Friday, September 25, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၇)

နူးညံ့ သိမ်မွေ့နက်နဲခြင်း ဟူသောအဓိပ္ပါယ်ကို ရှာဖွေတွေ့ရှိခြင်းမရှိသေးသူ များအဖို့ ထိုအဓိပ္ပါယ်ကို နားလည်ရန်ခက်ပေ
လိမ့်မည် ။ ထိုသို့ဆိုလျှင် မောင်ကျော်နှင့်နှင်းတို့၏ အဖြစ်ပျက်များ မှာစိတ်နယ်လွန်ဖြစ်ရပ်များလော ကွန်ပျူတာကို ကြားခံ
ပြုလျှက် ခင်မင်မှုများ တစ်ဦးနှင့် တစ်ဦးခင်မင်လေးစားခြင်းများ ဖြစ်လာနိုင်လေသည်လား တွေးမိကြပေမည် ။အမှန်ထိုသို့
ဖြစ်ကြလေသည် ဟုဆိုလျှင် စောဒကတက်စရာများ ရှိလေမည် ဟုထင်မိသည် ။ အမှန်တွင်လည်းထိုသို့ဖြစ်ခဲ့ ကြဖူးပေမည် ။
စိတ်နယ်လွန်ဟုတ်မဟုတ် မည်သူမှမသိနိုင်ပါချေ .......(ကျွန်တော်ဆရာဝင်လုပ်ခြင်းပါ)
ထိုတစ်နေ့ နှင်း၏ဘ၀တွင် မောင်ကျော်အား အထင်ကြီးလေးစား မိသောနေ့တစ်နေ့ သည်နွေလယ် တွင်ရောက်ရှိလာခဲ့
လေ၏ ။ ထိုနေ့သည်ကား သင်္ကြန် အကျနေ့ဖြစ်လေသည် ။မောင်ကျော်သည် အလုပ်နားရက်ဖြစ် သော်လည်းထိုနေ့က
ဆိုင်တွင် အပေါင်းအသင်းများနှင့် အတူရှိသည် ထိုစဉ်နှင်းထံမှ ဖုန်းဝင်လာသည်
"မောင်ကျော်လား ဘာလုပ်နေတာလဲ နင်လျှောက်မလည်ဘူးလား"
"ဟင့်အင်း ငါခုသူငယ်ချင်းတွေနဲ့ ဘီယာသောက်နေတယ် နင်ရောဘယ်မှမသွားဘူးလား "
"အင်းမသွားဘူး ငါခု သူငယ်ချင်းတွေနဲ့စုစကားပြောနေတယ် ငါဘယ်မှမလည်ဖြစ်တာကြာပြီဒါနဲ့ငါလည်းခုဘီယာ
သောက်ချင်တယ်"
မောင်ကျော်မျက်လုံးပြူးရချေသည် အမှန်ဆိုလျှင် မိန်းကလေးများကိုမူးယစ်စေသော အရက် ဘီယာ တို့ ကိုမောင်ကျော်
မသောက်စေချင်ပါ ထို့အတွက်
"အာ နင်တို့ကမိန်းကလေးတွေပဲဘီယာမသောက်ပါနဲ့ အအေးသောက်လေ"
"မရဘူးဟာနင်တို့ကျတော့သောက်နေပြီးတော့ ငါခုသောက်ချင်တယ် နင်တိုက်မလား တိုက်ချင်ချင်မတိုက်ချင်ချင်
ငါ့ဆီခုပို့ပေး"
"မသောက်ပါနဲ့ဟာ နင်နဲ့ငါကအဝေးကြီးလေ နောက်ပြီးပိတ်ရက်ကြီးလေ"
"မရဘူးဟာနင် ကျတော့ခုသောက်နေပြီး မတရားဘူးငါခုချက်ချင်သောက်ချင်တာ"
မောင်ကျော်ခေါင်းစားသွားသည် ရုတ်တရက်ကြီး နောက်ပြီးရန်ကုန်နဲ့မန္တလေး မိုင်သုံးရာကျော် လေးရာနီးပါး ဘယ်လို
လုပ်ရပါ့ မောင်ကျော်ကလည်း ထိုသို့ခဲရာခဲဆစ် လုပ်ရသောအလုပ်များ ကိုဝါသနာပါသည်လေ ထိုသို့သောအလုပ်များဖြင့်
မောင်ကျော်အတွက် စီးပွားရေး အဆင်ပြေတတ်သည် မရဘူးဆိုတာကို ဖြစ်အောင်လုပ်ချင်သောစိတ်က မောင်ကျော် ထံတွင်
အပြည့် ခက်သည်က အခုကိစ္စကစီးပွားရေးကိစ္စမဟုတ် သို့သော် လူမှုရေးလည်းမ မည်ပါချေ။
မောင်ကျော် ဆက်မစဉ်းစားတော့ ကျဉ်းထဲကျပ်ထဲမှ လွတ်အောင်ရုန်းသောအကျင့်က ပါနေပြီမို့
ကဲပါဟာနင်သောက်ချင်ယင်ရစေမယ်ဟာ ခဏစောင့်နေ
"တစ်ကယ်လား"
"ငါနင့်ကို ဘယ်တုန်းကညာပြောဖူးလို့လဲ" ( အမှန်တော့စတည်းကညာမိခဲ့သည် )
"တစ်ကယ်ဆိုငါစောင့်နေမှာနော်"
"အင်း နင်ဘာစားဦးမှာလဲ နောက်ပြီးပို့ပေးရမယ့်လိပ်စာငါ့ပေးဦးလေ"
အမှန်တော့မောင်ကျော်စွတ်ပြောနေခြင်း ဖြစ်လေသည် လောလောဆယ်ဘာအကြံမှခေါင်းထဲမထွက်သေး
"အေး လိပ်စာက ကန်စွန်းရွက် နဲ့ ပေါက်ပေါက်ဆုပ်" နှင်းစဖြစ်အောင်စမိသည်
"အမ် ငါဘယ်လို ပို့ရမလဲ"
"အလကားနင့်ကိုစတာပါဟာ၃၂လမ်း၈၂x၈၃ ကြားစားစရာတော့မလိုပါဘူးဟာ သောက်စရာတစ်ခုတည်း ငါတို့ မိန်းကလေး
ချည်းပဲ မို့လို့ဘီယာထွက်မ၀ယ်ရဲလို့ပါဟယ်"
"အေး ပြီးရော လေ တိုင်းဂါးတစ်ဖာဆိုလောက်လား "
"နှစ်ရက်လောက်တောင်သောက်လို့ရမှာကျေးဇူးပဲဟာ"
နောက်တော့ဖုံးချသွားသည် ဂွပ်ကနဲမမည်ပါ တူတူတူဟူသောအသံသုံးခါကြားလိုက်ရသည်
ရုတ်တရက် နဲနဲ မူးနေသောအရှိန်ပြယ်သွားသည် မောင်ကျော် ဘာလုပ်ရမှန်းမသိ စဉ်းစားစမ်း
ရုတ်တစ်ရက်ခေါင်းထဲဝင်းလက်သွားသည် ဦးတင်မြင့်နားရင်းအုပ်လိုက်၍ဖြစ်သည်
"အာကိုတင်မြင့်ကလဲဗျာ စိတ်ကူးပျက်လိုက်တာ"
သို့သော်မောင်ကျော်ချက်ခြင်း ၀ဏ္ဏကိုပြေးသတိရတော့သည် (ပြေးလျက်နှင့်သတိရခြင်းမဟုတ်ပါ )
ချက်ခြင်း ဖုန်းကောက်ကိုင်ကာ ဖုန်းလှည့်သည်ဟုမသုံးသာသော ဖုန်းနံပါတ်လေးများကိုနှိပ် ခြင်းဖြင့် ရီဒိုင်းလ် သုံးခါမြောက်
သည့်အခါ ၀ဏ္ဏ နှင့်တွေ့လေသည်
"ကဲဝဏ္ဏရေ ငါပေးတဲ့လိပ်စာအတိုင်း တိုင်းဂါးဘီယာ တစ်ဖာဝယ်ပို့ပေးစမ်းပါကွာ"
"ဟုတ်ကဲ့အစ်ကို"
ခဏကြာတော့နှင်းဆီကဖုန်းပြန်လာလေသည် ခဏနေတော့ မောင်ကျော်လည်းဘီယာဆက်သောက်ယင်း ခိုင်ထူးဆိုထား
သော ၂၆(ဘီ) လမ်း လမ်းကြားကို လေချွန်နေမိလေသည်။

1 comment:

ayesnake said...

ဆက်ဖတ်လိုက်ဦးမယ်။