ကြိုတင်ဆုတောင်းပေးလိုက်ပါတယ်သူငယ်ချင်အပေါင်းတို့
ကျန်းမာလန်းဖြာပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ.....................

နှင်းဆီဖြူရေ
မင်းကြည်ဖြူမှ
မောင့်လိုလူက
နေရတာလွယ်
မလည်မဝယ်
အသည်းရင်မှာ
မင်းပဲပိုင်စိုး
နေရာယူ......
အလွမ်းထူစေတော့လို့
တမ်းတမိုးစွေ
အချစ်တွေတိုးစေတာလည်း
နှင်းဆီဖြူ.....မင်းသိမှသိပါလေစ
လွမ်းရတဲ့ဒုက္ခ
တမ်းတတဲ့သောက
သံသရာမှာတဖန်ပြန်နား
စေတော့ရယ်လို့
စွဲဆောင်ခဲ့တာလည်း
မင်းပဲမဟုတ်လား
နှင်းဆီဖြူ............
ဖြူရော်ရော်ပါးလျလျ
နှုတ်ခမ်းအစုံ
သွယ်လျလှပကျော့ရှင်းတဲ
မင်းရဲ့ရုပ်သွင်
မောင့်ရင်ခွင်မှာ
ထာဝစဉ်ငြိခဲ့
တွယ်ရာမဲ့အလွမ်းသာ
မောင့်ရဲ့ရင်မှာ
ကြီးစိုးနေ........
မပျော်ပါကွယ်
တမ်းတတယ်တစ်ကယ်
နွမ်းလျတဲ့ရင်မယ်လေ
အဝေးဆိုအအဝေးက
တမ်းတတ်သူရယ်ပါ
နှင်းဆီဖြူ............။ ။
မြူနှင်းဝေ၍
လန်းဖြာသည့်ဆောင်း
အဟောင်းအတိုင်း
လွမ်းခဲ့ခိုင်းလျှင်
မောင့်ရင်ပူဆွေး
အတွေးထဲမှာ
လွမ်းကမ္ဘာတည်
နွယ်ကာရစ်ပတ်
တင်းကျပ်နေခက်
ဆောင်းငွေ့သက်တို့
မပီတပီ
ဝို့တို့ဝါးတား..........
အမြင်မှားသလား
မောင့်အတွေးမှာ
မပျော်ပိုက်ပါချေ
နွေအလား သောက
လောင်မြိုက်ကျွမ်းပူ
အလွမ်းယူစေ
ဆောင်းဟာနွေအလား
ထင်မှတ်မှားအောင်
ဖန်တီးယောင်သို့
နှင်းရိပ်ဝေလည်း
အတွေးစိတ်မှာ
မဖြေသာပျော်မော
အလွမ်းဝေဒနာတွေ
သေရာပါမယ်
ထင်ပါတယ်လေ...........
လွမ်းသောကဝေဒနာ
နွမ်းမောလျဝေဒနာ
တမ်းတကျွမ်းလောင်
ပူလောင်နေခွင့်
အလွမ်းရင့်လို့
ပန်းပွင့်လိုကြွေ
အလွမ်းတွေပါ
ဘာတွေပဲဖြစ်ဖြစ်
လွမ်းရစ်အောင်လို့
ဖန်တီးတဲ့ဆောင်း
အဟောင်းတွေ
အသစ်မဖြစ်ပေမယ့်
အတွေးတွေဝေ
အသစ်ဖြစ်စေသော
ဆောင်းအတုမှာလည်း
လွမ်းချင်းညည်းနေ
ခွင့်လွှတ်စေချင်
မောင့်ရင်ခွင်သည်
ကျွမ်းလောင်သောက
ဗျာပါဒတို့
စိုးမိုးခိုက်လေ
ငိုချင်လျှက်နှင့်
လက်တို့လာသော
အိုဘယ့်နှင်း.................
ဒီနှစ် ရာသီ
မိုးကိုမှီ၍
ဆက်ခဲ့သည့်ဆောင်း
တုပကောင်းခဲ့.....
မိုးတွင်းပြီပြင်
မိုးသက်လေနှင်
အစချီကာ
ရွာခဲ့သည့်မိုး
မိုးကိုငြိုငြင်
ရာသီတွင်ကား
ဒုက္ခများစေ
မိုးသက်လေ........
နွေဟူဘိကား
နွေမပြီပြင်
အစောရောက်တဲ့
မုန်တိုင်းမိုးသက်
သည်းထန်ခက်ခဲ့
ကြမ္မာလေလား
မုန်တိုင်းမိုးသက်
နှင်ရန်ခက်ခဲ့
မိုးဦးအကျ
စောခဲ့သည်....
မိုးသည်နှောင်းလည်း
ဆောင်းဦးမလာ
သည်းသည်းပူကာ
နေရခက်တဲ့
အတု....အဖြစ်
ဆောင်းညစ်ပတ်သာ
ရောက်လို့လာခဲ့
ခက်သည်ရင်မှာ
လွမ်းစရာမရှိ
ပကတိသာ
ဆောင်းအတုဟု
မှတ်ယူတင်စား
ပြောလျှင်လေလည်း
မှားမည်လား..............။ ။
နှင်းနှင့်အတူ
ယူကာဝေမျှ
အလွမ်းစတို့
တမ်းတတွေဝေ
နွမ်းလျကြွေလွင့်မျော
သောက ဝေဒနာ
တို့သည် လည်းကောင်း..........
နှင်းနှင့်အတူ
ပူကာတမ်းတ
အလွမ်းစတို့
နွမ်းလျကြွေလွင့်မျော
ဒေါသစေတနာ
တို့သည်လည်းကောင်း..........
နှင်းနှင့်အတူ
ယူကာဝေမျှ
အပျော်စတို့
တမ်းတမိသော
ပူပင်ကြောင့်ကြ
ဝေးလှစွာသော
ခြေရာဖြစ်တည်
ဝေဒနာအစုစု
တို့သည် လည်းကောင်း...........
နှင်းနှင့်အတူ
ကွယ်ကာလွင့်ပါး
အတိတ်များစွာ
နှစ်လရှည်ကြာ
ရတနာဖြစ်
ပုလဲနှစ်သို့
ရင်မှာစုထား
မျက်ရည်များသည်
ရင်မှာစုတည်
တိမ်ခိုးကြွေလွင့်မျော
လောကဝေဒနာ
တို့သည်လည်းကောင်း....................
နှင်းနှင့်အတူ
ကွယ်ကာလွင့်ပါး
တိုကျိုညများ
တမ်းတတမ်းမက်
အိပ်ပျက်ဝေဒနာ
အရိပ်များစွာ
တမ်းတပိုခဲ့
နွမ်းလျခက်သော
စောဒကစေရာ
စိတ်ဝေဒနာ
တို့သည်လည်းကောင်း..........
နှင်းနှင့်အတူ
ကွယ်ကာလွင့်ပါး
အတိတ်ဝေဒနာ
ခြေရာများစွာ
နှင်းနှင့်အတူ
ပျော်ရွှင်ခံစား
နေ့ရက်များစွာ
ပစ္စက္ခမှာ
နေသာပါ၏
သောကဟူ၏
ဘယ်မရှိပြီ............။ ။
ချစ်ခဲ့ရတဲ့မီး
ဘာတွေတွေးနေလဲ
အပျက်ပျက်နဲ့ထွက်ခဲ့တဲ့
နှာခေါင်းသွေးစက်တွေ
ခြောက်သွားတော့မှ....
နော့ဗဒက်ဇ အိပ်မက်
တကယ့်အဖြစ်ပျက်တွေတွေးယင်း
တခါတရံမှပဲသတိရဖြစ်တယ်
တမ်းတတာတော့ဟုတ်ဖူး
ထူးမလာတဲ့အဖြစ်မှာ
ရူးစရာလည်းမဖြစ်ခဲ့တော့ပါ.......
အလွမ်းနေ့စွဲအဖြစ်
နှောင်းတခေတ်မှာ
အကြောင်းအရာသစ်အတွက်
ဆောင်းစအဖြစ်မှာ
လွမ်းစရာနေ့စွဲ
တမ်းတ နေလည်းမထူး
လွမ်းနာကျနေလည်းရူးယုံ
ရင်ခွင်သည်းဦး
အမြဲစူးခဲ့ ခံရခက်ခက်
နေ့ရက်တွေမှာ
သတ်ပုံတွေအခါခါမှားလည်း
အဓိပ္ပာယ် မှန်ချက်
လွမ်းရစ်ခက်အောင်
မြူမှုန်တို့ကလုပ်ရက်......
ခပ်ခက်ခက်ပဲနေခဲ့နေ့စွဲ
အလွမ်းထဲမှာမောင်မပျော်ပါ
ချစ်တဲ့ငယ်ရာ
မင်းရဲ့ရုပ်သွင်
မြင်ယောင်လေတိုင်း
စိတ်ထဲမှိုင်းခဲ့
အလွမ်းနေ့ရက်လား
ထင်ယောင်မြင်မှား
လွမ်းစကားတွေ
အတွေးမှာတွေဝေ
မနေသာပါ
ဖြေစရာမဲ့
ရင်ခွင်ကလေ
နာချင်ရက်နဲ့
နာရန်ခက်ခဲ့ပေမယ့်
တမင်နာတယ်..........
အမှတ်မရချင်တဲ့အတိတ်
အရိပ်ဖြစ်နေ
အတိတ်က ခြေရာ
သောကခြေရာကောက်
နောက်ကမလိုက်ချင်
အင်တင်တင်ပေမယ့်
အမှတ်တရတော့ရှိနေဆဲ
အမှတ်မထင်
ဘဝတဆစ်ချိုးမှာငါ့ကိုလည်း
မင်းချိုးခဲ့တဲ့သစ်စိမ်းချိုး
အလွမ်းတွေမပျိုးတော့ပေမယ့်
အမှတ်တရတော့
ရှိသေးတယ် မောင်ချစ်တဲ့ "မီး"ရယ်........။ ။
တစ်ခါကတစ်ဘဝပါ.............
အမှတ် တမဲ့ မှ အမှတ်တရသို့ . . .
တခါတရံမှာ
ကြယ်တွေတောင်မှုန်ဝါး
အတွေးတွေကများစွာ
ရတနာလိုစု
ရွှေလိုဥထား
နေ့ရက်များမှာ.......
အတွေးထဲက
အလွမ်းစေရာ
တမ်းစေရာညွှန်
နွမ်းရစ်နွံထဲ
တမ်းတဖြစ်ကျွံ
အလွမ်းနွံပါ........
ကွယ် တွယ်ရာမဲ့ပါတဲ့
လွမ်းရစ်လေဦး
ဘဝထဲတွေးဖြစ်
ဆူးကြားနစ်သလိုတဲ့လား
မတွေးဖူးပါ
အဲသလိုမျိုး
အလွမ်းမိုးစွေ
နှင်းမိုးဝေတဲ့ရက်
မင်းအဝေးသွားတဲ့ရက်
မနက်တစ်ခုမှာ
အလွမ်းစုကြောင့်
နွမ်းကြွေစေသား
တွေးမှတ်မှားလည်း
အနမ်းရင်ခွင်ပန်းသခင်ရေ
နှင်မှုန်ကြားမှာမင်းသာပိုင်စိုး
ငါမြတ်နိုးလျှက်
ထွေးပွေ့ယုယ
အကြင်နာတိုး
အနမ်းမိုးစွေချစ်သက်သေ........။ ။