Monday, December 31, 2012
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ
ရာသီနှစ်ဟောင်း
ပြောင်းခဲ့အလီလီ
ရွက်တွေကြွေသည်
ရွက်သစ်ဝေစီ
ခဏတာမေ့မောလို့
ငေးကြည့်တုန်း
နှစ်ထောင့်ဆယ့်သုံးဆီ
ရောက်ခဲပြီ.......။ ။
ချစ်ခင်ရသောဘလော့ဂါမောင်နှမအပေါင်း
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ
ပျော်ရွှင်ဖွယ်နှစ်ဦး
ပိုင်ဆိုင်ကြပါစေလို့
ခွန်းချွေဆုတောင်းယင်း
နှစ်ဟောင်းဟာမှေးမှိန်စွာကျန်......
Friday, December 21, 2012
နှောင်
ရင်မှာသတိရ
လွမ်းလှပါသည်
နှောင်ကြိုးချည်သို့
တတွဲတွဲလျှင်
မခွဲတူယှဉ်
နေချင်မိ.....
မကြင်ရက်တယ်
သခင်ဆိုမလား
ရင်မှာနင့်အောင်
ပူလောင်ကျွမ်းတယ်
ကိုယ်တိုင်ကလွဲ
ဘယ်သူသိဘယ်သူမြင်
ကြင်ချင်ပေမယ့်
အကြင်ခက်တယ်
နီးလျက်နဲ့ဝေး.........။ ။
Sunday, December 16, 2012
ရမက်ဇောမှာ မောလျခြင်း(၂)
အကယ်၍သာ
ခွဲခွာခြင်းတစ်စတလေသာ
ခွဲဖြစ်ခွာဖြစ်
ဝေးသွားဖြစ်လည်း
ရင်ထဲမှာလေ
ကြွေချင်လဲကြွေ
နေချင်နေပေါ့
တစ်သက်အနား
ဝေးမသွားအောင်
နေနိုင်တတ်ခဲ့.....
အပူရုပ်ကို
ဟန်လုပ်သိမ်းထုပ်
ခွဲခွာခြင်းသရုပ်မှန်
မပြီပြင်စေရန်အလို့ငှာ
ဝေးရမည်
ဝေးတော့မည်ကို
ကြိုတင်မြင်နိုင်ရန်
စွမ်းအားမရှိခဲ့......
နေရစ်တော့လေ
ကျန်ခဲ့ချစ်ဦး
အသည်းပလ္လင်နန်း
ကိုးကွယ်ခန်းလည်း
မရောက်ခဲ့ဘူးသက်ထား
လွမ်းသခင်
လွမ်းမိုးစွေ
နှင်းခိုးဝေတဲ့
ဒီနှစ်ဆောင်းမှာ
မလွမ်းသာသည်.......
အေးရိပ်မမြင်ခဲ့
ကာလရှည်လျား
နှစ်တွေကြာခဲ့
ဆောင်းရယ်မပီ
တွေးစိတ်ဆီမှာ
အလွမ်းတွေ
သိမ်းထားပါလျက်
စွတ်စွတ်စိုစို
မျက်ဝန်းခိုမှာ
သခင်မမြင်သာသည်
တည်ကြည်စွာနေခဲ့
တိုးတိတ်တိတ်ရက်များဟာ
စိုးတထိတ်ထိတ်ပါလေ.......
မွတ်သိပ်တမ်းမက်သော
နှုတ်ခမ်းအစုံ
ချိုမြိန်လှသော
အနမ်း အိပ်မက်
တစ်ခါမက်လည်း
ခဏခဏလေ
တရှိုက်မက်မက်
နမ်းချင်သည်.......
အလွမ်းလည်းမပီသ
ထီးတည်းကျန်အဖော်မဲ့
ရင်ကွဲနာကျတဲ့နေများ
တမ်းတသည်သခင်
ကိုယ်ပိုင်ရင်ခွင်ပျောက်လည်း
ဒီရင်မှာခိုလှည့်ကွယ်လို့
မပြောရက်ပါ
ပြောမထွက်သာသည်
ကွယ်ရာကပင်
လွမ်းချင်သည်......။ ။
Wednesday, December 5, 2012
Wednesday, November 21, 2012
ခွဲသွားတဲ့သူငယ်ချင်း
တစ်သက်စာ
တဘဝပေလို့
ငါတို့တွေထင်ခဲ့
တွေ့ဆုံပျော်မြူး
ထင်ခဲ့ဘူးလည်း
ကွေကွင်းနောက်ဆုံး
အတူလည်းပျော်ခဲ့ဖူးတယ်
အတူလည်းရင်ခုန်ခဲ့ဖူးတယ်
အတူတူလည်းအလွမ်းသည်းခဲ့ဖူးတယ်
တူတူခုံမင်
နေ့ရက်တွေလျှင်
ကွေကွင်းနောက်ဆုံး
သံသရာလမ်းမှာ
အဖန်ဖန်လှမ်းခဲ့ကြ
ဘယ်ဘဝရောက်လေမလဲ
အတွေးထဲမှာ
ကာရံနဘေတွေ
အတူတူစပ်
အလွမ်းထဲရွာလည်တော့လည်း
တူတူပဲသူငယ်ချင်း
အောင်မြင်ခြင်း
ကျော်ကြားခြင်းတွေ
မင်းအတွက်ရောက်လာမှ
ခွဲသွားသလား
အတွေးမှာထင်ထားခဲ့
အဝေးမှာမြင်မသွားခဲ့ပါကွာ
သေခြင်းတရား
ဘယ်အချိန်လာမလဲ
ဘယ်သူမြင်မိ
သိမလဲလေ
ခွဲသွားခဲ့
နှုတ်တောင်မဆက်ပဲနဲ့
ဒီတခေါက်တော့
တိတ်ဆိတ်စွာ
ငါတွေဝေနေခဲ့ရ
ယူကြုံးမရတဲ့အဖြစ်
ကြယ်တစ်ပွင့်
ကြွေလွင့်ခြင်းလား
အတောက်ပဆုံအချိန်မှာ
ခွဲခွာလို့လွင့်..........။ ။
Saturday, September 15, 2012
ရောင်စဉ်လေးညှို့ သို့ တမ်းခြင်း
.jpg)
ရောင်စဉ်လေးညှို့ရယ်
ရှောင်ဖယ်မယ်ဆိုယင်လည်း
ရင်ကဒါဏ်ရာ
စာနာစွာဖေးမ
တွေးဆပေးခဲ့ပါဦးလေ.....
ရောင်စဉ်လေးညှို့ရယ်
မောနေတဲ့ကိုယ့်ရင်ခွင်
မင်းမမြင်သာအောင်
အလွမ်းတွေစုပြီး
တမ်းတခြင်းတွေထုတက်
အလွမ်းတွေရက်ဆက်
မရှည်စေလို
နွမ်းကြွေအမျက်ထွက်
မနေစေလို
ပန်းတွေထွက်သက်
ပြေစေလို
အနေမပိုလည်း
အဖြေလိုဆဲဝေဒနာ
နေ.....မငိုရဲပါ
ပိုသည်းရင်ကဝေဒနာ......
ရောင်စဉ်လေးညှို့ရယ်
အမုန်းမျှားအစင်းစင်း
ပစ်ခွင်းမယ်ဆိုယင်လည်း
နာကျင်စွာအပ်နှင်း
ကိုယ့်ဖြစ်ရပ်အရင်းနဲ့
နှလုံးသားကချစ်ခြင်း
ထုဆစ်ခြင်းတွေကို
ဆန်းစစ်ကာဆင်ခြင်
မှားနေယင်တောင်မှ
အပြစ်ရယ်လို့မယူစေချင်ပါ....
ရောင်စဉ်လေးညှို့သခင်
မှောင်နေတဲ့တစပြင်လို
မောင့်ရင်ကိုထွန်းလင်းလှည့်
ဘဝမှာတခဏတာ
တွယ်ငြိတပ်မက်နေချင်သေးတယ်
ပကာသနပဲဖြစ်ဖြစ်
မာန်မာနပဲဖြစဖြစ်
သဘောရှိပါကွယ်
ငယ်ဂုဏ်လေးနဲ့
စပယ်ရုံနဘေးမှာ
လွယ်ယုံလည်းမတွေးနဲ့ပေါ့ကွယ်....
ရောင်စဉ်လေးညှို့ ရယ်
ခဏတာဆိုတဲ့ဘဝမှာ
မကြာခဏအမှားမဖြစ်ပဲ
သဘာဝအဆင်းအဖြစ်
ချစ်နေယင်းနဲ့ပေါ့
ခဏတာသာတည်တံ့မယ့်
မင်းရဲ့အဖြစ်ကို
တွေးလို့ရင်လေး
မောင့်အတွေးစတွေ
ညတာရှည်..........။ ။
Friday, August 31, 2012
သိပါလေ.....သခင်
သခင်
ရင်ထဲမှာ
နင်အမြဲရှိတယ်
အစဉ်ပဲလေ
ထာဝရချုပ်နှောင်
သံယောဇဉ်နွယ်မျှင်က
တင်းတရစ်ရစ်
တိုးတိုးဖြစ်ကျန်
ရင်မှာဖော်ဝေး
ကွာဝေးခဲ့ကြ
ငါတို့ဘဝတွေ.....
အမှတ်တမဲ့
အမှတ်တရ
ဘာပဲဖြစ်နေနေပေါ့
တွယ်တာနှောင်ရစ်
သိပ်ချစ်ခဲ့ကြတာလား
တစ်ဖက်သတ်ဖြစ်
ငါပဲချစ်ခဲ့သလား
အမှတ်မှားတွေ
မတွေးချင်
မတွေးလို
သို့ပေမယ့်
အတွေးပိုခဲ့.......
ချစ်ခဲ့မိသည်
နှစ်ပေါင်းရှည်ကြာ
ကြာကြာလာလျှင်
ဘာမှမဖြစ်သလို
နေတတ်ပြီထင်
တစ်ကယ်ဆိုယင်
မနေတတ်သေးပါ
ဝန်ခံရလျှင်
မြတ်နိုးနေဆဲ
ချစ်နေဆဲမို့
ချစ်တဲ့လက်များ
မကမ်းသာသည်
အလွမ်းဆီမှာ
တဝဲလည်လည်........
ပျော်နေချင်သည်
လိုချင်တာမရခဲ့သည့်အဖြစ်
တမ်းတယင်း
တွေဝေနေရတဲ့အဖြစ်လေ
သခင်.....နင်သိပါစေ.......။ ။
BLOG DAY !!!!!!!
မင်္ဂလာ အမြဲလို့
ခွန်းချွေဆုတောင်း
ဘလော့ဂါအပေါင်းလည်း
တစ်နှစ်တစ်ခါ
ဘလော့ဒေးမှာ
ဘလော့ဂင်းကို
စိတ်ဝင်စားမပျက်
ဖတ်ရှုသူများလည်း
ကျန်းမာချမ်းသာလျှက်
31082012 နေ့
BLOG DAY အတွက်
တောင်းဆုချွေလျှက်.......။ ။
ချစ်ခင်လေးစားစွာဖြင့်
ချစ်သူမောင်
Thursday, August 9, 2012
ကြွက်ကြောင့်ဖြစ်တဲ့အတွေး

အချစ်ဦးလေ
ညနေကသူ....... ဖုံးဆက်တယ်
ရင်တွေခုန်လိုက်တာ
သူဘာပြောလည်း
သိချင်ကြသလား
ရေစက်မကုန်သေးဘူးတဲ့လေ
ဟင်.....ဟုတ်ရဲ့လား
ငါကမေတ္တာရှိယင်းစွဲမို့
မခွဲ အမြဲ နေချင်သေးတာနော်
အမှန်တော့ ....ဘာမှမဟုတ်တဲ့
သာမာန်ကိစ္စလေးတစ်ခုပါ
ငါကအတွေးတွေချော်နေတာမို့
စိတ်မခိုင်လည်း
ယိုင်လဲပြိုကာနေတော့မယ်
ဖောက်ပြန်တဲ့အတွေး
မတွေးစတမ်း.........။ ။
Tuesday, August 7, 2012
ရွာလေရွှေမိုး
မိုးရိပ်ကညို
စိုးစိတ်ပိုခဲ့
သည်းသည်းညံညံ
ရွာဟန်ရှည်လှ
သည်ညတွေလေ
အတွေးမဆုံး......
ဆုံးစမထင်
မျက်နှာရှစ်ခွင်
တိမ်ဆင်ရာမိုး
စိတ်မှာစိုးထင့်
ညို့ညို့ညိုကာ
ရွာလေရွှေမိုး
သည်းသည်းလှိုက်ကာ
ချမ်းစိမ့်တုန်........
ဖြောက်ဖြောက်မြည်ဟီး
ရွာလေပြီးသော်
တန်တန်မစဲ
ဘယ်အငြိုးနဲ့
ရွာလေလဲလေ
လျှပ်နွယ်ဝင်းဝင်း
သူခင်းကျင်းကာ
ငြိုးမာန်ပိုမှာ
အကျွန်တွေးကြောက်
စိုးစိတ်နှောက်သည်......
ဖောက်ပြန်မြည်ဟီး
တေးသွားညည်းသံ
ဖော်ဝေးသံလား
ထင်ယောင်မှားသည်
အတွေးဆိုးတွေ
ညနက်ထဲက
သံသရာမှာ
တဝဲလည်လည်........
Sunday, July 29, 2012
ညိုလေတဲ့မိုး
ငြိုးငြိမ့်ငြိမ့်ညံ
စိုးတထိတ်ထိတ်
အမူပိုလို့
ရင်မှာပူ
သောကပွေရတယ်
စိုးစိမ့်စိမ့်မှန်
နေ့ရက်ညကုန်
သူယူသိမ်းတယ်
မိုးနေ့ရက်များ
ဤမိုးညိုသည်
တောင်ဖက်ဆီမှ
တိမ်တောင်တိမ်လိပ်
ရိပ်ရိပ်ထလှာ
မျက်ဝန်းမှာဆို
ကြောက်အားပိုသော
အမူယာပိုင်ရှင်
သူ...သခင်
လွမ်းနေရှာပေရော့မည်
ဟော...ပြောပြောဆိုဆို
စိမ့်စိမ့်ယိုသည်
ဖြောက်ဖြောက်မြည်ဟီး
သူလေတီးသည်
နရီစည်းနှင့်
နဘေသင့်သည်
ရွာပါရွှေမိုး
မျှော်ကိုးမိရာ
စက်ကျသံသာ
အိပ်ယာထဲမှာ
အမောင်ကွေးလင့်
မကွေးလင့်
ပြောစမ်းပါဆို
ရွှေမိုးညိုရာ
တရံခါက
အင်းလျားကန်ဘောင်ထက်က
ပျော်ရွှင်ခဲ့သော
ဘဝများသည်
ဘယ်ဆီကိုများ
ရောက်နေလည်း
တသည်သည်းနှင့်
မစဲသောမိုး
လွမ်းစိမ့်သောငှာ
သူလေဖန်သည်
တစ်ရံခါဆီက
ထီးကိုကွယ်ကာ
တစ်ခါတည်းသာ
ခိုးနမ်းခဲ့ဖူးသော
ချစ်သူ၏ပါးပြင်
ပြန်လည်တမ်းတ
လွမ်းမိ၏......။ ။
Saturday, July 28, 2012
မဟားဒယားမားကက်တင်း သို့မဟုတ် spam comments များ
phung bella said...
hi beautiful blog. We have a big classified site in Myanmar. Please visit
us back at: http://ads.com.mm/?
cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_ph
ung&utm_source=ads_lb_blog&utm_medium=lb_blog
July 10, 2012 1:40 PM
phung bella said...
hi beautiful blog. We have a big classified site in Myanmar. Please visit
us back at: http://ads.com.mm/?
cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_ph
ung&utm_source=ads_lb_blog&utm_medium=lb_blog
ဟုတ်ကဲ့ ချစ်သောဘလော့ဂါအပေါင်း (ဘလော့ဂီအပေါင်းလဲပါ)
မင်္ဂလာပါလို့နှုတ်ခွန်းဆက်သမေတ္တာပို့သလိုက်ပါတယ် ကျွန်တော် ကဗျာမရေး
ဖြစ်တာကြာပြီ မရေးဖြစ်ဆိုတွေးလို့မထွက်ဘူးကိုး ကဗျာဉာဏ်ဆိုတဲ့ကောင်က
တော်တော်ဒုက္ခပေးတာကလား အကြောင်းအရာတွေ့ပေမယ့်ကာရံကမတွေ့
တခါတလေ ကာရံတွေ့ပေမယ့် အကြောင်းအရာပျောက်ရှ အဲဒီတော့လည်းခေါင်း
စားပြီး အရောင်းအားမြှင့်တင်ရေးဝန်ထမ်းတွေကိုပဲ ဆဲရတော့မှာလား၊ အကုန်လုံး
သိမ်းကြုံးပြီးတော့မရမ်းချင်ပါ အလွန်လျှင်မြန်စွာတိုးတက်နေတဲ့ခေတ်ကြီးမှာ
မိမိကုန်စည်ရောင်းရဖို့ အဓိကကြံဆောင်နေတဲ့မားကက်တင်းသမား၊သမ တွေကို
ပထမတော့မုဒိတာလေးထားပြီးခွင့်လွှတ်ပါတယ် အော်သူတို့ စီးပွားရေးပဲလို့
ဒါပေမယ့်ဗျာလွန်ချက် က အတော်ဆိုးပါတယ် ကျွန်တော်တို့ဘလော့တွေအတွက်
feed back လို့ဆိုနိုင်တဲ့ comments ထဲအထိကြော်ငြာဝင်တာတော့မကောင်းဘူး
ပေါ့ဗျာ ဒါမှမဟုတ် spam တွေများလား ဒါမှမဟုတ် Hacker များလား အဲလို
အတွေးရောက်သွားပါတယ် ကျွန်တော် လင့်ကိုတောင်တို့မကြည့်ပဲ
ဖျက်ပစ်ခဲ့တဲ့ကွန်မန့် ကအကြောင်းအရာကို အပေါ်ဆုံးမှာ တင်ထားပါတယ်
spam လား virus လား hacker လား ဆိုတာတော့ကိုယ့်ကိုသာချင့်ချိန်ကြပါ
ကျွန်တော့ရဲ့ရင်ခုန်သံဖလှယ်ရာရပ်ဝန်းကို လာပြီးထိပါးတဲ့
သူတွေကိုအရမ်းမုန်းတယ် စီဘောက်တောင်ဖြုတ်ပစ်လိုက်ချင်တယ်ဗျာ စိတ်တွေ
ကုန်လွန်းလို့ ပါသူတို့ရဲ့ အရည်မရအဖတ်မရ ကြော်ငြာတွေ လဲမတင်ချင်ဘူး
ကိုယ့်ဝါသနာနဲ့ကို အေးဆေးကဗျာရေးနေချင်တာကို ဆက်ပြီးသိမ်းကြုံးပြော
ရပါဦးမယ် မားကက်တင်းသမား၊သမ တို့ ခင်ဗျာ ကြော်ငြာတာဈေးကွက်စီးပွား
ရေးခေတ်မှာအလွန်ထိရောက်တဲ့ရောင်းအားမြှင့်တင်ခြင်းပါ သို့ပေမယ့် အလွန်ကျွံ
ကြော်ငြာလို့ ကြော်ငြာဖိုးနဲ့ပြုတ်သွားတဲ့ ကုမ္ပဏီတွေရှိတာကိုခင်ဗျားတို့သိကြပါ
သလား၊ကျွန်တော်အလုပ်အတွက်မဖြစ်မနေကြော်ငြာကိုသုံးရပါတယ် ၊
များသောအားဖြင့် တနင်္ဂနွေအချပ်ပိုရောင်စုံ မှာပဲကြော်ငြာခြင်းဖြစ်ပါတယ် ၊
တစ်ခါကြော်ငြာပြီးယင် အရောင်းအဝယ်ဖုန်းစောင့်ရပါတယ် ။ သို့သော်လည်း
အဲဒီလိုအချိန်မျိုးမှာကြော်ငြာ မားကက်တင်းသမား၊သမ
တို့ရဲ့ဖုန်းမျိုးစုံဝင်လာတဲ့အခါ (တဖက်သူထပ်ကြော်ငြာချင်မှန်း မကြော်ငြာချင်မှန်း
မသိ) အတင်းစွတ်ကြော်ငြာခိုင်းတာမျိုး မလုပ်သင့်ပါဘူး
နောက်တော့ကျွန်တော်လည်း Black List ဆိုတဲ့ဆော့ဝဲသုံးဖြစ်သွားတော့တာပဲ
အခုလည်း စပမ် ကွန်မန့်တွေကိုဘယ်လိုရှင်းလင်းသုတ်သင်ရမလဲဆိုတာ
ကြံစည်လျှက်ရှိပါတယ်။
Sunday, July 8, 2012
ကိုယ္ပိုင္အမွတ္အသားမ်ား
သိချင်ယင် Android phone or I phone က Neo reader ဒါမှမဟုတ် Barcode scanner သုံးပြီးကြည့်ကြနော်

Tuesday, June 26, 2012
အခဈြဦး
တွေ့နေရယုံ
မြင်ရယုံမျှ
နေသာကြည်နူး
နေခဲ့ဖူးသည်.....
မရွယ်စူးပဲ
ဘဝတကွေ့
ပြန်ဆုံတွေ့လျှင်
ရင်ခုန်ကြည်နူး
နေဖူးပြန်သည်.....
ဖေးမပြောကြား
စကားတွေမှာ
နှောင်တွယ်နွယ်ရစ်
အသစ်ဖြစ်တည်
တသရင်မှာ
လှိုက်မောသည်......
ပြောတဲ့စကား
နားမှာသကာဖြစ်
ပျားရည်နှစ်သို့
ချိုမြကြည်အေး
ရင်ကိုနွေးစေ.......
ကြည့်တဲ့မျက်ဝန်း
ရင်ကိုဖောက်ဝင်
စူးစူးနင်နင်
လှုက်ဖိုမောလျ
ချိန်တိုင်းတမ်းတ
လွမ်းပိုသည်......။ ။
Monday, June 4, 2012
တခါကကားထဲမှာ.......
မိုးတွေသည်းသည်း
တမ်းတဆဲမှာ
တခါကဝေဒနာ
ပြန်လည်မြင်ယောင်
အလွမ်းတွေတောင်ဖက်ဆီက
ညို့ညို့လို့လာချေပြီ
မရွာပဲဟန်ပြင်တဲ့သည်မိုး
မညာပဲခင်နှင်တဲ့အချိုးတွေကြောင့်
မောင့်အတွေးနယ်မှာ
လွမ်းလို့ကျန်ဆဲ.......။ ။




.jpg)















