Wednesday, September 16, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၃)

နှင်းကလည်း နှင်းပါပေ အမှန်မှာတော့ စသိကာစက နောက်ပြောင်လိုသော စိတ်ဖြင့် စ၍ ချတ်လိုက်ခြင်းဖြစ်သည်လေ
ယ္ခုတော့ သူငယ်ချင်းတစ်ယောက်လိုခင်မိသွားသည် ။ သူ၏စကားပြောပုံ အဲဟုတ်ဖူး ချတ်တင်တွင်းမှ ပြောဆိုပုံက ကလေး
ဆိုးတစ်ဦးနှယ် ဖြစ်သည့်အတွက် ခင်မင်သွား မိလေသည်ပဲ ။ နောက်နေ့တွေ့ယင်ဓါတ်ပုံတောင်းကြည့်ဦးမှပဲဟု စိတ်
ထဲတေး ထားလိုက်သည် နောက်ပြီး နှင်းတော်တော်နှင့်အွန်လိုင်းပေါ်သို့မရောက်ဖြစ်ခဲ့ ဒေါ်လေးကပြင်ဦးလွင်ဖက်က
အကြွေးသွားတောင်းခိုင်းယင်း နှင်းကလည်း ငယ်သူငယ်ချင်း နှင့်တွေ့နေရာက သူငယ်ချင်းကနေပါဦးဟုဆွဲထားရာက
မတွေ့တာကြာပြီ ဖြစ်သည့် သူငယ်ချင်းနှင့် စကားလက်ဆုံပြောမကုန်နိုင်အောင်ဖြစ် လေတော့သည် ။မှတ်မှတ်ရရ
မောင်ကျော့်အကြောင်းပြောဖြစ် လေသည် ။ဘာကြောင့်ရယ်မသိ နှင်းမောင်ကျော့် ကိုစိတ်ထဲမှ ဖျောက်ပစ်၍ မရ
ရေစက်ဆိုတာ အဲတာလားဟု တိတ်ဆိတ်စွာတွေးယင်း ခေါင်းလေး ရုတ်တရက်ငုံ့လိုက်မိသည် ။စကားပြောယင်းတန်လန်း
ငယ်သူငယ်ချင်းက သတိထားမိသွားသဖြင့် သူကပြောသေးသည် နှင်း နင်တော့မဟုတ်တော့ဘူးနော်တဲ့ ။သို့သော်
နှင်းခွန်းတုံ့စကားမဆိုဖြစ်ခဲ့ပါချေ ။
အဲတာကြောင့်ရှေးကလူကြီးသူမတွေ စကားထားခဲ့တာဖြစ်ပါလိမ့်မည် ချိတ်ချိတ်ခြင်း မှချိတ်တယ်ဆိုလား ။
ခက်သည်က ချတ်တင်မှာတွေ့ယုံနှင့် လူကိုယ်တိုင်ကိုမမြင်ဘူးပါပဲ နှင့် သံယောဇဉ် ငြိတွယ်ရမည်လား သွား အလကား
နှင်းတော့ မယုံကြည်ခဲ့ပြန်ပါချေ။ နှင်းလည်း အတွေ့အကြုံ (ချတ်တင်) နည်းလှသည်မဟုတ် သူများ အီတိုင်း လိုက်အီ
တတ် သူလည်းမဟုတ် ခက်သည် နှင်းကိုယ်နှင်း နားမလည်တော့ပါချေ ။အီတတ်သူများ Q တတ်သူများကိုနှင်း ဘန်း
ပစ်ပေါင်းမနည်းတော့ပါ ။ ခုမောင်ကျော် ကရိုးသားနေသည်ဟု နှင်းထင်မိပြန်ချေသည် ။ ဘာလို့လွယ်လွယ်နှင့်
ယုံကြည်ခဲ့တာလဲဟု အမေးကား နှင်းအတွက်အဖြေ မရှိပါချေ ။
ပြန်စဉ်းစားမိပြန်တော့ နှင်း hi5 အတွက် စိတ်ရှုပ်နေချိန်အားကိုးခဲ့မိ၍ လားမသိခဲ့ သို့သော် နှင်းကငယ်တော့
သည့်အရွယ်လည်းမဟုတ် လွန်ခဲ့သောလက နှင်း အသက်နှစ်ဆယ်ပြည့်ခဲ့ပြီး ပြီပဲ ။ စိတ်ကစားခြင်းမျိုးလည်းမ
ဟုတ်ပြန်ပါချေ ။သြော်ခက်ချေသည်ပဲ ။

တွယ်တာနှောင်ရစ်ချစ်ရတဲ့သူ

ဘာဟုတ်မလဲကွယ်
လွယ်လွယ်တွေးတော့
ရေးရေးထင်ပြန်
ကြည်လင်ဖန်သား
အလားသဏ္ဍန်
ခက်ပြန်ချေပေါ့
စိတ်တွင်ပျော့ပျောင်း
ဖော့ဖယောင်းလား
ထင်မြင်လာသော
ပုံရိပ်တစ်စ..........

လွမ်းတယ်လို့မဆိုသာ
ငြင်ငြိုတဲ့အခါမှာလည်း
ကိုယ်တိုင်ပင်ခွင့်လွှတ် ချင်
ညွတ်လေတဲ့စိတ်က
မဖျောင်းဖျသာ.......

တွယ်ငြိပြီလား
မြင်ဖူးရန်မဆိုထားနဲ့
အသံလေးသော်မှမကြားဖူးပါဘူး
သို့လေလည်းကွယ်
ပြောဟန်ဆိုဟန်အမူတင့်က
တမူ ထင့်လို့ စွဲငြိပြန်
တလွဲထိနာပါစေတော့ရယ်လည်း
နှုတ်ဆိတ်ကာမဆိုထားနိုင်ဘု
ရင်နင့်ပြန်သေး.................

နှင်း မရေးတတ်ရေးတတ်နှင့်ထိုကဗျာလေးကိုရေးမိသည် ဘာတွေဆိုင်တယ် မဆိုင်တယ်လို့ တော့မသိ
ဟူး.........ရင်မောရလိုက်တာကွယ်  အမှန်ဆိုတွယ်ငြိစရာဘယ်ရှိမှာနည်း.............

No comments: