Wednesday, September 16, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၄)

သုံးရက်ခန့်ကြာသွားသည်။အွန်လိုင်းပေါ်တွင်စောင့်သော်လည်း မောင်ကျော်သူမကိုမတွေ့ခဲ့ချေ။ မေ့မေ့ပျောက်ပျောက်
ဟုဆိုငြားသတိရနေမိပြန်သည် ။ စွဲလန်းစိတ်မဟုတ်သည်ကိုသိသည် ။သည်အသက်ရွယ်ထိမောင်ကျော်ရည်းစား မထားဖူး
ခဲ့ပါချေ ။ သမားရိုးကျထုံးစံအတိုင်း အိမ်က သဘောတူကြည်ဖြူ သူနှင့်အိမ်ထောင်ပြု စီးပွားရေးကိုဇောက်ချလုပ်ကိုင်ရာမှ
အသင့်တင့်အောင်မြင်သောလုပ် ငန်းရှင်တစ်ဦးအဖြစ်ရောက်ရှိခဲ့သည် ။ အိမ်ထောင်ရေးလည်းအသင့်တင့်သာယာနေခဲ့
ပါ၏ သို့သော် နှင်းနှင့် ပါတ်သက်၍ စိတ်တွင်းခံစားချက် အနည်းငယ်ဖြစ်မိချေ၏ စွဲလန်းစိတ်ဆိုသော်လည်း အချစ်ဟု
မောင်ကျော် မဆိုဝံ့ပါ ဆို၍ လည်းရမည်မဟုတ် သားနှင့်သမီး ဇနီးသည်တို့၏ မျက်နှာတို့ကအစီရီ မောင်ကျော်အတော်
စိတ်မောရသည် ။ ခက်သည်က အွန်လိုင်းပေါ်မှာအပျော်ဆော့ကစားခြင်းမျိုးလည်း မဖြစ်ချင်ပေ ။အွန်လိုင်း ၏အကျိုး
သက်ရောက်မှုများကိုမိမိကိုယ်တိုင်တွေ့ မြင်နေရပါလျက် အွန်လိုင်းကို အပျော်ကစားရာနေရာဟု မိမိမသတ်မှတ်နိုင်ခဲ့
မိမိစီးပွားရေးအတွက် အထောက်ကူများစွာဖြစ်စေခဲ့သည် ။ စီးပွားရေးနှင့်မပါတ်သက်သော်လည်း နှင်း ကိုသူငယ်ချင်း
မလေးတစ်ဦးအဖြစ် ဘ၀တွင်ပထမဦးဆုံးခင်ချင်ပါသည်။ကိုယ့်စိတ်ကိုကိုယ် မနည်းထိန်းနေရသည် ။ လွယ်မယောင်နှင့်
ခက်လေသော ကိစ္စများသာဖြစ်ချေ၏ ။ ကိုယ့်ကိုယ်ကို ရိုးသားပါ၏ဟုဆိုစေငြား ယ္ခု ကဲ့သို့ ချတ်တင် ခေတ်တွင် နှင်း
ကတမျိုးထင်လေမည်လား မောင်ကျော် မတွေးတတ်ခဲ့ပါချေ ။ ဆော့ကစားစရာလူတစ်ဦးဟုသတ်မှတ်သွားလေမည်လား
စိတ်တွင်စနိုးစနောင့်ဖြစ်ရချေ၏ ။မှတ်မှတ်ရရ ထိုနေ့က မောင်ကျော် စိတ်ရှုပ်ထွေးစွာ တစ်ဖက်ဆိုင်မှဦးတင်မြင့်နှင့်
စားသောက်ဆိုင်သို့ရောက်ဖြစ်ကာ အရက်မူးအောင်သောက်ဖြစ်လေသည် ။ထိုမျှမူးအောင်မသောက်တတ်သော
မောင်ကျော်ကိုဦးတင်မြင့် ကြည့်လျှက် အံသြတကြီး ပြောဆို လေသည် ။ ဟေ့ကောင် မင်း ဘာလို့သည်လောက်
တောင်သောက်ရတာလဲ မင်းမှာဘာစိတ်ညစ်စရာရှိလဲ ဟုမေးရှာလေသည့် အဆင့်သို့ ရောက်လေသည် ။မောင်ကျော်
မူးလျက်နှင့်ပင် ဘာမှမပြောပြဖြစ်ခဲ့ ကိုယ့်ကို သိမ်ငယ်စွာခံစားလျှက် ဘာမှမဖြစ်ပါဘူး အစ်ကိုကြီးရာ ဟူ၍သာ ပြန်ပြော
နိုင်ခဲ့သည် ။မိမိကြောင့်သူတပါး သိက္ခာမပွန်းပဲ့စေရ ဟု မောင်ကျော်သန္တိဋ္ဌာန် ချဖြစ်လေသောကြောင့်သာ။ သတိရစိတ်
လွမ်းသည့်စိတ်ဟုမပြောချင်ပါ ကိုယ့်ကိုလည်းကလေးကလား နိုင်လှချေ၏ ဟုတွေးမိလေသည် ထိုကအတွက် လည်း
ရှက်ခဲ့ရသေးသည် ။
နောက်နေ့ မိမိရုံးခန်း ရောက်ပြီးစက်ဖွင့်လိုက်ချိန်တွင်
hinn : မနေ့ညက ငါအွန်လိုင်းပေါ်ရောက်တယ်သူငယ်ချင်းငါပြင်ဦးလွင်ကို
         ခဏသွားလို့ နင်နဲ့ မတွေ့ရဘူး ပြန်ရောက်တော့လည်း ငါ့ရဲ့ access kit
          ကကုန်နေလို့သူငယ်ချင်း ဒီမက်ဆေ့ကို ငါ ဆိုင်ကနေပို့လိုက်တာ
          ငါ့ရဲ့ user name က hinn@gmail.com ပဲ pass word ကတော့ +++++++++ ပဲ
          ငါခရီးသွားနေတဲ့ အချိန် နင့်ကိုတစ်ချိန်လုံးသတိဘာလို့ရနေလဲမသိဘူး
          ငါ့အထင်တော့ hi5 page ကိုပြင်ခိုင်းယင်းတန်းလန်း ကွန်နက်ရှင်ကျသွားရာက
          တိုးလို့တန်းလန်း ဖြစ်သွားလို့လို့ထင်တာပဲလေ

ဟူသော offline message လေးတက်လာ၍ ၀မ်းသာလိုက်ရလေသည် ငါ့ကိုဘာလို့သတိရနေလဲ မရပါနဲ့သူငယ်ချင်း
လေးရယ် နင်သတိရတာငါဝမ်းသာနိုင်ပေမယ့် ငါ့ရင်က ခံစားချက် တွေက မကောင်းဘူးလေ ငါ့ကိုဆော့ကစားချင်တာ
လား လို့ ငါမသိပေမယ့် နင်ဆော့ကစားယင်လည်း ငါနင်ပျော်ဖိုကအတွက် နင့်ရဲ့ ကစားစရာအရုပ်ကလေး ဖြစ်ပါရစေ
မယ် ကွယ် ဟုတစ်ယောက်တည်း တီးတိုးရေရွတ်ယင်း နှင်း၏ hi5 အကောင့်ကိုလော့ အင် လုပ်လိုက် ပြီး တန်းပလိတ်
ပြောင်း သူလိုချင်တဲ့ Don't worry be happy သီချင်းလေးကို ရှာပြီး တင်ပေး ထားလိုက်မိလေသည်။

2 comments:

စန္ဒကူး said...

အဟွတ်..ဟွတ်.. ဥဥရေ.. တယ်ဟုတ်ပါလား အနုအရွလေးတွေနဲ့.. ကိုယ်တွေ့တော့မဟုတ်ပါဘူးနော်..

ayesnake said...

သမုဒယ ယှက်နွယ်
ခုမှခက်ပြီကွယ်။