေ ။
"အင်း နင်အလုပ်မအားယင်နောက်နေ့မှဆက်လေ နော် ငါကတော်ယုံလူကိုဖုံးနံပါတ်ပေးတာမဟုတ်ဘူးဆိုတာတော့
နင်သိထားနော် နင့်ဖုံးနံပါတ်ပြောငါမှတ်ထားမလို့ "
" အဲဒါဆိုတာ့တာနော်နောက်နေ့ငါဆက်လိုက်မယ် မနက်ဖြန်ကျမှ ငါ့ဖုန်းနံပါတ်ပေးမယ်"
"နင်နဲ့တွေ့မှပဲငါတော်တော်အောက်ကျနောက်ကျနိုင်တဲ့မိန်းကလေးဖြစ်နေပြီ"
"အဲလိုမဟုတ်ပါဘူးဟာ ကဲပါတာ့တာ"
ဂွပ်ဟုမမြည်ပါ ဘယ်လိုမှလည်းမမြည်ပါဖုံးတော့ကျသွားပြီ
ကုန်ပြီ Pfingo အကောင့် နိုင်ငံခြားကိုခေါ်ယင် သုံးနာရီလောက်ပြောလို့ရသောအကောင့် စိတ်အလိုလိုက်မှုနဲ့ နှစ်ဆယ်
ကုန်ချေပြီ ကမ္မသကာပဲ လို့တွေးယင်း မောင်ကျော်တစ်ယောက်တည်းပြုံးမိလေသည် ။အနားတွင်တပည့်များရောက်လာ
ချိန်မို့အရှိန်သပ်လိုက်ရလေသည်။

2 comments:

စန္ဒကူး said...

ဥဥနော်...
အသုံးဖြုံးကြီး... ဟီးဟီး

ayesnake said...

innmmmm
စ မိပြီဆိုမှဖြင့် ……